နီဇော်သစ်
ယခုရက်ပိုင်းအတွင်း နည်းပညာသတင်းများထဲတွင် လှုပ်လှုပ်ခတ်ခတ် အဖြစ်ဆုံးသတင်းများမှာ အေအိုင်ချစ်ပ် နည်းပညာနှင့်ပတ်သက်နေသည်ကို တွေ့ရသည်။ ဂူဂဲလ်က အင်န်ဗီးဒီးယားကိုပြိုင်ဆိုင်ဖို့ အေအိုင်ချစ်ပ်အသစ်များ ထုတ်လုပ်သည့်သတင်း၊ ဟွာဝေးက အေအိုင်ချစ်ပ်တစ်သန်းကို ချိတ်ဆက်ပြီး ကွန်ပျူတာတစ်လုံးအဖြစ် အလုပ်လုပ်စေမည့် သတင်း၊ ဥရောပက အေအိုင်ချစ်ပ်များအပါအဝင် အေအိုင်နည်းပညာတွင် အမေရိကန်နှင့် တရုတ်ကို အမီလိုက်ဖို့ ကြိုးစားလာသည့်သတင်းတို့မှ အင်န်ဗီးဒီးယားစီအီးအို လူမှုရေးဖောက်ပြန်မှုအရှုပ်တော်ပုံတို့၊ အမေရိကန်က ပိတ်ထားသည့် အေအိုင်ချစ်ပ်တစ်မျိုး တရုတ်တက္ကသိုလ်တစ်ခုသို့ ရောက်သွားသည့်သတင်းတို့အထိ စုံလင်လှသည်။
ထို့ကြောင့် ယခုတစ်ပတ်နည်းပညာကဏ္ဍတွင် အေအိုင်ချစ်ပ် နည်းပညာအကြောင်းကို မိတ်ဆက်ပေးလိုပါသည်။ အလွယ်ပြောရလျှင် အေအိုင်ချစ်ပ်ဆိုသည်မှာ အေအိုင်မိုဒယ်တစ်ခုကို လေ့ကျင့်ရန်နှင့် လေ့ကျင့်ပြီးသား အေအိုင်မိုဒယ် တစ်ခုကို အသုံးချရန် တွက်ချက်မှုအားကောင်းကောင်း၊ မင်မိုရီ မြင့်မြင့်မားမား၊ ချိတ်ဆက်မှုမြန်နှုန်းမြင့် ချစ်ပ်များဟု ဆိုနိုင်သည်။ ပုံမှန်ကွန်ပျူတာတစ်လုံးတွင် စီပီယူ(Central Processing Unit)သည် တွက်ချက်မှုအားလုံး၏ ဗဟိုချက်ဖြစ်သည်။ သို့သော် အေအိုင်နည်းပညာ အသုံးပြုချိန်တွင် စက်သင်ယူမှုဟုဆိုနိုင်သော Machine Learning နှင့် နက်နက်နဲနဲ သင်ယူမှုဟုဆိုနိုင်သော Deep Learning စနစ်များအတွက် ဘီလီယံနှင့်ချီသော တွက်ချက်မှုများကို ဖော်ဆောင်ပေးနိုင်မည့် ချစ်ပ်နည်းပညာ လိုအပ်လာသည်။
ဥပမာ အေအိုင်မိုဒယ်တစ်ခုကို လေ့ကျင့်ပေးရာတွင် မက်ထရစ်မြှောက်ခြင်း၊ ပေါင်းခြင်းလိုမျိုး အတွက်အချက်များစွာကို တစ်ပြိုင်နက်လုပ်ပေးနိုင်ရန် လိုအပ်သည်။ စီပီယူတစ်ခုတည်းဖြင့် ထိုစွမ်းဆောင်ရည်မျိုးမပေးနိုင်။ ထို့ကြောင့် ဂျီပီယူ(Graphics Processing Unit)များကို တွက်ချက်မှုအတွက် ထည့်သုံးကြရသည်။ မူလက ဂိမ်းများနှင့် ဗီဒီယိုများတွင် ပုံထွက်ကောင်းစေရန် ရည်ရွယ်ထုတ်လုပ်ခဲ့သော ဂျီပီယူများသည် အနာဂတ်အေအိုင်နည်းပညာအတွက် အဓိကကျသော အစိတ်အပိုင်းဖြစ်သွားသည့် အလှည့်အပြောင်းကို တွေ့မြင်ခဲ့ရသည်။
ထို့ပြင် အေအိုင်နည်းပညာအတွက် အရေးကြီးသည့် အခြေခံသဘောတရားတစ်ခုမှာ လူသားဦးနှောက်ကိုတုပပြီး အလုပ်လုပ်သည့် နျူရယ်ကွန်ရက်(Neural Network)ဖြစ်သည်။ ထိုကွန်ရက်အတွက်လည်း သီးခြားချစ်ပ်နည်းပညာတစ်မျိုးဖြင့် ပံ့ပိုးပေးလာသည်။ ယင်းကို အင်န်ပီယူ(Neural Processing Unit)ဟု ခေါ်သည်။ သို့ဖြစ်၍ အကြမ်းဖျင်းပြောရလျှင် သာမန်ကွန်ပျူတာတစ်လုံး၌ တွက်ချက်မှုကို စီပီယူ တစ်ခုတည်းက တာဝန်ယူလုပ်ဆောင်သည်။ အေအိုင်ကွန်ပျူတာတစ်လုံးတွင်မူ တွက်ချက်မှုကို စီပီယူ၊ ဂျီပီယူနှင့် အင်န်ပီယူတို့ ပူးတွဲလုပ်ဆောင်သည်။ ထိုသို့လုပ်နိုင်ရန် ရည်ရွယ်ထုတ်လုပ်ထားသော ချစ်ပ်များကို အေအိုင်ချစ်ပ်ဟုခေါ်ပြီး ထိုချစ်ပ်များ ထုတ်လုပ်သည့်နည်းပညာမှာ လက်ရှိကမ္ဘာ့နည်းပညာလောကတွင် ထိပ်တန်းအကျဆုံးပြိုင်ဆိုင်မှုများထဲမှ တစ်ခုဖြစ်လာသည်။
လက်ရှိ AI ချစ်ပ်ဈေးကွက်တွင် အထင်ရှားဆုံး ထုတ်လုပ်ရေးလုပ်ငန်းနှစ်ခုမှာ အင်န်ဗီးဒီးယားနှင့် အေအမ်ဒီဖြစ်သည်။ အင်န်ဗီးဒီးယား၏ နောက်ဆုံး ပေါ် AI နည်းပညာပလက်ဖောင်းဖြစ်သော ဗယ်ရာ ရူဘင် (Vera Rubin) သည် ၂၀၂၆ ခုနှစ်တွင် အရေးပါသည့် ထုတ်ကုန်တစ်ခုဖြစ်လာသည်။ ယင်းပလက်ဖောင်းတွင် ရူဘင် ဂျီပီယူ၊ ဗယ်ရာ စီပီယူ၊ NVLink 6 Switch၊ ConnectX-9 နှင့် အခြားအထောက်အကူပြုချစ်ပ်များကို ပေါင်းစပ်ထားသည်။ ထူးခြားချက်မှာ ဂျီပီယူတစ်လုံး၏ စွမ်းဆောင်ရည်ကိုသာ မြှင့်တင်ခြင်းမဟုတ်ဘဲ ချစ်ပ်များ၊ မင်မိုရီများ၊ ကွန်ရက်များနှင့် ဒေတာစင်တာ တစ်ခုလုံးကို ပေါင်းစပ်ထားသည့် အေအိုင် စူပါကွန်ပျူတာစနစ်တစ်ခုအဖြစ် တည်ဆောက်ထားခြင်းဖြစ်သည်။
ရူဘင်တွင် ထရန်စစ္စတာပေါင်း ၃၃၆ ဘီလီယံ ပါဝင်ပြီး အိပ်ချ်ဘီအမ်-၄ မင်မိုရီ ၂၈၈ ဂစ်ဂါဘိုက်အထိ အသုံးပြုထားသည်။ အိပ်ချ်ဘီအမ်ဆိုသည်မှာ High Bandwidth Memory ကို အတိုကောက်ပြုထားခြင်းဖြစ်သည်။ ဘန်ဝစ်ဒ်ဆိုသည်မှာ ပရိုဆက်ဆာနှင့် မင်မိုရီအကြား ဆက်သွယ်နှုန်းဟုဆိုနိုင်သည်။ အိပ်ချ်ဘီအမ်-၄ တွင် ထိုဆက်သွယ်နိုင်စွမ်း မှာ တစ်စက္ကန့်လျှင် ၂၂ တယ်ရာဘိုက်အထိရှိသည်။ အေအိုင်မိုဒယ်တစ်ခုအတွက် တွက်ချက်မှုမြန်ဆန်ရုံ သာမကဘဲ အချက်အလက် အပေးအယူလုပ်မှု မြန်ဆန်ဖို့လိုအပ်ခြင်းအတွက် ဖြည့်ဆည်းပေးထားသော နည်းပညာဖြစ်သည်။ ထို့ပြင် ဂျီပီယူအချင်းချင်း ချိတ်ဆက်မှုမှာလည်း အရေးပါသည်။ NVLink 6 နည်းပညာသည် ဂျီပီယူအချင်းချင်း ဆက်သွယ်နှုန်း ကို တစ်စက္ကန့်လျှင် ၃ ဒသမ ၆ တယ်ရာဘိုက်အထိ ပံ့ပိုးပေးနိုင်သည်။ NVL72 တွင် ဂျီပီယူ ၇၂ လုံးကို ချိတ်ဆက်ပြီး ကွန်ပျူတာတစ်လုံးတည်းကဲ့သို့ ပူးပေါင်းလုပ်ဆောင်စေနိုင်သည်။
ယင်းမှာ အေအိုင်ချစ်ပ်သဘောကို တီးခေါက်မိစေရန် လက်ရှိ အေအိုင်ချစ်ပ် နည်းပညာလောကကို ဦးဆောင်နေသည့် အင်န်ဗီးဒီးယား၏ အေအိုင်ချစ်ပ်နည်းပညာကို နမူနာအဖြစ် တင်ပြခြင်းဖြစ်ပါသည်။ သို့သော် အေအိုင်ချစ်ပ် နည်းပညာတွင် ကျွန်တော်တို့ ငယ်ငယ်တုန်းက ကွန်ပျူတာချစ်ပ်များ ပြိုင်ဆိုင်မှုလို ကျွန်တော်တို့အခေါ် အိုင်ဘီအမ်နှင့် အက်ပဲလ် နှစ်မျိုးတည်းရှိနေခြင်းမျိုးမဟုတ်။ အပြိုင်ချစ်ပ်ကုမ္ပဏီများကလည်း သူတို့နည်းပညာနှင့်သူတို့ အပြိုင်အဆိုင် ထုတ်လုပ်နေကြခြင်းဖြစ်သည်။
အင်န်ဗီးဒီယား၏ အဓိကပြိုင်ဘက် အေအမ်ဒီကလည်း Instinct MI400 Series ဖြင့် ပြိုင်ဆိုင်လာသည်။ အထူးသဖြင့် MI455X ဂျီပီယူသည် အိပ်ချ်ဘီအမ်-၄ မင်မိုရီ ၄၃၂ ဂျီဘီနှင့် မင်မိုရီ ဘန်းဝစ်ဒ် တစ်စက္ကန့်လျှင် ၂၃ ဒသမ ၃ တီဘီအထိ ရှိသည်။ မင်မိုရီပမာဏနှင့် ဘန်ဝစ်ဒ်အရ အင်န်ဗီးဒီးယား ရူဘင်ထက် ပိုမိုမြင့်မားသည့်အချက်များ ရှိနေသည်။ အေအမ်ဒီ၏ အားသာချက်တစ်ခုမှာ Chiplet Architecture ဖြစ်သည်။ ချစ်ပ်ကြီးတစ်ခုလုံးကို တစ်ခုတည်း ထုတ်လုပ် မည့်အစား လုပ်ငန်းတာဝန်အလိုက် ခွဲခြားထားသည့် ချစ်ပ်ငယ်များကို အဆင့်မြင့်နည်းပညာဖြင့် ပေါင်းစပ်တည်ဆောက်ခြင်းဖြစ်သည်။ ယင်းနည်းပညာသည် ချစ်ပ်ကြီးများ ထုတ်လုပ်ရာတွင် ထုတ်လုပ်မှုအထွက်နှုန်းနှင့် ဒီဇိုင်းပိုင်းဆိုင်ရာ ပြောင်းလွယ်ပြင်လွယ်ရှိမှုတို့အတွက် အကျိုးရှိစေသည်။
အေအမ်ဒီက အပေါ်ယံအားဖြင့် ဟာ့ဒ်ဝဲပိုင်းတွင် ပိုကောင်းသည်ဟု မြင်နိုင်သော်လည်း ဈေးကွက်တွင် အင်န်ဗီးဒီးယားကို မကျော်နိုင်သေးသည့် အကြောင်းရင်းတစ်ခုမှာ ဆော့ဖ်ဝဲဖြစ်သည်။ အင်န်ဗီးဒီးယားမိုဒယ်များအတွက် အဆင်သင့် ဖြစ်နေသော ဆော့ဖ်ဝဲပံ့ပိုးမှုများမှာ အားသာချက်ကြီး တစ်ခုဖြစ်နေသည်။
နောက်ထပ် အဓိကပြိုင်ဘက်တစ်ယောက်ဖြစ်သည့် ဂူဂဲလ်က တီပီယူ(Tensor Processing Unit)နည်းပညာဖြင့် အေအိုင်ချစ်ပ်များ ထုတ်လုပ်သည်။ ပြီးခဲ့သည့် နိုဝင်ဘာလတွင် မိတ်ဆက်ခဲ့သည့် TPU 8tx နှင့် TPU 8i Max တို့သည် လုပ်ငန်းတာဝန်အလိုက် အထူးပြုထားသည့်စနစ်များဖြစ်သည်။ ယင်းတို့က အေအိုင်ချစ်ပ်ဈေးကွက်တွင် အင်န်ဗီး ဒီးယားတစ်ခုတည်းကို အားကိုးရသည့်အခြေအနေမှ အခြားရွေးချယ်စရာများ ပိုမိုများပြားလာကြောင်း ပြသနေသည်။
ယခုလောက်ဆိုလျှင် အေအိုင်ချစ်ပ်များအကြောင်းနှင့် လက်ရှိ အေအိုင်ချစ်ပ်ထုတ်လုပ်ရေး ကုမ္ပဏီများ၏ ပြိုင်ဆိုင်မှုအကြောင်း အနည်းငယ် တီးမိခေါက်မိရှိလောက်ပါပြီ။ အမှတ်မမှားစေချင်သည့်တစ်ချက်မှာ ယခုတင်ပြခဲ့သော ကုမ္ပဏီများသည် အေအိုင်ချစ်ပ်များကို ကိုယ်တိုင်ထုတ်လုပ်နေခြင်းမဟုတ်ဆိုသည့်အချက်ဖြစ်သည်။ ထိုကုမ္ပဏီများသည် အေအိုင်ချစ်ပ်များအတွက် ဒီဇိုင်းများကို သာရေးဆွဲခြင်းဖြစ်သည်။ တကယ်တမ်း ထုတ်လုပ်သည်မှာ တီအက်စ် အမ်စီလိုမျိုး ချစ်ပ်ထုတ်လုပ်ရေးလုပ်ငန်းကြီးများဖြစ်သည်။ ချစ်ပ်ဒီဇိုင်းရေးဆွဲရာတွင်လည်း အထူးပြုဆော့ဖ်ဝဲများ လိုအပ်သည်။ ထို့ကြောင့် ဒီဇိုင်းထုတ်သည့် ကုမ္ပဏီများသည် ဒီဇိုင်းထုတ်နိုင်အောင်ရေးပေးထားသည့် ဆော့ဖ်ဝဲ ကုမ္ပဏီများကို အားကိုးရသည်။ ချစ်ပ်ထုတ်လုပ်ရေးအပိုင်းတွင်လည်း ချစ်ပ်ကို ပုံဖော်နိုင်စေသည့် ကိရိယာများကို ထုတ်လုပ်ပေးသည့်ကုမ္ပဏီများက သပ်သပ်ရှိသည်။ ထိုကုမ္ပဏီများ၏ ကိရိယာများ မရှိလျှင် အကောင်းဆုံးချစ်ပ်များ ထုတ်လုပ်ဖို့မဖြစ်နိုင်။ ထို့ကြောင့် အေအိုင်ချစ်ပ်ထုတ်လုပ်မှုသည် ကမ္ဘာလုံးဆိုင်ရာ ကွန်ရက်ကြီးတစ်ခုဖြစ်လာသည်။ ထိုအကြောင်းကို နောက်အပတ်များတွင် တတ်နိုင်သမျှ ဆက်ပြီးဆွေးနွေးသွားပါမည်။