
ကိုဖြိုး (NP News) - နိုဝင်ဘာ ၁၅
ပြည်တွင်း၊ပြည်ပ ပို့ကုန်/သွင်းကုန်အခြေအနေများနှင့် ကမ္ဘာ့စစ်ရေးစီးပွားရေးအခြေအနေများအရ အမေရိကန်တစ်ဒေါ်လာလျှင် ပြင်ပပေါက်ဈေး ကျပ်(၅,၀၀၀)ဝန်းကျင်သို့ရောက်ရှိလာကြောင်း ငွေလဲဈေးကွက်အတွင်းမှ သိရသည်။
နိုဝင်ဘာလ(၁၅)ရက်နေ့ ပြင်ပငွေလဲဈေးကွက်အတွင်း အမေရိကန်တစ်ဒေါ်လာလျှင်(၄,၉၂၀)ကျပ်အထိ ဈေးနှုန်းများမြင့်တက်နေပြီး ဆက်လက်မြင့်တက်နိုင်ကြောင်းခန့်မှန်းချက်များ ရှိနေသည်။
“အဓိကပြဿနာက သွင်းကုန်သမားတွေအတွက် ငွေလဲလိုင်စင်ရဘဏ်တွေက ဒေါ်လာလိုသလောက်ထုတ် ရောင်းမပေးနိုင်ဘူးလေ၊ အဲဒီတော့ပြင်ပဈေးကွက်ထဲမှာဒေါ်လာဝင်ဝယ်ကြတာကြောင့် ပြင်ပဈေးတက်နေတာလဲပါတယ်။ နောက်တစ်ခုက ကမ္ဘာ့ရွှေဈေးကျဆင်းချိန်မှာ အမေရိကန်ဒေါ်လာဈေးမြင့်တက်လေ့ရှိတာကြောင့် ဒေါ်လာဈေးတွေ တက်နေတာပါ” ဟု ရန်ကုန်အခြေစိုက်ငွေလဲလုပ်ငန်းလုပ်ကိုင်သူတစ်ဦးက ပြောသည်။
ဗဟိုဘဏ်၏ တရားဝင်ငွေလဲနှုန်းမှာ အမေရိကန်တစ်ဒေါ်လာလျှင်(၂၁၀၀)ကျပ်သတ်မှတ်ထားပြီး၊ ဗဟိုဘဏ်၏ အွန်လိုင်း FX ငွေလဲဈေးကွက်ပေါက်ဈေးမှာ တစ်ဒေါ်လာလျှင်(၃,၆၆၀)ဝန်းကျင်သာ ပေါက်ဈေးရှိနေသည်။
လက်ရှိ ငွေလဲနှုန်းမှာ ဆက်လက်မြင့်တက်နိုင်ချေရှိပြီး အမေရိကန်တစ်ဒေါ်လာလျှင်(၅,၀၀၀)ကျပ်ကျော်အထိ ပေါက်ဈေး ရှိလာနိုင်ကြောင်း ခန့်မှန်းထားကြသည်။

zawgyi version:
ေဒၚလာေဈး စံခ်ိန္တင္ျမင့္တက္လာ၊ အေမရိကန္တစ္ေဒၚလာလွ်င္ (၅၀၀၀)က်ပ္ ဝန္းက်င္ေရာက္ရွိေန
ကိုၿဖိဳး (NP News) - ႏိုဝင္ဘာ ၁၅
ျပည္တြင္း၊ျပည္ပ ပို႔ကုန္/သြင္းကုန္အေျခအေနမ်ားႏွင့္ ကမာၻ႔စစ္ေရးစီးပြားေရးအေျခအေနမ်ားအရ အေမရိကန္တစ္ေဒၚလာလွ်င္ ျပင္ပေပါက္ေဈး က်ပ္(၅,၀၀၀)ဝန္းက်င္သို႔ေရာက္ရွိလာေၾကာင္း ေငြလဲေဈးကြက္အတြင္းမွ သိရသည္။
ႏိုဝင္ဘာလ(၁၅)ရက္ေန႔ ျပင္ပေငြလဲေဈးကြက္အတြင္း အေမရိကန္တစ္ေဒၚလာလွ်င္(၄,၉၂၀)က်ပ္အထိ ေဈးႏႈန္းမ်ားျမင့္တက္ေနၿပီး ဆက္လက္ျမင့္တက္ႏိုင္ေၾကာင္းခန႔္မွန္းခ်က္မ်ား ရွိေနသည္။
“အဓိကျပႆနာက သြင္းကုန္သမားေတြအတြက္ ေငြလဲလိုင္စင္ရဘဏ္ေတြက ေဒၚလာလိုသေလာက္ထုတ္ ေရာင္းမေပးႏိုင္ဘူးေလ၊ အဲဒီေတာ့ျပင္ပေဈးကြက္ထဲမွာေဒၚလာဝင္ဝယ္ၾကတာေၾကာင့္ ျပင္ပေဈးတက္ေနတာလဲပါတယ္။ ေနာက္တစ္ခုက ကမာၻ႔ေ႐ႊေဈးက်ဆင္းခ်ိန္မွာ အေမရိကန္ေဒၚလာေဈးျမင့္တက္ေလ့ရွိတာေၾကာင့္ ေဒၚလာေဈးေတြ တက္ေနတာပါ” ဟု ရန္ကုန္အေျခစိုက္ေငြလဲလုပ္ငန္းလုပ္ကိုင္သူတစ္ဦးက ေျပာသည္။
ဗဟိုဘဏ္၏ တရားဝင္ေငြလဲႏႈန္းမွာ အေမရိကန္တစ္ေဒၚလာလွ်င္(၂၁၀၀)က်ပ္သတ္မွတ္ထားၿပီး၊ ဗဟိုဘဏ္၏ အြန္လိုင္း FX ေငြလဲေဈးကြက္ေပါက္ေဈးမွာ တစ္ေဒၚလာလွ်င္(၃,၆၆၀)ဝန္းက်င္သာ ေပါက္ေဈးရွိေနသည္။
လက္ရွိ ေငြလဲႏႈန္းမွာ ဆက္လက္ျမင့္တက္ႏိုင္ေခ်ရွိၿပီး အေမရိကန္တစ္ေဒၚလာလွ်င္(၅,၀၀၀)က်ပ္ေက်ာ္အထိ ေပါက္ေဈး ရွိလာႏိုင္ေၾကာင္း ခန႔္မွန္းထားၾကသည္။