နေပြည်တော် နိုဝင်ဘာ ၁၅
ပြည်ထောင်စုနယ်မြေ နေပြည်တော် ပုဗ္ဗသီရိမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနအနေဖြင့် အယ်လ်နီညို ရာသီဥတုဖြစ်စဉ်ကြောင့် မွေးမြူရေးတိရစ္ဆာန်များ၏ ကျန်းမာရေးထိခိုက်မှု၊ ထုတ်လုပ်မှု ထိခိုက်မှု ဖြစ်စဉ်များ မဖြစ်ပွားစေရေးအတွက် အယ်လ်နီညိုရာသီဥတုဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို နိုဝင်ဘာ ၁၄ ရက်က ပုဗ္ဗသီရိမြို့နယ် လယ်သာကျေးရွာ၌ ဆောင်ရွက်သည်။
ဟောပြောပွဲတွင် မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာချစ်ဇော်ဦးက ဟောပြောပွဲ ပြုလုပ်ရခြင်း ရည်ရွယ်ချက်နှင့် အယ်လ်နီညို ရာသီဥတုဖြစ်စဉ်ကြောင့် မွေးမြူရေးတိရစ္ဆာန်များ ဆုံးရှုံးမှု မရှိစေရန်၊ ထုတ်လုပ်မှု လျော့ကျမှုမရှိစေရန်အတွက် ရေ၊ အစာကြိုတင် စီမံသိုလှောင်ခြင်း၊ ရောဂါနှင့် အပူဒဏ်မှ ကာကွယ်ခြင်း၊ အရေးပေါ် တုံ့ပြန်မှုများအတွက် ပြင်ဆင်ထားခြင်းတို့နှင့်စပ်လျဉ်း၍ အသိပညာပေး ဟောပြောသည်။
အလားတူ အသိပညာပေး ဟောပြောပွဲများကို ပုဗ္ဗသီရိမြို့နယ် အတွင်းရှိ ငါးစိမ်းအင်း၊ ပုဇွန်ဆိပ်၊ ဝဲကြီး၊ ဘဲကုန်း(တောင်)၊ ရွာသစ်၊ သရက်သမိန်၊ ဇီးကုန်းစသည့် ကျေးရွာများတွင် တစ်ပြိုင်တည်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အောင်ကို(ပုဗ္ဗသီရိ)