Xinhua Myanmar

တရုတ်နိုင်ငံအနေဖြင့် တံခါးဖွင့်လှစ်မှုကို ကဏ္ဍသစ်ဆီသို့ တွန်းအားပေးလုပ်ဆောင်နေချိန် APEC အစည်းအဝေးအား တတိယအကြိမ် အိမ်ရှင်အဖြစ် လက်ခံကျင်းပခြင်းဖြစ်ဟု APEC အထွေထွေအတွင်းရေးမှူးချုပ်ရုံး အကြီးအကဲ ပြောကြား

တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်တုန်းပြည်နယ် ဆန်းကျန့်မြို့၌ ၂၀၂၆ ခုနှစ် APEC စီးပွားရေးခေါင်းဆောင်များ သီတင်းပတ်ဆိုင်ရာ မီဒီယာစင်တာ၏ အပြင်ဘက်မြင်ကွင်းကို ၂၀၂၆ ခုနှစ် နိုဝင်ဘာ ၁၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

စင်ကာပူ၊ နိုဝင်ဘာ ၁၅ ရက် (ဆင်ဟွာ)

ဒစ်ဂျစ်တယ်စီးပွားရေးနှင့် ဉာဏ်ရည်တု (AI) နည်းပညာကဲ့သို့သော နယ်ပယ်များအပါအဝင် တရုတ်နိုင်ငံ၏ ပိုမိုကျယ်ကျယ်ပြန့်ပြန့် တံခါးဖွင့်လှစ်မှုက အာရှ-ပစိဖိတ်ဒေသတစ်ဝန်း ပိုမိုနက်ရှိုင်းသော ပူးပေါင်းဆောင်ရွက်မှုများနှင့် နည်းပညာဆိုင်ရာ အပြောင်းအလဲများကို အတူတကွ ရင်ဆိုင်ဖြေရှင်းရေး ကြိုးပမ်းမှုများအတွက် အခွင့်အလမ်းသစ်များ ဖန်တီးပေးမည်ဖြစ်ကြောင်း အာရှ-ပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (APEC) အထွေထွေအတွင်းရေးမှူးချုပ်ရုံး အမှုဆောင်ဒါရိုက်တာ အက်ဒွါဒို ပက်ဒရိုဆာက ပြောကြားခဲ့သည်။

နိုဝင်ဘာ ၁၈ ရက်မှ ၁၉ ရက်အထိ ဆန်းကျန့်မြို့တွင် ကျင်းပမည့် ၃၃ ကြိမ်မြောက် APEC စီးပွားရေးခေါင်းဆောင်များ အစည်းအဝေးမတိုင်မီ ဆင်ဟွာသတင်းဌာနနှင့် တွေ့ဆုံမေးမြန်းခန်းတစ်ခု၌ ပက်ဒရိုဆာက “တရုတ်နိုင်ငံဟာ အဲဒီတံခါးဖွင့်လှစ်မှု လုပ်ငန်းစဉ်မှာ အလွန်အရေးပါတဲ့ ဦးဆောင်ဦးရွက်ပြုသူတစ်ဦးပါပဲ” ဟု ထည့်သွင်းပြောကြားခဲ့သည်။

တရုတ်နိုင်ငံသည် ပြုပြင်ပြောင်းလဲရေးနှင့် တံခါးဖွင့်လှစ်ရေး ကြိုးပမ်းမှုများ အရှိန်အဟုန်အားကောင်းနေချိန် ၁၉၉၁ ခုနှစ်တွင် APEC အဖွဲ့သို့ စတင်ဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ပြန်ပြောင်းပြောဆိုခဲ့သည်။ ထို့နောက် ၂၀၀၁ ခုနှစ်တွင် APEC အစည်းအဝေးကို ပထမဆုံးအကြိမ် အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့ပြီး အပြန်အလှန် ချိတ်ဆက်ဆောင်ရွက်ရေးကို အဓိကဦးစားပေးလုပ်ငန်းစဉ်တစ်ရပ်အဖြစ် သတ်မှတ်ခဲ့သည့် ၂၀၁၄ ခုနှစ် အစည်းအဝေးကိုလည်း အိမ်ရှင်အဖြစ် ထပ်မံလက်ခံကျင်းပခဲ့ကြောင်း ၎င်းက ဆိုသည်။ (Xinhua)

သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်မှတစ်ဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

https://english.news.cn/20261113/70d9b068f5b04632a4aa57320141070a/c.html

တရုတ်နိုင်ငံ တောင်ပိုင်း ဟိုင်နန်ပြည်နယ် ဘိုးအောက်မြို့တွင် ကျင်းပသည့် ၂၀၂၆ ခုနှစ် အာရှဒေသဆိုင်ရာ ဘိုးအောက်ဖိုရမ် (BFA) နှစ်ပတ်လည်အစည်းအဝေးအတွင်း "APEC ကို ပြန်လည်အားသစ်လောင်းခြင်း၊ အာရှ-ပစိဖိတ် အသိုက်အဝန်း မျှော်မှန်းချက်ဆီသို့" ဟူသော ခေါင်းစဉ်ဖြင့် အဖွဲ့လိုက်စကားဝိုင်းဆွေးနွေးပွဲ၌ APEC အထွေထွေအတွင်းရေးမှူးချုပ်ရုံး အမှုဆောင်ဒါရိုက်တာ အက်ဒွါဒို ပက်ဒရိုဆာ ပါဝင်ဆွေးနွေးနေပုံကို ၂၀၂၆ ခုနှစ် မတ် ၂၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

..................................

(English Version)

Interview: China's 3rd APEC hosting comes amid push for opening-up's next frontier, says APEC secretariat chief

SINGAPORE, Nov. 13 (Xinhua) -- Eduardo Pedrosa, executive director of the Asia-Pacific Economic Cooperation (APEC) Secretariat, said China's further opening-up, including in areas such as the digital economy and artificial intelligence (AI), would create new opportunities for deeper cooperation across the Asia-Pacific and joint efforts to address technological change.

"China has been a great leader in this opening-up process," Pedrosa told Xinhua ahead of the 33rd APEC Economic Leaders' Meeting to be held in Shenzhen from Nov. 18 to 19.

He recalled that China joined APEC in 1991, as its reform and opening-up drive was gaining momentum. It hosted APEC for the first time in 2001, and again in 2014, when connectivity was one of the key priorities.

https://english.news.cn/20261113/70d9b068f5b04632a4aa57320141070a/c.html

Photo caption 1: This photo taken on Nov. 11, 2026 shows an exterior view of the media center for the 2026 APEC Economic Leaders' Week in Shenzhen, south China's Guangdong Province. (Xinhua/Mao Siqian)

Photo caption 2:  Eduardo Pedrosa, executive director of the APEC Secretariat, speaks at a panel discussion themed on "Revitalizing APEC: towards the Vision of an Asia-Pacific Community" during the Boao Forum for Asia (BFA) Annual Conference 2026 in Boao, south China's Hainan Province, March 25, 2026. (Xinhua/Wang Yiliang)

မူရင်းသတင်း — Xinhua Myanmar