NP News

ရုရှားကာကွယ်ဆေးတီထွင်သူများက အကျိတ်ရောဂါတွင် အောင်မြင်မှုရရှိခဲ့ပြီဖြစ်ကြောင်း ကြေညာ

Pika (NP News) - နိုဝင်ဘာ ၁၅

ရုရှားနိုင်ငံ၏ လူနာတစ်ဦးချင်းစီအတွက် သီးသန့်ဖန်တီးထုတ်လုပ်ထားသော ကင်ဆာရောဂါ ကာကွယ်ဆေးဖြင့် ကုသမှုခံယူခဲ့သည့် ပထမဆုံးလူနာသည် အချိန်လေးလကြာစမ်းသပ်ကာလအတွင်း ကင်ဆာအကျိတ်အသစ်များ ထပ်မံ ဖြစ်ပေါ်လာခြင်းမျိုးမရှိတော့ကြောင်း တီထွင်ဖန်တီးသူများကပြော ကြားခဲ့သည်။

Neooncovac ဟုခေါ်သော အဆိုပါကာ ကွယ်ဆေးစမ်းသပ်မှုများကိုဦးဆောင်နေသည့် Gam­aleya သုတေသန ဌာန၏ ဒါရိုက်တာ Alex­ander Gintsburg က ကင်ဆာရောဂါကာကွယ်ဆေး ကုသမှုခံယူခဲ့သည့်လူနာ၏ ခန္ဓာကိုယ် အနှံ့ပျံ့နှံ့နေ သောကင်ဆာဆဲလ်များ ပျောက်ကင်းသွားပြီဖြစ်ကြောင်း အတည်ပြုပြောကြားခဲ့သည်။
လက်ရှိအချိန်တွင် ဆရာဝန်များက လူနာ၏ကျန်းမာရေးအခြေအနေကို လစဉ်စစ်ဆေးလျက်ရှိပြီး နောက်ထပ် အချိန်(၃)နှစ်ကြာသည်အထိ စောင့် ကြည့်စစ်ဆေးသွားရန် စီစဉ်ထားကြောင်း သိရသည်။ Alexander Gintsburg က ‘လူနာရဲ့ကျန်းမာရေး အခြေအနေက ကောင်းမွန်ပါတယ်။ လက်ရှိအချိန်အထိစစ်ဆေးချက်တွေအရတော့ လူနာမှာ ကင်ဆာအ ကျိတ်အသစ်တွေ ထပ်မံဖြစ်ပေါ်လာတာမျိုးမတွေ့ရှိ ရပါဘူး’ဟုပြောဆိုခဲ့သည်။ ထို့ပြင် ဆရာဝန်များက လူနာ၏ပြန်ရည်ကျိတ်များနှင့် ခန္ဓာကိုယ်တစ်ခုလုံးတွင် ကင်ဆာလက္ခဏာများ ရှိ/မရှိစစ်ဆေးရန်အတွက် အသေး စိတ်ပုံရိပ်ဖော်နိုင်စွမ်းမြင့်မားသော CT scan နည်းပညာကိုအသုံးပြုနေကြောင်း Alexander Gintsburg က ထပ်မံ ပြောကြားခဲ့သည်။

အသက် (၆၀)နှစ်အရွယ်အမျိုးသားတစ်ဦးဖြစ်သည့် အဆိုပါ လူနာသည် မူလကင်ဆာအကျိတ်နေရာမှ အခြားနေ ရာများသို့ပျံ့နှံ့သွားသည့် အဆင့်(၃)ရှိ အရေပြားကင် ဆာရောဂါအမျိုးအစားကို ခံစားနေရသူလည်းဖြစ်သည်။ ယင်းလူနာသည် ပြီးခဲ့သည့်ဧပြီလတည်းက မော်စကိုမြို့ရှိ Herzen ကင်ဆာရောဂါ သုတေသနဌာနတွင် Neooncovac ကာကွယ်ဆေးကိုထိုးနှံကာ ကုသမှုများကို စတင်ခံယူခဲ့ခြင်းဖြစ်သည်။ ထို့ပြင် ကာကွယ်ဆေးထိုးနှံပြီးနောက် လူနာ၏ ကျန်းမာရေးအခြေအနေကောင်းမွန်ကြောင်းနှင့် ၎င်း၏ခန္ဓာကိုယ်အတွင်း ကင်ဆာရောဂါကိုတိုက်ဖျက်နိုင်စွမ်းရှိသည့် ကိုယ်ခံအားတုံ့ပြန်မှုစနစ်တစ်ခုဖြစ်ပေါ်လာကြောင်း Alexander Gintsburg ကပြောကြားခဲ့သည်။

Neooncovac ကာကွယ်ဆေးသည် mRNA နည်းပညာကိုအသုံးပြုထားပြီး လူနာတစ်ဦးချင်းစီအတွက် သီးသန့်ဖန်တီးထုတ်လုပ်ထား ခြင်းလည်းဖြစ်သည်။ အဆိုပါလုပ်ငန်းစဉ်တွင် သုတေသီများက ကင်ဆာ အကျိတ်နှင့်ကျန်းမာသောတစ်သျှူးနမူနာများမှ မျိုးရိုးဗီဇဆိုင်ရာအချက်အလက်များကို ခွဲခြမ်းစိတ် ဖြာလေ့လာပြီး ကာကွယ်ဆေးတစ်မျိုးကို ဖန်တီးထုတ် လုပ်ခြင်း ဖြစ်သည်။

zawgyi version

႐ုရွားကာကြယ္ေဆးတီထြင္သူမ်ားက အက်ိတ္ေရာဂါတြင္ ေအာင္ျမင္မႈရရွိခဲ့ၿပီျဖစ္ေၾကာင္း ေၾကညာ

Pika (NP News) - ႏိုဝင္ဘာ ၁၅
႐ုရွားႏိုင္ငံ၏ လူနာတစ္ဦးခ်င္းစီအတြက္ သီးသန႔္ဖန္တီးထုတ္လုပ္ထားေသာ ကင္ဆာေရာဂါ ကာကြယ္ေဆးျဖင့္ ကုသမႈခံယူခဲ့သည့္ ပထမဆုံးလူနာသည္ အခ်ိန္ေလးလၾကာစမ္းသပ္ကာလအတြင္း ကင္ဆာအက်ိတ္အသစ္မ်ား ထပ္မံ ျဖစ္ေပၚလာျခင္းမ်ိဳးမရွိေတာ့ေၾကာင္း တီထြင္ဖန္တီးသူမ်ားကေျပာ ၾကားခဲ့သည္။
Neooncovac ဟုေခၚေသာ အဆိုပါကာ ကြယ္ေဆးစမ္းသပ္မႈမ်ားကိုဦးေဆာင္ေနသည့္ Gam­aleya သုေတသန ဌာန၏ ဒါ႐ိုက္တာ Alex­ander Gintsburg က ကင္ဆာေရာဂါကာကြယ္ေဆး ကုသမႈခံယူခဲ့သည့္လူနာ၏ ခႏၶာကိုယ္ အႏွံ႔ပ်ံ႕ႏွံ႔ေန ေသာကင္ဆာဆဲလ္မ်ား ေပ်ာက္ကင္းသြားၿပီျဖစ္ေၾကာင္း အတည္ျပဳေျပာၾကားခဲ့သည္။
လက္ရွိအခ်ိန္တြင္ ဆရာဝန္မ်ားက လူနာ၏က်န္းမာေရးအေျခအေနကို လစဥ္စစ္ေဆးလ်က္ရွိၿပီး ေနာက္ထပ္ အခ်ိန္(၃)ႏွစ္ၾကာသည္အထိ ေစာင့္ ၾကည့္စစ္ေဆးသြားရန္ စီစဥ္ထားေၾကာင္း သိရသည္။ Alexander Gintsburg က ‘လူနာရဲ႕က်န္းမာေရး အေျခအေနက ေကာင္းမြန္ပါတယ္။ လက္ရွိအခ်ိန္အထိစစ္ေဆးခ်က္ေတြအရေတာ့ လူနာမွာ ကင္ဆာအ က်ိတ္အသစ္ေတြ ထပ္မံျဖစ္ေပၚလာတာမ်ိဳးမေတြ႕ရွိ ရပါဘူး’ဟုေျပာဆိုခဲ့သည္။ ထို႔ျပင္ ဆရာဝန္မ်ားက လူနာ၏ျပန္ရည္က်ိတ္မ်ားႏွင့္ ခႏၶာကိုယ္တစ္ခုလုံးတြင္ ကင္ဆာလကၡဏာမ်ား ရွိ/မရွိစစ္ေဆးရန္အတြက္ အေသး စိတ္ပုံရိပ္ေဖာ္ႏိုင္စြမ္းျမင့္မားေသာ CT scan နည္းပညာကိုအသုံးျပဳေနေၾကာင္း Alexander Gintsburg က ထပ္မံ ေျပာၾကားခဲ့သည္။ အသက္ (၆၀)ႏွစ္အ႐ြယ္အမ်ိဳးသားတစ္ဦးျဖစ္သည့္ အဆိုပါ လူနာသည္ မူလကင္ဆာအက်ိတ္ေနရာမွ အျခားေန ရာမ်ားသို႔ပ်ံ႕ႏွံ႔သြားသည့္ အဆင့္(၃)ရွိ အေရျပားကင္ ဆာေရာဂါအမ်ိဳးအစားကို ခံစားေနရသူလည္းျဖစ္သည္။ ယင္းလူနာသည္ ၿပီးခဲ့သည့္ဧၿပီလတည္းက ေမာ္စကိုၿမိဳ႕ရွိ Herzen ကင္ဆာေရာဂါ သုေတသနဌာနတြင္ Neooncovac ကာကြယ္ေဆးကိုထိုးႏွံကာ ကုသမႈမ်ားကို စတင္ခံယူခဲ့ျခင္းျဖစ္သည္။ ထို႔ျပင္ ကာကြယ္ေဆးထိုးႏွံၿပီးေနာက္ လူနာ၏ က်န္းမာေရးအေျခအေနေကာင္းမြန္ေၾကာင္းႏွင့္ ၎၏ခႏၶာကိုယ္အတြင္း ကင္ဆာေရာဂါကိုတိုက္ဖ်က္ႏိုင္စြမ္းရွိသည့္ ကိုယ္ခံအားတုံ႔ျပန္မႈစနစ္တစ္ခုျဖစ္ေပၚလာေၾကာင္း Alexander Gintsburg ကေျပာၾကားခဲ့သည္။ Neooncovac ကာကြယ္ေဆးသည္ mRNA နည္းပညာကိုအသုံးျပဳထားၿပီး လူနာတစ္ဦးခ်င္းစီအတြက္ သီးသန႔္ဖန္တီးထုတ္လုပ္ထား ျခင္းလည္းျဖစ္သည္။ အဆိုပါလုပ္ငန္းစဥ္တြင္ သုေတသီမ်ားက ကင္ဆာ အက်ိတ္ႏွင့္က်န္းမာေသာတစ္သွ်ဴးနမူနာမ်ားမွ မ်ိဳး႐ိုးဗီဇဆိုင္ရာအခ်က္အလက္မ်ားကို ခြဲျခမ္းစိတ္ ျဖာေလ့လာၿပီး ကာကြယ္ေဆးတစ္မ်ိဳးကို ဖန္တီးထုတ္ လုပ္ျခင္း ျဖစ္သည္။

မူရင်းသတင်း — NP News