ကိုလံဘို နိုဝင်ဘာ ၁၅
သီရိလင်္ကာနိုင်ငံ၌ လူဦးရေ၏ ၁၉ ရာခိုင်နှုန်းနီးပါးသည် ဆီးချိုရောဂါခံစားနေရပြီး အမှန်တကယ်ဖြစ်ပွားမှုနှုန်းမှာ ယခုထက်ပိုမိုမြင့်မားနိုင်ကြောင်း ကျန်းမာရေးဒုတိယဝန်ကြီး ဟန်ဆာကာ ဝီဂျီမူနီက ပြောကြားသည်။
၁၄ ကမ္ဘာ့ဆီးချိုရောဂါနေ့ အထိမ်းအမှတ်အခမ်းအနားကို နိုဝင်ဘာရက်တွင် ကိုလံဘိုမြို့၌ကျင်းပစဉ် ၎င်းက အထက်ပါအတိုင်း ပြောကြားခြင်းဖြစ်သည်။
ဆီးချိုရောဂါနှင့် သွေးတိုးရောဂါတို့သည် သီရိလင်္ကာနိုင်ငံ၏ ကျန်းမာရေးစောင့်ရှောက်မှုစနစ်အပေါ် ဖိအားတိုးလာစေသည့် အဓိက မကူးစက်နိုင်သောရောဂါများဖြစ်ကြောင်း ၎င်းကပြောကြားသည်။
သီရိလင်္ကာနိုင်ငံသည် ကျန်းမာရေးဆိုင်ရာ အညွှန်းကိန်းအချို့တွင် တိုးတက်မှုများရှိသော်လည်း မကူးစက်နိုင်သောရောဂါများကို ကာကွယ်တားဆီးရေးတွင် စိန်ခေါ်မှုများ ဆက်လက်ရင်ဆိုင်နေရကြောင်း ၎င်းက ပြောကြားသည်။ ထို့ပြင် ပြည်သူအများအပြားက ၎င်းတို့တွင် ရှိနေသည့် နောက်ခံကျန်းမာရေးပြဿနာများကို သတိမပြုမိကြခြင်းကြောင့် ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။
ရောဂါလက္ခဏာများ မပေါ်ပေါက်သေးသည့်အချိန်တွင်ပင် ပုံမှန်ကျန်းမာရေးစစ်ဆေးမှုများ ပြုလုပ်ကြရန် ပြည်သူများကို တိုက်တွန်းခဲ့သည်။ ရောဂါကို စောစီးစွာရှာဖွေတွေ့ရှိပြီး သင့်လျော်သောကုသမှုခံယူခြင်းဖြင့် ပြင်းထန်သောနောက်ဆက်တွဲကျန်းမာရေးပြဿနာများကို ကာကွယ်နိုင်ကြောင်း ၎င်းက အလေးပေးပြောကြားသည်။
ဆင်ဟွာ