NP News

(၈)လအတွင်း နေပြည်တော်၌ အုတ်၊ သဲ၊ ကျောက်များကို အမိုးမအုပ်ဘဲ တင်ဆောင်သည့် ယာဉ်(၈၅)စီး ဖမ်းဆီးရမိ

စော (NP News) - နိုဝင်ဘာ ၁၅

(၈)လတာကာလအတွင်း နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၌ အုတ်၊ သဲ၊ ကျောက်များကို အမိုးမအုပ်ဘဲ တင်ဆောင်သည့် ယာဉ် (၈၅) စီး ဖမ်းဆီးရမိကြောင်း သတင်းမှန်ပြန်ကြားရေးအဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။
နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ လုံခြုံရေးနှင့်စည်းကမ်းထိန်းသိမ်းရေးဌာန ရှိ စည်းကမ်းထိန်းသိမ်းရေးအဖွဲ့၊ ဒုတိယရဲမှူး ကျော်ဆန်းနိုင် ဦးစီး အပါအဝင် သက်ဆိုင်ရာတာဝန်ရှိသူ (၇)ဦးတို့သည် နေပြည်တော် ကောင်စီနယ်မြေအတွင်း အုတ်၊ သဲ၊ ကျောက်၊ မြေများတင်ဆောင်၍ အမိုးမအုပ်ဘဲ စည်းကမ်းမဲ့သွား လာမှုမရှိစေရေး စည်းကမ်းထိန်းသိမ်းရေးလုပ်ငန်းများအား နေ့စဉ် နံနက် (၇)နာရီမှ ည (၆)နာရီအထိ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထို့ကြောင့် ပြီးခဲ့သည့် ဧပြီလတွင် (၄)စီး၊ မေလတွင်(၂၄)စီး၊ ဇွန်လတွင် (၇)စီး၊ ဇူလိုင်လတွင် (၈)စီးနှင့် သြဂုတ်လတွင်(၅)စီး ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ထို့အတူ ပြီးခဲ့သည့် စက်တင်ဘာ လတွင်(၇)စီး၊ အောက်တိုဘာလတွင်(၂၆)စီး နှင့် ယခုလအတွင် နိုဝင်ဘာ (၁) ရက်မှ (၁၅)ရက်အထိ (၄)စီး စုစုပေါင်း(၈၅)စီး ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ထိုသို့ ဖမ်းဆီးရမိသူများအား နေပြည်တော် စည်ပင်တရားရုံးသို့ နေပြည်တော်စည်ပင်သာယာရေးဥပဒေ ပုဒ်မ-၂၆ ဖြင့် တရားစွဲတင် အရေးယူ ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။

zawgyi version:
(၈)လအတြင္း ေနျပည္ေတာ္၌ အုတ္၊ သဲ၊ ေက်ာက္မ်ားကို အမိုးမအုပ္ဘဲ တင္ေဆာင္သည့္ ယာဥ္(၈၅)စီး ဖမ္းဆီးရမိ
ေစာ (NP News) - ႏိုဝင္ဘာ ၁၅
(၈)လတာကာလအတြင္း ေနျပည္ေတာ္၊ ပ်ဥ္းမနားၿမိဳ႕နယ္၌ အုတ္၊ သဲ၊ ေက်ာက္မ်ားကို အမိုးမအုပ္ဘဲ တင္ေဆာင္သည့္ ယာဥ္ (၈၅) စီး ဖမ္းဆီးရမိေၾကာင္း သတင္းမွန္ျပန္ၾကားေရးအဖြဲ႕၏ ထုတ္ျပန္ခ်က္အရ သိရသည္။
ေနျပည္ေတာ္စည္ပင္သာယာေရးေကာ္မတီ၊ လုံၿခဳံေရးႏွင့္စည္းကမ္းထိန္းသိမ္းေရးဌာန ရွိ စည္းကမ္းထိန္းသိမ္းေရးအဖြဲ႕၊ ဒုတိယရဲမႉး ေက်ာ္ဆန္းႏိုင္ ဦးစီး အပါအဝင္ သက္ဆိုင္ရာတာဝန္ရွိသူ (၇)ဦးတို႔သည္ ေနျပည္ေတာ္ ေကာင္စီနယ္ေျမအတြင္း အုတ္၊ သဲ၊ ေက်ာက္၊ ေျမမ်ားတင္ေဆာင္၍ အမိုးမအုပ္ဘဲ စည္းကမ္းမဲ့သြား လာမႈမရွိေစေရး စည္းကမ္းထိန္းသိမ္းေရးလုပ္ငန္းမ်ားအား ေန႔စဥ္ နံနက္ (၇)နာရီမွ ည (၆)နာရီအထိ ေဆာင္႐ြက္ခဲ့ေၾကာင္း သိရသည္။

ထို႔ေၾကာင့္ ၿပီးခဲ့သည့္ ဧၿပီလတြင္ (၄)စီး၊ ေမလတြင္(၂၄)စီး၊ ဇြန္လတြင္ (၇)စီး၊ ဇူလိုင္လတြင္ (၈)စီးႏွင့္ ၾသဂုတ္လတြင္(၅)စီး ဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။
ထို႔အတူ ၿပီးခဲ့သည့္ စက္တင္ဘာ လတြင္(၇)စီး၊ ေအာက္တိုဘာလတြင္(၂၆)စီး ႏွင့္ ယခုလအတြင္ ႏိုဝင္ဘာ (၁) ရက္မွ (၁၅)ရက္အထိ (၄)စီး စုစုေပါင္း(၈၅)စီး ဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။

ထိုသို႔ ဖမ္းဆီးရမိသူမ်ားအား ေနျပည္ေတာ္ စည္ပင္တရား႐ုံးသို႔ ေနျပည္ေတာ္စည္ပင္သာယာေရးဥပေဒ ပုဒ္မ-၂၆ ျဖင့္ တရားစြဲတင္ အေရးယူ ေဆာင္႐ြက္ႏိုင္ခဲ့ေၾကာင္း သိရသည္။

မူရင်းသတင်း — NP News