
ပေကျင်း၊ နိုဝင်ဘာ ၁၄ ရက် (ဆင်ဟွာ)
အမေရိကန် မိုက်ခရိုဆော့ဖ် (Microsoft) ကုမ္ပဏီအောက်ရှိ မိုက်ခရိုဆော့ဖ် ၃၆၅ (Microsoft 365) ဝန်ဆောင်မှု အများအပြားတွင် နိုဝင်ဘာ ၁၂ ရက်က ကျယ်ကျယ်ပြန့်ပြန့် ချို့ယွင်းမှု ဖြစ်ပွားခဲ့ပြီး အီးမေးလ် ဝန်ဆောင်မှု Outlook၊ AI လက်ထောက် “Copilot” စသည်တို့ ပါဝင်ကာ နိုင်ငံအများအပြား၏ အစိုးရအဖွဲ့အစည်းများ၊ ကုမ္ပဏီလုပ်ငန်းများနှင့် တစ်ဦးချင်း အသုံးပြုသူများအပေါ် သက်ရောက်မှု ဖြစ်ပေါ်စေခဲ့ကြောင်း နိုင်ငံခြား မီဒီယာများ၏ ထိုနေ့ သတင်းဖော်ပြချက်အရ သိရသည်။ ယခုအချိန်အထိ ဤချို့ယွင်းမှုကို ဖြစ်ပေါ်စေသော မည်သည့် ရန်လိုသော လုပ်ဆောင်မှုကိုမျှ မတွေ့ရှိရသေးကြောင်းနှင့် ကုမ္ပဏီအနေဖြင့် ချို့ယွင်းမှုကို ပြုပြင်ရန် ဆောင်ရွက်လျက်ရှိကြောင်း မိုက်ခရိုဆော့ဖ်က ပြောကြားခဲ့သည်။
ဤသည်မှာ မိုက်ခရိုဆော့ဖ် ၃၆၅ ဝန်ဆောင်မှု ယခုနှစ်အတွင်း ဒုတိယအကြိမ် ရပ်တန့်ခြင်း ဖြစ်ပြီး ပြင်ပလောကမှ မိုက်ခရိုဆော့ဖ်၏ ဝန်ဆောင်မှုများအပေါ် ယုံကြည်စိတ်ချရမှုနှင့် ပတ်သက်၍ စိုးရိမ်ပူပန်မှုများကို ဖြစ်ပေါ်စေခဲ့ကြောင်း၊ ဤချို့ယွင်းမှုသည် ဩစတြေးလျ၊ ဂျပန်နှင့် အမေရိကန်တို့ရှိ အစိုးရအဖွဲ့အစည်းများအထိ သက်ရောက်ခဲ့ပြီး ကမ္ဘာတစ်ဝန်းက ကုမ္ပဏီလုပ်ငန်းများစွာ၏ လုပ်ငန်းများကိုလည်း အနှောင့်အယှက် ဖြစ်စေခဲ့ကြောင်း၊ လေကြောင်းလိုင်းအချို့သည် ခရီးသည်များထံ ကြန့်ကြာနိုင်ခြေရှိကြောင်း သတိပေးချက်များ ထုတ်ပြန်ခဲ့ကြောင်း ရိုက်တာသတင်းဌာန၏ သတင်းဖော်ပြချက်အရ သိရသည်။ ဤချို့ယွင်းမှုသည် ဉာဏ်ရည်တုဆိုင်ရာ ကုမ္ပဏီလုပ်ငန်းများ၏ ဝန်ဆောင်မှုများအပေါ်လည်း သက်ရောက်ခဲ့ပြီး အမေရိကန် OpenAI သုတေသနစင်တာနှင့် Anthropic ကုမ္ပဏီတို့က ၎င်းတို့၏ မော်ဒယ်များ အသုံးပြုသော မိုက်ခရိုဆော့ဖ် ချိတ်ဆက်ကိရိယာများတွင် ချို့ယွင်းမှု ကြုံတွေ့ခဲ့ရသည်ဟု ပြောကြားခဲ့သည်။
ချို့ယွင်းမှုသည် အမေရိကန် အရှေ့ပိုင်းစံတော်ချိန် နိုဝင်ဘာ ၁၂ ရက် မွန်းတည့်အချိန်ခန့်မှ စတင် ဖြစ်ပေါ်ခဲ့ခြင်းဖြစ်ကြောင်း အမေရိကန် အေပီသတင်းဌာန (AP) ၏ သတင်းဖော်ပြချက်အရ သိရသည်။ အမေရိကန် Downdetector ဝက်ဘ်ဆိုက်၏ စာရင်းအင်းအရ အသုံးပြုသူ ၁၃၀,၀၀၀ ခန့် သည် Outlook အီးမေးလ်ဝန်ဆောင်မှု ကို ဝင်ရောက်အသုံးပြု၍ မရကြောင်း အမေရိကန် အရှေ့ပိုင်းစံတော်ချိန် နိုဝင်ဘာ ၁၂ ရက် ၁၃ နာရီ (ပေကျင်းစံတော်ချိန် ၁၃ ရက် ၂ နာရီ) ကျော်ချိန်တွင် အစီရင်ခံခဲ့ကြပြီး ဖြစ်သည်။ ထို့နောက် အစီရင်ခံမှု အသစ်များ အနည်းငယ် ကျဆင်းသွားခဲ့သော်လည်း အီးမေးလ် ပေးပို့ခြင်းနှင့် လက်ခံခြင်း မပြုနိုင်ခြင်း၊ သို့မဟုတ် ဝင်စာကို ဖွင့်၍မရခြင်းတို့ ကြုံတွေ့နေရကြောင်း ပြောဆိုသူ အများအပြား ရှိနေဆဲဖြစ်သည်။
စာရင်းအင်းအရ ထောင်နှင့်ချီသော အသုံးပြုသူများသည် ရုံးသုံး ဆက်သွယ်ရေးအက်ပ် Teams၊ AI လက်ထောက် “Copilot” နှင့် အခြား မိုက်ခရိုဆော့ဖ် ၃၆၅ ဝန်ဆောင်မှုများတွင် ချို့ယွင်းမှု ဖြစ်ပေါ်ကြောင်း အစီရင်ခံခဲ့ကြသည်ဟုလည်း ဖော်ပြထားသည်။
မိုက်ခရိုဆော့ဖ်ကုမ္ပဏီ၏ အခြေခံအဆောက်အအုံ အချို့တွင် “ဝန်ပိမှု မြင့်တက်” နေပြီး ယင်းမှာ “ချိတ်ဆက်မှုဆိုင်ရာ အမှားအယွင်းများ ဖြစ်ပေါ်ရသည့် အကြောင်းရင်း ဖြစ်ဖွယ်ရှိသည်” ဟု အဆိုပါကုမ္ပဏီက ပလက်ဖောင်း X တွင် ပို့စ်တင် ပြောကြားခဲ့သည်။
မိုက်ခရိုဆော့ဖ်က ဆာဗာ တည်ငြိမ်မှုကို မြှင့်တင်ရန်နှင့် ဒေတာစီးဆင်းမှု ပို့ဆောင်မှုကို ပိုမိုကောင်းမွန်စေရန် ဆက်လက် ကြိုးပမ်းလျက်ရှိကြောင်း၊ တိကျသော အစီအမံများတွင် ဒေတာစီးဆင်းမှု ပရိုတိုကောများကို ချိန်ညှိခြင်း၊ ဒေတာစီးဆင်းမှုကို ပြန်လည်ခွဲဝေစီစဉ်ခြင်းနှင့် မဟာဗျူဟာမြောက် ဒေတာစီးဆင်းမှု ဖြတ်တောက်ခြင်းတို့ ပါဝင်ကြောင်း၊ ဤချိန်ညှိမှုများကို အကောင်အထည်ဖော်ပြီးသော ဒေသများတွင် အတိုင်းအတာတစ်ခုအထိ ပြန်လည်ကောင်းမွန်လာသည်ကို တွေ့ရှိရပြီး ကုမ္ပဏီအနေဖြင့် အလုံးစုံ အခြေခံအဆောက်အအုံ တည်ငြိမ်မှုကို မြှင့်တင်ရန် အခြား မည်သည့် ထပ်ဆောင်း အစီအမံများကို ဆောင်ရွက်နိုင်မည်ကို လေ့လာဆန်းစစ်လျက်ရှိကြောင်း ပြောကြားခဲ့သည်။ (Xinhua)
………………………….
(Chinese Version)
美国微软公司多款应用出现大范围故障
新华社北京11月13日电 据外媒12日报道,美国微软公司旗下微软365多项服务当日发生大范围故障,涉及电子邮件服务Outlook、人工智能助手“智能副驾驶”等,对多国政府机构、企业和个人用户造成影响。微软称目前未发现任何导致此次故障的恶意活动,公司正设法修复故障。
路透社报道说,这是微软365服务今年第二次中断,引发外界对微软服务可靠性的担忧。此次故障已波及澳大利亚、日本和美国的政府机构,还导致全球许多公司业务受阻,一些航空公司向旅客发出延误警告。此次故障还波及面向人工智能企业的服务,美国开放人工智能研究中心和Anthropic公司表示,旗下模型使用的微软连接器遭遇故障。
美联社报道说,故障从美国东部时间12日中午前后开始出现。美国“网络探测器”网站数据显示,在美国东部时间12日13时(北京时间13日2时)刚过时,已有近13万名用户报告无法访问电子邮件服务Outlook。此后新增报告数量有所下降,但仍有许多人表示无法发送和接收邮件,或无法加载收件箱。
数据还显示,有数以千计的用户报告办公通讯应用Teams、人工智能助手“智能副驾驶”以及其他微软365服务出现故障。
微软在社交媒体平台X上发文说,该公司部分基础设施“负载升高”,这“很可能是导致连接错误的原因”。
微软表示,正持续努力提升服务器稳定性,以改善流量传输。具体措施包括调整流量协议、重新分配流量,以及实施策略性流量阻断。在已实施这些调整的地区观察到部分恢复,该公司正在研究还能采取哪些额外措施,以提升整体基础设施的稳定性。(完)
图说:这是2021年11月13日在英国伦敦拍摄的微软品牌标识。新华社发(蒂姆·爱尔兰摄)