ဆန်နှင့်ဆီတို့သည် မြန်မာတို့၏ အဓိကစားသုံးကုန်များ ဖြစ်ကြပြီး ပြည်တွင်း၌ လုံလောက်အောင် စိုက်ပျိုးထုတ်လုပ်နိုင်စွမ်းရှိသည်။ မြန်မာနိုင်ငံတွင် နှစ်စဉ်စပါးစိုက်ပျိုးမှု ဧက ၁၇ သန်းခန့်ရှိပြီး ပြည်တွင်း စားသုံးမှု ဖူလုံ၍ ပိုလျှံသည့် ဆန်များကို ပြည်ပသို့ တင်ပို့ရောင်းချနိုင်သော်လည်း ဆီထွက်သီးနှံမျိုးစုံ စုစုပေါင်းစိုက်ပျိုးထုတ်လုပ်မှု ဧက ၈ သန်း ခန့်မှ ပြည်တွင်းစားသုံးမှုလိုအပ်ချက်ကို မဖြည့်ဆည်းနိုင်ဘဲ နိုင်ငံခြား ငွေအများအပြားသုံးစွဲကာ ပြည်ပမှ စားအုန်းဆီ နှစ်စဉ်တန်ချိန် သိန်း နှင့်ချီ၍ တင်သွင်းနေရသည်။
မြန်မာနိုင်ငံတွင် ဆီထွက်သီးနှံများဖြစ်သည့် မြေပဲ၊ နှမ်း၊ နေကြာ တို့ကို မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်း ဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီး တို့တွင် လည်းကောင်း၊ ပဲပုပ်နှင့် ပန်းနှမ်းကို ရှမ်းပြည်နယ်တွင်လည်းကောင်း၊ ဆီအုန်းကို တနင်္သာရီတိုင်းဒေသကြီးတွင်လည်းကောင်း အဓိက စိုက်ပျိုး ကြသည်။ ဆီအုန်းမပါဘဲ အခြားဆီထွက်သီးနှံများ စိုက်ပျိုးမှုမှာ စုစုပေါင်းဧက ၈ သန်းခန့်ရှိပြီး လက်ရှိအထွက်နှုန်းအား ဖြင့်ပင်လျှင် ပြည်တွင်းစားသုံးရန် ဆီဖူလုံမှု ၁၂၆ ဒသမ ၂ ရာခိုင်နှုန်းရှိသည်ဟု သိရသည်။ သို့ရာတွင် ထွက်ရှိလာသည့် ဆီထွက်သီးနှံများအားလုံးကို ဆီအဖြစ် ကြိတ်ခွဲထုတ်လုပ်လိုက်ခြင်းမဟုတ်ဘဲ ရိုးရာအစားအစာ၊ မုန့်ပဲသရေစာများအဖြစ် ထုတ်လုပ်ခြင်း၊ ပြည်ပသို့တင်ပို့ခြင်း စသည်တို့ကြောင့် စားသုံးဆီဖူလုံမှုမရှိတော့ဘဲ လိုအပ်လာသည်။ မှတ်သား ရမည့်အချက်မှာ ပြည်ပသို့ နှမ်းနှင့်မြေပဲများ တင်ပို့၍ရရှိသော ငွေကြေး သည် ပြည်ပမှစားသုံးဆီပြန်လည်တင်သွင်းရသည့် ငွေကြေးကုန်ကျမှုနှင့် မကာမိခြင်းပင်ဖြစ်သည်။
သို့ဖြစ်ရာ ပြည်တွင်းစားသုံးဆီဖူလုံရေးအတွက် မြေပဲ၊ နှမ်း၊ နေကြာစသည့်ဆီထွက်သီးနှံများ၏ တစ်ဧကအထွက်နှုန်း တိုးတက်ရန် လိုအပ်လာသည်။ ဆီထွက်သီးနှံများ တစ်ဧကအထွက်နှုန်း ပန်းတိုင် ရည်မှန်းချက်များအဖြစ် မြေပဲတစ်ဧကလျှင် တင်း ၇၀၊ နှမ်း တစ်ဧက လျှင် တင်း ၂၀၊ နေကြာ တစ်ဧကလျှင် တင်း ၅၀ ဟူ၍ သတ်မှတ်ထားရာ သတ်မှတ်ချက်များအတိုင်း ပြည့်မီအောင် စိုက်ပျိုးထုတ်လုပ်နိုင်မည် ဆိုလျှင် စားသုံးဆီဖူလုံမှု ၂၅၀ ရာခိုင်နှုန်းခန့် ရှိလာမည်ဖြစ်သည်။ ပန်းတိုင်ရည်မှန်းချက်များသည် စိတ်ကူးယဉ် ကိန်းဂဏန်းများမဟုတ်ဘဲ ဆယ်စုနှစ်များနှင့်ချီ၍ သုတေသနပြုသတ်မှတ်ထားခြင်းဖြစ်ပြီး လက်တွေ့ထုတ်လုပ်နေသည့် နိုင်ငံများလည်းရှိနေသည်။
ဆီထွက်သီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် “မျိုး၊ မြေ၊ ရေ၊ နည်း” ဟူသော ဆောင်ပုဒ်နှင့်အညီ အားထုတ်လုပ်ကိုင် စိုက်ပျိုး သွားကြရန်လိုသည်။ မျိုးကောင်းမျိုးသန့်သုံးစွဲ စိုက်ပျိုးခြင်းက သီးနှံ အထွက်နှုန်းကို ၁ဝ ရာခိုင်နှုန်းမှ ၂၀ ရာခိုင်နှုန်းအထိ တိုးတက်စေနိုင်သည်။ သို့ဖြစ်ရာ ဒေသ ရေ မြေ ရာသီဥတုနှင့်ကိုက်ညီပြီး ပန်းတိုင် အထွက်နှုန်းရရှိနိုင်မည့် မျိုးကောင်းမျိုးသန့်များ ရွေးချယ်စိုက်ပျိုးရေးကို အလေးပေးကြရန်နှင့် မျိုးကောင်းမျိုးသန့်များကို သုံးနှစ်လျှင် တစ်ကြိမ် မျိုးလဲလှယ်စိုက်ပျိုးကြရန် ပညာရှင်များက အကြံပြု တိုက်တွန်းထားသည်။ သီးနှံထွက်နှုန်းတိုးစေမည့် ဒုတိယအချက်အနေဖြင့် နေရာဒေသအလိုက် မြေဆီလွှာထိန်းသိမ်းရန်နှင့် မြေဆီလွှာ တိုးတက်ကောင်းမွန်အောင် ဆောင်ရွက်ရန်ဖြစ်သည်။ သဘာ၀ မြေသြဇာများဖြစ်သည့် မွေးမြူရေးတိရစ္ဆာန်စွန့်ပစ်ပစ္စည်းများ၊ စိုက်ပျိုးရေး ဘေးထွက်ပစ္စည်းများ၊ ဇီဝမြေသြဇာများကို ထည့်သွင်း၍ မြေဆီလွှာ၏ အာဟာရဓာတ်မြင့်မားလာစေရန် အားဖြည့်ပေးရန် လိုသည်။
သီးနှံအထွက်တိုးရေး တတိယအချက်မှာ သီးနှံအတွက် ရေလိုအပ်သည့်အချိန်တွင် ရေပေးသွင်းနိုင်ရန် ဖြစ်သည်။ စိုက်ပျိုးသီးနှံများ အောင်ရေ ရရှိရေးအတွက် ရေအရင်းအမြစ်များရှိရန်လိုပြီး ရေရရှိရေး နည်းလမ်းအသွယ်သွယ်ဖြင့် ရေလိုအပ်ချိန်အလိုက် ရေပေးသွင်းရန် လိုသည်။ တစ်ဖက်တွင်လည်း စိုက်ပျိုးရေကို အလေအလွင့်မရှိစေဘဲ ထိထိရောက်ရောက်သုံးစွဲကြရန် ဆောင်ရွက်သွားကြရမည် ဖြစ်သည်။ နောက်ဆုံးအချက်မှာ ပန်းတိုင်အထွက်နှုန်းရရှိနိုင်မည့် စိုက်ပျိုးရေး နည်းပညာဖြစ်သည်။ ဆီထွက်သီးနှံစိုက်ပျိုးသူ တောင်သူနည်းပညာပေး လုပ်ငန်းများကို တောင်သူအားလုံးထံအရောက် နည်းလမ်းမျိုးစုံဖြင့် ဖြန့်ပေးခြင်း၊ ကူညီဆောင်ရွက်ခြင်းတို့ကို စိုက်ပျိုးရေးပညာရှင်များ၊ နည်းပညာပေးဝန်ထမ်းများက ဆောင်ရွက်ပေးကြရန်ပင်ဖြစ်သည်။
ဆီထွက်သီးနှံများအပါအဝင် စိုက်ပျိုးသီးနှံများ ပန်းတိုင်အထွက် နှုန်းရရှိရေးတွင် အဓိကအကျဆုံးမှာ စိုက်ပျိုးသူတောင်သူများက မိမိတို့၏ သီးနှံများတိုးတက်ထွက်ရှိရန် ဆောင်ရွက်ရေးကို စိတ်အား ထက်သန် မှုရှိကြရန်ပင်ဖြစ်သည်။ စိုက်ပျိုးချိန်မှ ရိတ်သိမ်းထွက်ရှိချိန်အထိ စနစ်တကျနည်းလမ်း မှန်ကန်စွာ အားထုတ်ကြိုးပမ်းဆောင်ရွက်ခြင်းဖြင့် စိုက်ပျိုးသီးနှံတို့ အထွက်တိုးကာ အကျိုးစီးပွားမြင့်မားစွာ ဖြစ်ထွန်း လာစေပါမည့်အကြောင်း။ ။