အခြေခံစားကုန်ဈေးနှုန်းများ တည်ငြိမ်ပြီး လည်ပတ်မှုကောင်းမွန်ပါမှ ပြည်သူများ၏ နေ့စဉ်လူမှုဘဝများ အဆင်ပြေချောမွေ့မည်ဖြစ်သည်။ အခြေခံစားသောက် ကုန်ဈေးနှုန်းများ မြင့်တက်မှုသည် ပုံသေဝင်ငွေရရှိသည့် လခစားဝန်ထမ်းများနှင့် အခြေခံလူတန်းစားများအပေါ် သက်ရောက်မှု ကြီးကြီးမားမားဖြစ်ပေါ်နိုင်သည်။ ယခုအခါ အခြေခံစားသောက်ကုန် ပစ္စည်းဈေးနှုန်းများ တစ်နေ့တခြားမြင့်တက်လာရာ ရောင်းဝယ်ဖောက်ကား လုပ်ကိုင်ဆောင်ရွက် သူများအပေါ်တွင် ထိခိုက်မှုမရှိသော်လည်း ဖော်ပြပါလူတန်းစားများအပေါ်တွင် သက်ရောက်မှုများရှိ လာသည်ကို သတိပြုဆောင်ရွက်ကြရမည်ဖြစ်သည်။
နိုင်ငံတော်အနေဖြင့် ပြည်တွင်း၌ အရည်အသွေးမြင့်မားသော ကုန်ထုတ်လုပ်မှု တိုးတက်လာရေးနှင့် ကုန်ဈေးနှုန်းတည်ငြိမ်ရေးအတွက် မျက်ခြည်မပြတ် ဆောင်ရွက်ပေးလျက်ရှိသော်လည်း ကုန်ပစ္စည်းဈေးနှုန်းများမှာ တည်ငြိမ်မှုမရှိဘဲ ဆက်လက်မြင့်တက်လျက်ရှိရာ အဆိုပါပြဿနာကို ဆိုင်ရာဆိုင်ရာနှင့် ပတ်သက်သူအားလုံးက အများပြည်သူအကျိုးစီးပွားကို အလေးထားဖြေရှင်း ပေးနိုင်ပါမှ ပြည်သူ များ စိတ်အေးချမ်းသာ အဆင်ပြေမည်ဖြစ်သည်။ ယခုအခါအဓိကကျသည့် အခြေခံ စားကုန်ဖြစ်သည့် ဆန်၊ ဆီ၊ ကြက်သွန်ဈေးနှုန်းများ သိသိသာသာ မြင့်မားလာသည်ကို တွေ့ရမည်ဖြစ်သည်။ ဆန်နှင့် ကြက်သွန်သည် ပြည်တွင်း၌ ဖူလုံအောင်ထုတ်လုပ် နိုင်သည့် စားသုံးကုန်များဖြစ်၍ ဈေးနှုန်းတက်ရသည့်အကြောင်းရင်းကိုရှာဖွေ ဖြေရှင်းဆောင်ရွက်ရမည် ဖြစ်သည်။
အခြေခံစားကုန်များ ဈေးနှုန်းမြင့်မားလာခြင်းသည် သွင်းအားစုဈေးနှုန်းများ မြင့်တက်လာခြင်း၊ သယ်ယူပို့ဆောင်စရိတ်နှင့် အထွေထွေကုန်ကျစရိတ်များ မြင့်တက်လာမှုကြောင့်ဖြစ်နိုင်သော်လည်း ကုန်ထုတ်လုပ်မှု အထွက်နှုန်းလျော့နည်းခြင်း၊ ကုန်သိုလှောင်ခြင်းနှင့် ဈေးကစားလိုခြင်း တို့ကြောင့်လည်း ဖြစ်နိုင်သည်ကို သတိပြုကြရမည်ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ ရောင်းလိုအားနှင့် ဝယ်လိုအား မျှမျှတတဖြစ်နေပါက ကုန်ဈေးနှုန်းတည်ငြိမ်မှုကို အထောက်အကူပြုနိုင်သဖြင့် အခြေခံစားကုန်ထုတ်လုပ်သည့်လုပ်ငန်းများ မြင့်မားတိုးတက်လာအောင် ဝိုင်းဝန်း ကြိုးပမ်း ဆောင်ရွက်ကြရမည်ဖြစ်သည်။ ဆန်စပါးအထွက်နှုန်း မကျဆင်းသော်လည်း ကြက်သွန်နီ အထွက်နှုန်းကျဆင်းလာခြင်းကြောင့် ဈေးနှုန်းမြင့်တက်လာကြောင်း သိရသည်။
ပြည်သူများ လူမှုစီးပွားဘဝ အဆင်ပြေချောမွေ့စေရေးတွင် အခြေခံကျသည့် စိုက်ပျိုးမွေးမြူရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးတို့သည် အရေးပါသည့် အခန်းကဏ္ဍမှပါဝင်နေသည်။ လယ်ယာ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများသည် ဒေသခံပြည်သူများ၏ အဓိကကျသည့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ဖြစ်သည့်အပြင် ဒေသတွင်းစားရေရိက္ခာဖူလုံရေးနှင့် စီးပွားရေးတိုးတက်ရေးအတွက် အခြေခံအင်အားများဖြစ်သည်။ ထို့ကြောင့် ရိုးရာစိုက်ပျိုးရေး နည်းစနစ်များကို ခေတ်မီနည်းစနစ်များနှင့် ပေါင်းစပ်အသုံးချခြင်း၊ ရေသွင်းရေထုတ်စနစ်များ ဖွံ့ဖြိုး တိုးတက်စေခြင်း၊ သီးနှံအရည်အသွေးနှင့် ထုတ်လုပ်မှုစွမ်းအားများ မြှင့်တင် ဆောင်ရွက်ခြင်း၊ ကုန်ထုတ်လုပ်မှုတန်ဖိုးမြှင့်တင်ခြင်းနှင့် ဈေးကွက်ချိတ်ဆက်မှုများ တိုးချဲ့ဆောင်ရွက်ခြင်းတို့ကို အလေးထားဆောင်ရွက်ကြရန် လိုအပ်သည်။
ထို့ပြင် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်း(MSME)များသည် ဒေသစီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးပါသောအင်အားစုများ ဖြစ်သည်။ ဒေသကုန်သွယ်မှုလမ်း ကြောင်းများ၊ နယ်စပ်ကုန်သွယ်မှုလမ်းကြောင်း များချောမွေ့စေရေး၊ တရားဝင်ကုန်သွယ်မှု လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး၊ တရားမဝင်ကုန်သွယ်မှုလုပ်ငန်းများတိုက်ဖျက်ရေး၊ ဒေသထွက်ကုန်များ ဈေးကွက်ချိတ်ဆက်မှု ပိုမိုကောင်းမွန်လာစေရေးအတွက် အလေးထား ဆောင်ရွက်ရန် လိုအပ်ပါသည်။ ထိုသို့ဆောင်ရွက်နိုင်ရန် နယ်မြေဒေသတည်ငြိမ်အေးချမ်းရေး၊ လမ်းပန်းဆက်သွယ်မှုကောင်းမွန်ရေးနှင့် စီးပွားရေးလုပ်ငန်းများအတွက် အဆင်ပြေသည့် ပတ်ဝန်းကျင်ကောင်းတစ်ရပ်ဖြစ်ထွန်းရန် လိုအပ်ပါသည်။
သို့ဖြစ်ရာ အခြေခံစားသောက်ကုန်ဈေးနှုန်းများ မတည်ငြိမ်ခြင်း၊ ရုတ်တရက် ဈေးနှုန်းမြင့်တက်ခြင်း၊ တစ်နေ့ထက်တစ်နေ့ ဈေးနှုန်းတက်လာခြင်းတို့သည် ရောင်းဝယ်ဖောက်ကား လုပ်ကိုင်ဆောင်ရွက်သူများအတွက် သက်ရောက်မှုမရှိသော်လည်း အခြေခံလူတန်းစားများ၊ လက်လုပ်လက်စားများ၊ ဝင်ငွေနည်းပါးသူများနှင့် ပုံသေလစာရရှိသည့် ဝန်ထမ်းများအပေါ် သက်ရောက်မှုရှိလာပါသဖြင့် အဆိုပါ ပြဿနာကိုဝိုင်းဝန်းကြိုးပမ်း ဖြေရှင်းကြရမည်ဖြစ်သည်။ ငွေကြေးဈေးကွက် တည်ငြိမ်မှုပျက်ပြားအောင် ပြုလုပ်သူများနှင့် ကုန်ပစ္စည်းများကို အဆမတန် ဈေးတင်ရောင်းချခြင်း၊ ဈေးကစားခြင်း၊ ရည်ရွယ်ချက်ရှိရှိ သိုလှောင်သိမ်းဆည်းထားခြင်းတို့ကို ဖော်ထုတ်အရေး ယူရမည့်အပြင် တစ်ဖက်တွင် ကုန်ထုတ်လုပ်ငန်းများ မြင့်မားတိုးတက်လာအောင် ထုတ်လုပ်ကြပြီး ဖြန့်ဖြူးရောင်းချရာ၌ အကျိုးအမြတ်တစ်ခုတည်းကိုသာမကြည့်ဘဲ ပြည်သူများ၏လိုအပ်ချက်ကို ဖြည့်ဆည်းပေးရေး၊ အဆင်ပြေချောမွေ့စေရေးအတွက် ကုန်စည်ဈေးနှုန်းများတည်ငြိမ်ရေးကို အတ္တ/ပရမျှတစွာ ဆောင်ရွက်ပေးကြပါရန် မေတ္တာရပ်ခံတိုက်တွန်းအပ်ပါကြောင်း။ ။