Xinhua Myanmar

SpaceX က ၁၅ ကြိမ်မြောက် Starship ဒုံးပျံ ပျံသန်းမှု စမ်းသပ်၊ booster မှာ သတ်မှတ်သည့်နေရာသို့ ပြန်လည်ရောက်ရှိလာခြင်း မရှိ

အမေရိကန်နိုင်ငံ၊ တက္ကဆက်ပြည်နယ်ရှိ SpaceX ကုမ္ပဏီ၏ ဒုံးပျံလွှတ်တင်ရေးစခန်း၌ ရှိနေသော Starship ဒုံးပျံကို SpaceX ကုမ္ပဏီက ၂၀၂၃ ခုနှစ်၊ ဧပြီ ၁၁ ရက်က ထုတ်ပြန်လိုက်သော ဓာတ်ပုံ၌ တွေ့မြင်ရစဥ် (ဓာတ်ပုံ-Space X/Handout via Xinhua)

လော့စ်အိန်ဂျလိစ်၊ နိုဝင်ဘာ ၁၄ ရက် (ဆင်ဟွာ)  

SpaceX ကုမ္ပဏီသည် ၎င်းတို့၏ ဧရာမ Starship ဒုံးပျံကို ၁၅ ကြိမ်မြောက်အဖြစ် ပျံသန်းမှု စမ်းသပ်စစ်ဆေးခဲ့သည်။ သို့သော် ကြီးမားသော booster သည် ပစ်လွှတ်သည့်နေရာရှိ စက်မှုလက်တံများဖြင့် ဖမ်းယူထိန်းသိမ်းမည့် အစီအစဉ်အတိုင်း ပြန်လည်ရောက်ရှိလာခြင်း မရှိဘဲ မက္ကဆီကိုပင်လယ်ကွေ့အတွင်းသို့ ကျရောက်သွားခဲ့သည်။

အဆိုပါ ဒုံးပျံသည် အမေရိကန်နိုင်ငံ၊ တက္ကဆက်ပြည်နယ်ရှိ SpaceX ၏ Starbase စခန်းမှ အလယ်ပိုင်းစံတော်ချိန် ညနေ ၄:၄၈ နာရီခန့်တွင် ပျံတက်သွားခဲ့သည်။

ဤမစ်ရှင်သည် ပျံသန်းမှုတစ်ခုတည်းအတွင်း ကြီးမားသော booster နှင့် Starship အာကာသယာဉ် နှစ်ခုစလုံးကို ပစ်လွှတ်သည့်နေရာရှိ စက်ရုပ်လက်တံများဖြင့် ဖမ်းယူရန် ကုမ္ပဏီက စီစဉ်ထားသည့် ပထမဆုံးအကြိမ် ကြိုးပမ်းမှု ဖြစ်သည်။  

ဒုံးပျံအဆင့်များ ခွဲထွက်ပြီးနောက် booster သည် ပစ်လွှတ်သည့်နေရာသို့ ပြန်လာရန်  စီစဉ်ထားသည့် လမ်းကြောင်းမှ လွဲချော်သွားခဲ့ပြီး မက္ကဆီကိုပင်လယ်ကွေ့အတွင်း ပင်လယ်ရေပြင်ပေါ်သို့ ကျရောက်သွားခဲ့သည်။

Starship အာကာသယာဉ်သည် ပတ်လမ်းကြောင်းအတွင်း ဝင်ရောက်နိုင်ရန်အတွက် အင်ဂျင်များကို မီးညှိမောင်းနှင်ခဲ့ပြီး ကမ္ဘာပတ်လမ်းကြောင်းထဲသို့ ရောက်ရှိသွားခဲ့သည်။ ထို့နောက် ၎င်းသည် Starlink V3 ဂြိုဟ်တု ၂၆ လုံးကို ပတ်လမ်းကြောင်းအတွင်းသို့ လွှတ်တင်ပေးခဲ့သည်။

မစ်ရှင်အဖွဲ့က ပြောကြားရာတွင် အာကာသယာဉ်သည် ပတ်လမ်းကြောင်းအတွင်း၌ အင်ဂျင်မောင်းနှင်ခြင်းမရှိဘဲ အရှိန်ဖြင့် ဆက်လက်ရွေ့လျားသွားသည့် အဆင့် (long coast phase) သို့ ရောက်ရှိနေပြီဖြစ်ကြောင်း သိရသည်။ ပျံသန်းမှု ကျန်ရှိနေသေးသည့် အချိန်များအတွင်း အဖွဲ့များသည် Starship ၏ စနစ်များကို ဆက်လက် စောင့်ကြည့်သွားမည် ဖြစ်သည်။

"မိမိတို့အနေဖြင့် လိုအပ်ပါက အစောပိုင်းတွင် ရွေးစရာများ ရှိနိုင်သော်လည်း စနစ်အားလုံးက အခုအချိန်မှာ ကောင်းမွန်နေပါတယ်" ဟု မစ်ရှင်အဖွဲ့က ပြောကြားခဲ့သည်။  

Starship သည် အမြင့် ၂၇၅ ကီလိုမီတာခန့်တွင် ကမ္ဘာကို လှည့်ပတ်နိုင်ရန် ဒီဇိုင်းထုတ်ထားပြီး ၂၂ နာရီကျော်ကြာ ပျံသန်းမှုအတွင်း ပတ်လမ်းကြောင်း ၁၄ ပတ်ခန့်ကို အပြီးသတ်ရန် ဒီဇိုင်းထုတ်ထားခြင်း ဖြစ်သည်။ (Xinhua)

………………

(English version)

SpaceX launches 15th Starship flight test, booster fails to return to launch site

LOS ANGELES, Nov. 13 (Xinhua) -- SpaceX launched its giant Starship rocket on its 15th flight test on Friday, but the Super Heavy booster failed to return to the launch site for a planned catch by the launch tower's mechanical arms and instead splashed down in the Gulf of Mexico.

The rocket lifted off from SpaceX's Starbase facility in the U.S. state of Texas at about 4:48 p.m. Central Time (2248 GMT).

The mission marked the company's first planned attempt to catch both the Super Heavy booster and the Starship spacecraft using the launch tower's mechanical arms during a single flight.

After stage separation, the booster was diverted from its planned return to the launch site and made an offshore splashdown in the Gulf of Mexico.

The Starship spacecraft performed its orbital insertion burn and entered Earth's orbit. It later deployed 26 Starlink V3 satellites.

The mission team said the spacecraft had entered a long coast phase in orbit. Teams would monitor Starship's systems during the remaining hours of the flight.

"We do have a few early deorbit options available should we need them, but all systems are looking good right now," the team said.

The mission was designed for Starship to orbit Earth at an altitude of about 275 km and complete approximately 14 orbits during a flight lasting more than 22 hours.

Photo caption: Photo released on April 11, 2023 by SpaceX shows the Starship rocket at the company's launch facility in Texas, the United States. (Space X/Handout via Xinhua)

မူရင်းသတင်း — Xinhua Myanmar