ရုရှားသမ္မတ ဗလာဒီမာ ပူတင်သည် လာမည့်သီတင်းပတ်အတွင်း ရှန်ကျန်းမြို့ ၌ ကျင်းပမည့် APEC ထိပ်သီးအစည်းအဝေး တွင် တရုတ်သမ္မတ ရှီကျင်းပင်၊ အမေရိကန် သမ္မတ ဒေါ်နယ်ထရန့်တို့နှင့် သမိုင်းဝင်တွေ့ ဆုံဆွေးနွေးပွဲသို့ ပါဝင်တက်ရောက်မည်ဖြစ် ကြောင်း ရုရှားနိုင်ငံပိုင် မီဒီယာများက နိုဝင် ဘာ ၁၄ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။
“သမ္မတ ပူတင်၊ သမ္မတ ရှီ နဲ့ သမ္မတ ထရန့်တို့ ကြား နိုဝင်ဘာ ၁၉ ရက်နေ့မှာ သုံးပွင့်ဆိုင် အစည်းအဝေး ကျင်းပဖို့ သဘောတူညီမှု ရရှိ ထားပြီး ဖြစ်ပါတယ်။ ဒီတွေ့ဆုံမှုကို APEC ထိပ်သီးအစည်းအဝေးရဲ့ ဘေးပန်းဆွေးနွေး ပွဲအဖြစ် ရှန်ကျန်းမြို့မှာ ပြုလုပ်သွားမှာပါ”ဟု ကရင်မလင်နန်းတော် ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီ ပက်စ်ကော့ဗ် က TASS သတင်းဌာန သို့ ပြောကြားခဲ့သည်။
အမေရိကန်အစိုးရက ယခင်က ကြေညာထားပြီးဖြစ်သည့် အဆိုပါ ဆွေးနွေးပွဲသည် ထိပ်သီးခေါင်းဆောင် သုံးဦး ကြား ပထမဆုံးအကြိမ် ပြုလုပ်သည့် သုံးပွင့် ဆိုင် တွေ့ဆုံမှု ဖြစ်လာမည် ဖြစ်သည်။
တရုတ် နိုင်ငံဘက်ကမူ အဆိုပါတွေ့ဆုံမှုနှင့် ပတ် သက်၍ အတည်ပြုထုတ်ပြန်ခြင်း မရှိသေး ပေ။
ရှန်ကျန်းတွင် ပြုလုပ်မည့် APEC ထိပ် သီးအစည်းအဝေး၏ ဘေးပန်းဆွေးနွေးပွဲ အဖြစ် ခေါင်းဆောင်သုံးဦး တွေ့ဆုံကြမည်ဖြစ် ကြောင်း အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ အမျိုးသမီးတစ်ဦးက နိုဝင်ဘာ ၁၃ ရက်က တည်းကသတင်းထောက်များအား ပြောကြားခဲ့သည်။
Ref;AFP