
Htay Oung (NP News) - နိုဝင်ဘာ ၁၅
မြန်မာနိုင်ငံအခြေစိုက် ကျားဖျန့် (ခေါ်) အွန်လိုင်းငွေလိမ်စင်တာများမှာ လူ (၁,၅ဝဝ) ခန့်အထိ ရှိနိုင်တဲ့ ဖိလစ် ပိုင နိုင်ငံသားတွေဟာ မတရားပိတ်လှောင်ခံထားရတယ်လို့ ပြောဆိုနေကြကြောင်း၊ ရှာဖွေကယ်ဆယ်ရန်အတွက် နိုင်ငံရပ်ခြားဥပဒေစိုးမိုးရေးအေဂျင်စီများနဲ့ နယ်စပ်ဖြတ်ကျော်ပူးပေါင်းဆောင်ရွက်မှုကို အရှိန်မြှင့်လုပ်ဆောင် နေကြောင်း ဖိလစ်ပိုင်အမျိုးသားရဲတပ်ဖွဲ့အကြီးအကဲက ပြောဆိုတယ်လို့ အင်ကာရာသတင်းဝဘ်ဆိုက်က နိုဝင်ဘာလ(၁၃)ရက်မှာ ရေးသားခဲ့ပါတယ်။
ဖိလစ်ပိုင်လုပ်သား (၉၀၀) မှ (၁,၅၀၀) ခန့်တို့ဟာ မြန်မာနိုင်ငံရှိ ငွေလိမ်စင်တာများမှာ အတင်းအကြပ် အလုပ်ခိုင်းစေခံနေရတယ်လို့ ယခုတိုင် ယုံကြည်နေရဆဲဖြစ်ကြောင်း သမ္မတရုံးက ဖွဲ့စည်းထားတဲ့ရာဇဝတ်မှုတိုက်ဖျက်ရေးကော်မရှင် (PAOCC) အရာရှိဟောင်းတစ်ဦးက လူမှုကွန်ရက်မှာ ရေးသားလွှင့်တင်ပြီးနောက် ဖိလစ်ပိုင်ရဲတပ်ဖွဲ့အကြီးအကဲက ခုလိုပြောဆိုခြင်းဖြစ်တယ်။
မြန်မာနိုင်ငံရှိ ကျားဖျန့်စင်တာများမှာ ရာဇဝတ်မှုကျူးလွန်ရန် အတင်းအကြပ် ဖမ်းဆီးခံထားရတဲ့ မြန်မာနဲ့ ထိုင်း နိုင်ငံရှိ အရပ်ဘက်အဖွဲ့အစည်းများမှ မိတ်ဆွေများက အကူအညီတောင်းခံကြောင်း၊ တိုက်ရိုက်အကူအညီ တောင်းခံသူ ဖိလစ်ပိုင်နိုင်ငံသား (၁၁)ဦး ရှိပြီး မြန်မာအစိုးရကို ဆန့်ကျင်တိုက်ခိုက်နေတဲ့လက်နက်ကိုင်များ စောင့်ကြပ်ထားရာမှ လွတ်မြောက်နိုင်ခြင်း မရှိသေးကြောင်း အရာရှိဟောင်း ဝင်စတန်ကာစီယိုက တနင်္ဂနွေနေ့ လူမှုကွန်ရက်မှာ ရေးသားခဲ့တယ်။
ထွက်ပြေးရန် ကြိုးစားတဲ့ ဖိလစ်ပိုင်နိုင်ငံသား (၇)ဦးဟာ သေလုမျောပါးရိုက်နှက်ခံခဲ့ရကြောင်းနဲ့ ၎င်းတို့ကို ပြန် ပေးဆွဲထားပြီး ဒေါ်လာ (၁၀,၀၀၀) တောင်းခံနေတယ်လို့ပြောပြကြောင်း ကာစီယိုရဲ့ပို့စ်မှာ ဖော်ပြထားတယ်။
ဒီကိစ္စကို လာမယ့် အာဆီယံထိပ်သီးအစည်းအဝေးမှာ ဖိလစ်ပိုင်အစိုးရက ထည့်သွင်းတင်ပြရန် တိုက်တွန်း လိုက်ပြီး အခြေအနေကို ကိုင်တွယ်ဖြေရှင်းရေး သမ္မတ မားကို့စ်က အထူးလုပ်ငန်းအဖွဲ့တစ်ခု ဖွဲ့စည်းပေးရန် လည်းတောင်းဆိုတယ်။ ဖိလစ်ပိုင်နိုင်ငံသားများအနေနဲ့ ထိုင်း၊ ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာနဲ့ မလေးရှားနိုင်ငံတို့မှ အလုပ်ကမ်းလှမ်းမှုတွေဟာ ငွေလိမ်လုပ်ငန်းများအတွက်ဖြစ်နိုင်တဲ့အတွက် အထူးသတိ ထားပြီး စစ်ဆေးလက်ခံကြရန် ကာစီယိုက သတိပေးတယ်။
မြန်မာနိုင်ငံ မြဝတီအနီး ရွှေကုက္ကို၊ ကေကေ ပတ်ခ်နဲ့ (ယူလောင်း) ဒရာဂွန်ဘေး ပတ်ခ်တို့မှာ ဖိလစ် ပိုင်နိုင်ငံသားအများအပြားကို လူကုန်ကူး ခေါ်သွင်းပြီး အွန်လိုင်းငွေလိမ်လုပ်ငန်းများမှာ အတင်းအဓမ္မ အလုပ်လုပ်စေနေတယ်လို့ အင်ကာရာရဲ့ အောက်တိုဘာ-၂၁၊ ၂၀၂၆ သတင်းမှာ ဖော်ပြတယ်။
တယ်လီဂရမ်ကြော်ငြာအရ မလေးရှားမှ မြန်မာနိုင်ငံသို့ သွားရောက်ခဲ့တဲ့ အလုပ်အကိုင်ရှာရန်ဖွေသူ အမျိုးသမီးတစ်ဦးဟာ မြဝတီရှိ ကျားဖျန့်စင်တာမှာ ပိတ်လှောင်ခံလိုက်ရကြောင်း၊ နေ့စဉ် ၁၂ နာရီ အ လုပ်လုပ်ရပြီး နိုင်ငံခြားသားများကို ဖုန်းဆက် လိမ်လည်ပေးရကြောင်း၊ လုပ်ငန်းကို လိုင်း ၃-လိုင်းအြ ဖစ်ခွဲထားပြီး လိုင်း ၁ မှာ ဖိလစ်ပိုင်နိုင်ငံသား ၂၀၀ ခန့်၊ လိုင်း ၂ မှာ ၁၀၀ ကျော်၊ လိုင်း ၃ မှာ ၁၀၀ ခန့် အလုပ်လုပ်နေကြကြောင်း သိရှိရတယ်။
၂၀၂၅ ဇန်နဝါရီမှ ၂၀၂၆ ဇူလိုင်အတွင်း အမေရိကန်အစိုးရနဲ့ တရားစွဲအရာရှိများအဖြစ် ဟန်ဆောင်လိမ်လည်မှု တိုင်ကြားချက်ပေါင်း ၆၁,၀၀၀ နီးပါးရှိပြီး ဆုံးရှုံးမှု ဒေါ်လာ ၁.၆ ဘီလျံကျော်ကြောင်း၊ FTC ခေါ် ဖက်ဒရယ်ကုန် ကွယ်ရေးဌာနအရာရှိအဖြစ် လိမ်လည်မှုကြောင့် ၂၀၂၅ ခုနှစ်မှာဆုံးရှုံးမှု ဒေါ် လာ ၃.၅ ဘီလျံ ရှိခဲ့ကြောင်း အမေ ရိကန် FBI က ပြောတယ်။
လက်ရှိ ကျားဖျန့်စင်တာတွေဟာ လျှပ် စစ်သုံးစွဲမှုလျှော့ချရန် iPhone များသုံးပြီး လျှို့ဝှက်စွာ ဆက်လက်လည်ပတ်နေကြတယ်။ လူကုန်ကူးသမားတွေ က ထိုင်းနိုင်ငံမှာ ဆက်သွယ်ရေးနဲ့ IT အလုပ် အလိုရှိကြောင်း လှည့်ဖျားခေါ်ယူပြီး ဖမ်းဆီးကြခြင်းဖြစ်ကြောင်း၊ ဖိလစ်ပိုင် NAIA လေဆိပ် ဝန်ထမ်းတစ်ဦးဟာ လူကုန်ကူးခံရသူများကို စစ်ဆေးခြင်း မရှိပဲ ပြည်ပထွက်ခွင့်ပေး ရန် ကူညီခဲ့တယ်လို့သားကောင်ဖြစ်ရသူများက စွပ်စွဲ တယ်။
ကယ်တင်ပြီးနောက် သားကောင်များကို ကာကွယ်ရန်၊ လူကုန်ကူးမှုကို တားဆီးရန်၊ ပြစ်ဒဏ်ချမှတ်ရန်နဲ့ နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်း။ ဒါ့အပြင် ဖိလစ်ပိုင်မှာ အလုပ်အကိုင်နဲ့ လစာများ ဖန်တီးပေးခြင်း၊ လေဆိပ်များမှာ သတိပေးဗီဒီယိုများ ပြသခြင်းနဲ့ အာဆီယံနိုင်ငံများအချင်းချင်း ပူးပေါင်းဆောင်ရွက်ကြရန်လည်း အင်ကာရာက အကြံပြုရေးသားတယ်။
#HtayOung #OungMarine

Zawgyi version:
ျမန္မာျပည္တြင္း က်ားဖ်န႔္စင္တာမ်ားမွ ဖိလစ္ပိုင္ႏိုင္ငံသားမ်ားကို ကယ္ထုတ္ရန္ စီစဥ္ေန၊ ျမန္မာေတာ္လွန္ေရးလက္နက္ကိုင္မ်ားအကူအညီျဖင့္ ေငြလိမ္ဂိုဏ္းတို႔သက္ဆိုးရွည္ေန
Htay Oung (NP News) - ႏိုဝင္ဘာ ၁၅
ျမန္မာႏိုင္ငံအေျခစိုက္ က်ားဖ်န႔္ (ေခၚ) အြန္လိုင္းေငြလိမ္စင္တာမ်ားမွာ လူ (၁,၅ဝဝ) ခန႔္အထိ ရွိႏိုင္တဲ့ ဖိလစ္ ပိုင ႏိုင္ငံသားေတြဟာ မတရားပိတ္ေလွာင္ခံထားရတယ္လို႔ ေျပာဆိုေနၾကေၾကာင္း၊ ရွာေဖြကယ္ဆယ္ရန္အတြက္ ႏိုင္ငံရပ္ျခားဥပေဒစိုးမိုးေရးေအဂ်င္စီမ်ားနဲ႔ နယ္စပ္ျဖတ္ေက်ာ္ပူးေပါင္းေဆာင္႐ြက္မႈကို အရွိန္ျမႇင့္လုပ္ေဆာင္ ေနေၾကာင္း ဖိလစ္ပိုင္အမ်ိဳးသားရဲတပ္ဖြဲ႕အႀကီးအကဲက ေျပာဆိုတယ္လို႔ အင္ကာရာသတင္းဝဘ္ဆိုက္က ႏိုဝင္ဘာလ(၁၃)ရက္မွာ ေရးသားခဲ့ပါတယ္။
ဖိလစ္ပိုင္လုပ္သား (၉၀၀) မွ (၁,၅၀၀) ခန႔္တို႔ဟာ ျမန္မာႏိုင္ငံရွိ ေငြလိမ္စင္တာမ်ားမွာ အတင္းအၾကပ္ အလုပ္ခိုင္းေစခံေနရတယ္လို႔ ယခုတိုင္ ယုံၾကည္ေနရဆဲျဖစ္ေၾကာင္း သမၼတ႐ုံးက ဖြဲ႕စည္းထားတဲ့ရာဇဝတ္မႈတိုက္ဖ်က္ေရးေကာ္မရွင္ (PAOCC) အရာရွိေဟာင္းတစ္ဦးက လူမႈကြန္ရက္မွာ ေရးသားလႊင့္တင္ၿပီးေနာက္ ဖိလစ္ပိုင္ရဲတပ္ဖြဲ႕အႀကီးအကဲက ခုလိုေျပာဆိုျခင္းျဖစ္တယ္။
ျမန္မာႏိုင္ငံရွိ က်ားဖ်န႔္စင္တာမ်ားမွာ ရာဇဝတ္မႈက်ဴးလြန္ရန္ အတင္းအၾကပ္ ဖမ္းဆီးခံထားရတဲ့ ျမန္မာနဲ႔ ထိုင္း ႏိုင္ငံရွိ အရပ္ဘက္အဖြဲ႕အစည္းမ်ားမွ မိတ္ေဆြမ်ားက အကူအညီေတာင္းခံေၾကာင္း၊ တိုက္႐ိုက္အကူအညီ ေတာင္းခံသူ ဖိလစ္ပိုင္ႏိုင္ငံသား (၁၁)ဦး ရွိၿပီး ျမန္မာအစိုးရကို ဆန႔္က်င္တိုက္ခိုက္ေနတဲ့လက္နက္ကိုင္မ်ား ေစာင့္ၾကပ္ထားရာမွ လြတ္ေျမာက္ႏိုင္ျခင္း မရွိေသးေၾကာင္း အရာရွိေဟာင္း ဝင္စတန္ကာစီယိုက တနဂၤေႏြေန႔ လူမႈကြန္ရက္မွာ ေရးသားခဲ့တယ္။
ထြက္ေျပးရန္ ႀကိဳးစားတဲ့ ဖိလစ္ပိုင္ႏိုင္ငံသား (၇)ဦးဟာ ေသလုေမ်ာပါး႐ိုက္ႏွက္ခံခဲ့ရေၾကာင္းနဲ႔ ၎တို႔ကို ျပန္ ေပးဆြဲထားၿပီး ေဒၚလာ (၁၀,၀၀၀) ေတာင္းခံေနတယ္လို႔ေျပာျပေၾကာင္း ကာစီယိုရဲ႕ပို႔စ္မွာ ေဖာ္ျပထားတယ္။
ဒီကိစၥကို လာမယ့္ အာဆီယံထိပ္သီးအစည္းအေဝးမွာ ဖိလစ္ပိုင္အစိုးရက ထည့္သြင္းတင္ျပရန္ တိုက္တြန္း လိုက္ၿပီး အေျခအေနကို ကိုင္တြယ္ေျဖရွင္းေရး သမၼတ မားကို႔စ္က အထူးလုပ္ငန္းအဖြဲ႕တစ္ခု ဖြဲ႕စည္းေပးရန္ လည္းေတာင္းဆိုတယ္။ ဖိလစ္ပိုင္ႏိုင္ငံသားမ်ားအေနနဲ႔ ထိုင္း၊ ဗီယက္နမ္၊ ကေမာၻဒီးယား၊ လာအို၊ ျမန္မာနဲ႔ မေလးရွားႏိုင္ငံတို႔မွ အလုပ္ကမ္းလွမ္းမႈေတြဟာ ေငြလိမ္လုပ္ငန္းမ်ားအတြက္ျဖစ္ႏိုင္တဲ့အတြက္ အထူးသတိ ထားၿပီး စစ္ေဆးလက္ခံၾကရန္ ကာစီယိုက သတိေပးတယ္။
ျမန္မာႏိုင္ငံ ျမဝတီအနီး ေ႐ႊကုကၠိဳ၊ ေကေက ပတ္ခ္နဲ႔ (ယူေလာင္း) ဒရာဂြန္ေဘး ပတ္ခ္တို႔မွာ ဖိလစ္ ပိုင္ႏိုင္ငံသားအမ်ားအျပားကို လူကုန္ကူး ေခၚသြင္းၿပီး အြန္လိုင္းေငြလိမ္လုပ္ငန္းမ်ားမွာ အတင္းအဓမၼ အလုပ္လုပ္ေစေနတယ္လို႔ အင္ကာရာရဲ႕ ေအာက္တိုဘာ-၂၁၊ ၂၀၂၆ သတင္းမွာ ေဖာ္ျပတယ္။
တယ္လီဂရမ္ေၾကာ္ျငာအရ မေလးရွားမွ ျမန္မာႏိုင္ငံသို႔ သြားေရာက္ခဲ့တဲ့ အလုပ္အကိုင္ရွာရန္ေဖြသူ အမ်ိဳးသမီးတစ္ဦးဟာ ျမဝတီရွိ က်ားဖ်န႔္စင္တာမွာ ပိတ္ေလွာင္ခံလိုက္ရေၾကာင္း၊ ေန႔စဥ္ ၁၂ နာရီ အ လုပ္လုပ္ရၿပီး ႏိုင္ငံျခားသားမ်ားကို ဖုန္းဆက္ လိမ္လည္ေပးရေၾကာင္း၊ လုပ္ငန္းကို လိုင္း ၃-လိုင္းျအ ဖစ္ခြဲထားၿပီး လိုင္း ၁ မွာ ဖိလစ္ပိုင္ႏိုင္ငံသား ၂၀၀ ခန႔္၊ လိုင္း ၂ မွာ ၁၀၀ ေက်ာ္၊ လိုင္း ၃ မွာ ၁၀၀ ခန႔္ အလုပ္လုပ္ေနၾကေၾကာင္း သိရွိရတယ္။
၂၀၂၅ ဇန္နဝါရီမွ ၂၀၂၆ ဇူလိုင္အတြင္း အေမရိကန္အစိုးရနဲ႔ တရားစြဲအရာရွိမ်ားအျဖစ္ ဟန္ေဆာင္လိမ္လည္မႈ တိုင္ၾကားခ်က္ေပါင္း ၆၁,၀၀၀ နီးပါးရွိၿပီး ဆုံးရႈံးမႈ ေဒၚလာ ၁.၆ ဘီလ်ံေက်ာ္ေၾကာင္း၊ FTC ေခၚ ဖက္ဒရယ္ကုန္ ကြယ္ေရးဌာနအရာရွိအျဖစ္ လိမ္လည္မႈေၾကာင့္ ၂၀၂၅ ခုႏွစ္မွာဆုံးရႈံးမႈ ေဒၚ လာ ၃.၅ ဘီလ်ံ ရွိခဲ့ေၾကာင္း အေမ ရိကန္ FBI က ေျပာတယ္။
လက္ရွိ က်ားဖ်န႔္စင္တာေတြဟာ လွ်ပ္ စစ္သုံးစြဲမႈေလွ်ာ့ခ်ရန္ iPhone မ်ားသုံးၿပီး လွ်ိဳ႕ဝွက္စြာ ဆက္လက္လည္ပတ္ေနၾကတယ္။ လူကုန္ကူးသမားေတြ က ထိုင္းႏိုင္ငံမွာ ဆက္သြယ္ေရးနဲ႔ IT အလုပ္ အလိုရွိေၾကာင္း လွည့္ဖ်ားေခၚယူၿပီး ဖမ္းဆီးၾကျခင္းျဖစ္ေၾကာင္း၊ ဖိလစ္ပိုင္ NAIA ေလဆိပ္ ဝန္ထမ္းတစ္ဦးဟာ လူကုန္ကူးခံရသူမ်ားကို စစ္ေဆးျခင္း မရွိပဲ ျပည္ပထြက္ခြင့္ေပး ရန္ ကူညီခဲ့တယ္လို႔သားေကာင္ျဖစ္ရသူမ်ားက စြပ္စြဲ တယ္။
ကယ္တင္ၿပီးေနာက္ သားေကာင္မ်ားကို ကာကြယ္ရန္၊ လူကုန္ကူးမႈကို တားဆီးရန္၊ ျပစ္ဒဏ္ခ်မွတ္ရန္နဲ႔ ႏိုင္ငံတကာပူးေပါင္းေဆာင္႐ြက္ရန္ လိုအပ္ေၾကာင္း။ ဒါ့အျပင္ ဖိလစ္ပိုင္မွာ အလုပ္အကိုင္နဲ႔ လစာမ်ား ဖန္တီးေပးျခင္း၊ ေလဆိပ္မ်ားမွာ သတိေပးဗီဒီယိုမ်ား ျပသျခင္းနဲ႔ အာဆီယံႏိုင္ငံမ်ားအခ်င္းခ်င္း ပူးေပါင္းေဆာင္႐ြက္ၾကရန္လည္း အင္ကာရာက အႀကံျပဳေရးသားတယ္။
#HtayOung #OungMarine