NP News

ကမ္ဘာ့အသံအကျယ်ဆုံးအမျိုးသမီးအဖြစ် သတ်မှတ်ခံခဲ့ရသည့် ဗြိတိန်မြို့တွင်း ဆော်ဩသူ

Pika (NP News) - နိုဝင်ဘာ ၁၅

(၁၉၈၇)ခုနှစ်တည်းက မြို့တွင်းဆော်ဩ သူအဖြစ်တာဝန်ထမ်းဆောင်လာခဲ့သည့် ဗြိတိန်အမျိုး သမီးတစ်ဦး သည် (၁၀၅ ဒသမ ၉)ဒက်စီဘယ်အား ရှိသောအော်သံရှိပြီး ကမ္ဘာ့အသံအကျယ်ဆုံးအမျိုးသမီးအဖြစ် သတ်မှတ်ခံခဲ့ရ သည်။ ဘရန်ဒါဝီလီဆန်သည် အိုယက်ဇ်(Oyez)ဆိုသည့်စကားလုံးကို (၁၀၅ ဒသမ ၉)ဒက်စီဘယ်အားဖြင့်အော် ဟစ်ပြခဲ့ပြီးနောက် ကမ္ဘာ့အသံအကျယ်ဆုံးအမျိုးသမီးအဖြစ် သတ်မှတ်ခံခဲ့ရခြင်းဖြစ်သည်။ အဆိုပါလုပ်ဆောင်ချက်နှင့် အတူ ဘရန်ဒါဝီလီဆန်သည် အသံအကျယ်ဆုံးမြို့တွင်း ဆော်ဩသူ(အမျိုးသမီး)နှင့် အော်သံအကျယ်ဆုံး (အမျိုးသမီး) အဖြစ် ဂင်းနစ်စံချိန်နှစ်ခုကို ရရှိခဲ့ ကြောင်းသိရသည်။

မြို့တွင်းဆော်ဩသူများ အများဆုံးအသုံး ပြုလေ့ရှိသည့် အိုယက်ဇ်ဆိုသည့်စကားလုံးမှာ နားထောင်ကြပါ ကုန်ဟုအဓိပ္ပာယ်ရပြီး Anglo-Nor­man သို့မဟုတ် ရှေးဟောင်းပြင်သစ်ဘာသာစကားမှ ဆင်းသက်လာခြင်းဖြစ်သည်။ (၁၉၈၇)ခုနှစ်တွင် Peterborough မြို့၏ မြို့တွင်းဆော်ဩသူအဖြစ် စတင်လုပ်ကိုင်ခဲ့သည့် ဘရန်ဒါဝီလီဆန်က လက်ရှိ တွင် ၎င်း၏စံချိန်တင်အော်သံသည် ၎င်းကိုယ်တိုင် အော်နိုင်သည့် အကျယ်ဆုံးအသံမဟုတ်သေးကြောင်း ပြောကြားခဲ့သည်။

ဘရန်ဒါဝီလီဆန်က ‘ကျွန်မ ပန်းခြံတစ်ခု မှာ အစားအသောက်ဝန်ဆောင်မှုမန်နေဂျာအဖြစ် လုပ်ကိုင်နေတုန်းမှာ သတင်းစာတစ်စောင်မှာ မြို့တွင်းဆော်ဩသူအဖြစ် လုပ်ပေးနိုင်မလားဆိုတဲ့ ကြော်ငြာတစ်ခုကိုတွေ့လိုက်ရပါတယ်။ ပန်းခြံထဲမှာရှိတဲ့ ကော်ဖီဆိုင်နှစ်ခုက တစ်မိုင်ခွဲလောက်ဝေးပါတယ်။ တစ်ခါတလေကျရင် ကော်ဖီဆိုင်တစ်ခုနဲ့တစ် ခုကြားမှာ ဆက်သွယ်ဖို့အတွက် ကျွန်မက အော်ပြီးပြောတာမျိုးတွေလည်းရှိခဲ့ပါတယ်။ အဲဒါနဲ့ပဲ မြို့တွင်း ဆော်ဩသူ အဖြစ်လုပ်ကိုင်ဖို့ ဖြစ်လာခဲ့တာပါ’ဟု ပြောဆိုခဲ့သည်။

ယခုနှစ်အစောပိုင်းတွင်လည်း ဩစတြေး လျနိုင်ငံမှ မြို့တွင်းဆော်ဩသူ ဂျိုးဆက်ဖ်အမ်စီဂ ရေးလ်ဘိတ်အပ် ဆိုသည့်အမျိုးသားသည် ယခု (Now)ဆိုသည့်စကားလုံးကို (၁၂၂ ဒသမ ၄) ဒက်စီ ဘယ်အားဖြင့်အော်ဟစ်ခဲ့ပြီးနောက် တစ်ဦးချင်း‌အော် သံအကျယ်ဆုံး(အမျိုးသား)အဖြစ် စံချိန်သစ်တစ်ခုကို တင်နိုင်ခဲ့ကြောင်းသိရသည်။

zawgyi version

ကမာၻ႔အသံအက်ယ္ဆုံးအမ်ိဳးသမီးအျဖစ္ သတ္မွတ္ခံခဲ့ရသည့္ ၿဗိတိန္ၿမိဳ႕တြင္း ေဆာ္ဩသူ

Pika (NP News) - ႏိုဝင္ဘာ ၁၅
(၁၉၈၇)ခုႏွစ္တည္းက ၿမိဳ႕တြင္းေဆာ္ဩ သူအျဖစ္တာဝန္ထမ္းေဆာင္လာခဲ့သည့္ ၿဗိတိန္အမ်ိဳး သမီးတစ္ဦး သည္ (၁၀၅ ဒသမ ၉)ဒက္စီဘယ္အား ရွိေသာေအာ္သံရွိၿပီး ကမာၻ႔အသံအက်ယ္ဆုံးအမ်ိဳးသမီးအျဖစ္ သတ္မွတ္ခံခဲ့ရ သည္။ ဘရန္ဒါဝီလီဆန္သည္ အိုယက္ဇ္(Oyez)ဆိုသည့္စကားလုံးကို (၁၀၅ ဒသမ ၉)ဒက္စီဘယ္အားျဖင့္ေအာ္ ဟစ္ျပခဲ့ၿပီးေနာက္ ကမာၻ႔အသံအက်ယ္ဆုံးအမ်ိဳးသမီးအျဖစ္ သတ္မွတ္ခံခဲ့ရျခင္းျဖစ္သည္။ အဆိုပါလုပ္ေဆာင္ခ်က္ႏွင့္ အတူ ဘရန္ဒါဝီလီဆန္သည္ အသံအက်ယ္ဆုံးၿမိဳ႕တြင္း ေဆာ္ဩသူ(အမ်ိဳးသမီး)ႏွင့္ ေအာ္သံအက်ယ္ဆုံး (အမ်ိဳးသမီး) အျဖစ္ ဂင္းနစ္စံခ်ိန္ႏွစ္ခုကို ရရွိခဲ့ ေၾကာင္းသိရသည္။
ၿမိဳ႕တြင္းေဆာ္ဩသူမ်ား အမ်ားဆုံးအသုံး ျပဳေလ့ရွိသည့္ အိုယက္ဇ္ဆိုသည့္စကားလုံးမွာ နားေထာင္ၾကပါ ကုန္ဟုအဓိပၸာယ္ရၿပီး Anglo-Nor­man သို႔မဟုတ္ ေရွးေဟာင္းျပင္သစ္ဘာသာစကားမွ ဆင္းသက္လာျခင္းျဖစ္သည္။ (၁၉၈၇)ခုႏွစ္တြင္ Peterborough ၿမိဳ႕၏ ၿမိဳ႕တြင္းေဆာ္ဩသူအျဖစ္ စတင္လုပ္ကိုင္ခဲ့သည့္ ဘရန္ဒါဝီလီဆန္က လက္ရွိ တြင္ ၎၏စံခ်ိန္တင္ေအာ္သံသည္ ၎ကိုယ္တိုင္ ေအာ္ႏိုင္သည့္ အက်ယ္ဆုံးအသံမဟုတ္ေသးေၾကာင္း ေျပာၾကားခဲ့ သည္။
ဘရန္ဒါဝီလီဆန္က ‘ကြၽန္မ ပန္းၿခံတစ္ခု မွာ အစားအေသာက္ဝန္ေဆာင္မႈမန္ေနဂ်ာအျဖစ္ လုပ္ကိုင္ေနတုန္းမွာ သတင္းစာတစ္ေစာင္မွာ ၿမိဳ႕တြင္းေဆာ္ဩသူအျဖစ္ လုပ္ေပးႏိုင္မလားဆိုတဲ့ ေၾကာ္ျငာတစ္ခုကိုေတြ႕လိုက္ရပါတယ္။ ပန္းၿခံထဲမွာရွိတဲ့ ေကာ္ဖီဆိုင္ႏွစ္ခုက တစ္မိုင္ခြဲေလာက္ေဝးပါတယ္။ တစ္ခါတေလက်ရင္ ေကာ္ဖီဆိုင္တစ္ခုနဲ႔တစ္ ခုၾကားမွာ ဆက္သြယ္ဖို႔အတြက္ ကြၽန္မက ေအာ္ၿပီးေျပာတာမ်ိဳးေတြလည္းရွိခဲ့ပါတယ္။ အဲဒါနဲ႔ပဲ ၿမိဳ႕တြင္း ေဆာ္ဩသူ အျဖစ္လုပ္ကိုင္ဖို႔ ျဖစ္လာခဲ့တာပါ’ဟု ေျပာဆိုခဲ့သည္။
ယခုႏွစ္အေစာပိုင္းတြင္လည္း ဩစေၾတး လ်ႏိုင္ငံမွ ၿမိဳ႕တြင္းေဆာ္ဩသူ ဂ်ိဳးဆက္ဖ္အမ္စီဂ ေရးလ္ဘိတ္အပ္ ဆိုသည့္အမ်ိဳးသားသည္ ယခု (Now)ဆိုသည့္စကားလုံးကို (၁၂၂ ဒသမ ၄) ဒက္စီ ဘယ္အားျဖင့္ေအာ္ဟစ္ခဲ့ၿပီးေနာက္ တစ္ဦးခ်င္း‌ေအာ္ သံအက်ယ္ဆုံး(အမ်ိဳးသား)အျဖစ္ စံခ်ိန္သစ္တစ္ခုကို တင္ႏိုင္ခဲ့ေၾကာင္းသိရသည္။

မူရင်းသတင်း — NP News