အောင်လံ နိုဝင်ဘာ ၁၅
မကွေးတိုင်းဒေသကြီး အောင်လံမြို့နယ်အတွင်း အယ်လ်နီညိုဖြစ်စဉ်ကြောင့် ဖြစ်ပေါ်လာနိုင်သည့် ဘေးအန္တရာယ်များကို ကြိုတင်ကာကွယ်ရန်နှင့် တုံ့ပြန်ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ယနေ့နံနက်ပိုင်းက အောင်လံမြို့ရှိ သီဟဟိန်း စက်သုံးဆီအရောင်းဆိုင်၌ မီးဘေးလုံခြုံရေး စစ်ဆေးခြင်း၊ အသိပညာပေးခြင်းနှင့် လက်တွေ့သရုပ်ပြ မီးငြှိမ်းသတ်ခြင်းများကို အောင်လံမြို့နယ် မီးသတ်စခန်းမှ တပ်ဖွဲ့ဝင်များက ဆောင်ရွက်ကြသည်။
ထိုသို့ အသိပညာပေး ဆောင်ရွက်ရာတွင် ဒုတိယဦးစီးမှူး ဦးနေဖြိုးဝင်းနှင့် မီးသတ်တပ်ဖွဲ့ဝင်များသည် စက်သုံးဆီအရောင်းဆိုင်အတွင်း မီးဘေးလုံခြုံရေး အခြေအနေများကို စစ်ဆေးခဲ့ကြပြီး စက်သုံးဆီဆိုင်များတွင် အထူးဂရုပြုရမည့် မီးဘေးအန္တရာယ် ကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောခြင်း၊ မီးငြှိမ်းသတ်ရေးပစ္စည်း ကိရိယာများ ကိုင်တွယ်အသုံးပြုပုံများကို ရှင်းလင်းပြသခြင်းတို့ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှင်းခန့်အောင်