ဘရာဇီးနိုင်ငံတွင် ၂၀၂၆ ခုနှစ်အတွင်း mpox ရောဂါကြောင့် ပထမဆုံးအကြိမ် သေ ဆုံးမှု ဖြစ်ပွားခဲ့သော်လည်း တာဝန်ရှိသူများက လက်ရှိရောဂါဖြစ်ပွားမှု မြင့်တက်လာခြင်းကို ကပ်ရောဂါအသွင် ကူးစက်ပျံ့နှံ့မှုအဖြစ် သတ် မှတ်ကိုင်တွယ်ခြင်း မရှိသေးကြောင်း ပြည်သူ့ ကျန်းမာရေး အဖွဲ့အစည်းတစ်ခုက ပြောကြား ခဲ့သည်။
ကျန်းမာရေးဝန်ကြီးဌာန လက်အောက် ခံ Fiocruz Institute က နိုဝင်ဘာ ၁၃ ရက် တွင် ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာအရ ဘရာ ဇီးနိုင်ငံတွင် ယခုနှစ် အတွင်း အဆိုပါဗိုင်းရပ်စ် ကူးစက်ခံရသူ အတည်ပြုလူနာ ၁၀၀၉ ဦး စာရင်းသွင်းထား ကြောင်း သိရသည်။
အဆိုပါ သေဆုံးမှုသည် ရီယိုဒီဂျနေရိုး မြို့တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး၊ ယင်းမြို့၌ စက် တင်ဘာလနှင့် နိုဝင်ဘာလကြား ရောဂါပိုး တွေ့ရှိသူ အရေအတွက်မှာ တစ်နှစ်တာ၏ ကျန်ကာလများအတွင်း စာရင်းသွင်းထား သည့် အရေအတွက်ထက် နှစ်ဆမြင့်တက် လာခဲ့သည်။
အစိုးရအနေဖြင့် ရောဂါစောင့်ကြည့်စစ် ဆေးရေး အစီအမံများကို တိုးမြှင့်လုပ်ဆောင် ထားပြီး မျောက်ကျောက်ရောဂါ ကာကွယ် ဆေးအသစ် အလုံးရေ ၂၅၀၀၀ ကို ဝယ်ယူ ထားသော်လည်း၊ လက်ရှိရောဂါဖြစ်ပွားမှု အရေအတွက်သည် ၂၀၂၂ ခုနှစ်က ကြုံတွေ့ ခဲ့ရသည့် သမိုင်းတစ်လျှောက် အမြင့်ဆုံးစံချိန် ထက် သိသိသာသာ လျော့နည်းနေသေး သောကြောင့် ယခုရောဂါဖြစ်ပွားမှု မြင့်တက် လာခြင်းကို ကပ်ရောဂါအသွင် ကူးစက်ပျံ့နှံ့မှု အဖြစ် သတ်မှတ်ထားခြင်း မရှိသေးကြောင်း Fiocruz Institute က ပြောကြားခဲ့သည်။
ရေကျောက်ရောဂါနှင့် မျိုးနွယ်တူ ဗိုင်း ရပ်စ်ပိုးတစ်မျိုးကြောင့် ကူးစက်ပျံ့နှံ့သည့် mpox ရောဂါသည်ဖျားနာခြင်း၊ ကြွက်သား များ နာကျင်ကိုက်ခဲခြင်းနှင့် အနာစိမ်းကဲ့သို့ ကြီးမားသော အရေပြားအနာဖုများ ထွက် ပေါ်ခြင်းတို့ကို ဖြစ်ပေါ်စေပြီး အသက်ဆုံးရှုံး သည်အထိ ဖြစ်စေနိုင်သည်။
အဆိုပါရောဂါသည် တိရစ္ဆာန်များမှ တစ်ဆင့် လူသို့ ကူးစက်နိုင်သကဲ့သို့ လူအချင်း ချင်း အနီးကပ် ထိတွေ့ဆက်ဆံမှုမှတစ်ဆင့် လည်း ကူးစက်နိုင်သည်။
၂၀၂၂ ခုနှစ်နှင့် ၂၀၂၄ ခုနှစ်တို့တွင် အချို့သော နိုင်ငံများ၌ ရောဂါလျင်မြန်စွာ ကူးစက်ပျံ့နှံ့ခဲ့မှုကြောင့် ကမ္ဘာ့ကျန်းမာရေး အဖွဲ့ (WHO) က မျောက်ကျောက်ရောဂါကို နိုင်ငံတကာ ပြည်သူ့ကျန်းမာရေး အရေးပေါ် အခြေအနေအဖြစ် ကြေညာခဲ့သည်။
ယခုနှစ်အတွင်း ဘရာဇီးနိုင်ငံ၌ ဖြစ်ပွား ခဲ့သည့် ရောဂါကူးစက်မှု အများစုကို ဆော် ပေါ်လိုနှင့် ရီယိုဒီဂျနေရိုး တို့တွင် စာရင်းသွင်း မှတ်တမ်းတင်ထားသည်။
Ref;AFP