စော(NP News)-နိုဝင်ဘာ ၁၅
မုန်တိုင်းငယ်သည် မြန်မာနိုင်ငံသို့ ဦးတည်မရွေ့လျားသော်လည်း ရန်ကုန်တိုင်းဒေသကြီး အပါအဝင် တိုင်းနှင့်ပြည်နယ် (၁၀)ခုတွင် မိုးရွာနိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက အသိပေးထုတ်ပြန်ထားသည်။
ဘင်္ဂလား ပင်လယ်အော်အရှေ့တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလား ပင်လယ်အော်အနောက်တောင်ပိုင်းတို့တွင် ဖြစ်ပေါ်နေသော အားကောင်းသော လေဖိအားနည်းရပ်ဝန်း (Well Marked Low Pressure Area) သည် ပိုမို အားကောင်းလာကာ မုန်တိုင်းငယ် (Depression) အဖြစ်သို့ ရောက်ရှိခဲ့ကြောင်း သိရသည်။
အဆိုပါ မုန်တိုင်းငယ်သည် မြန်မာနိုင်ငံ၊ ကိုကိုးကျွန်းမြို့ (Coco Island) ၏ အနောက်တောင်ဘက် ရေမိုင် (၄၉၀) မိုင်ခန့်၊ အိန္ဒိယနိုင်ငံ၊ ဗီဆာကာပတ္တနမ်မြို့ (Visakhapatnam) ၏ တောင်-အရှေ့တောင်ဘက် ရေမိုင် (၅၆၀) မိုင်ခန့်နှင့် ဂိုလ်ပါပူမြို့ (Gopalpur) ၏ တောင်-အရှေ့တောင်ဘက်ရေမိုင် (၆၂၅) မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေကြောင်း သိရသည်။
မုန်တိုင်းငယ်၏ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့် အခြေအနေမရှိပါသဖြင့် အဝါရောင်အဆင့်ဟု သတ်မှတ်ထားကြောင်း သိရသည်။
အဆိုပါ မုန်တိုင်းငယ်သည် မြောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားနိုင်ပြီး မနက်ဖြန် (နိုဝင်ဘာ (၁၆)ရက်တွင် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက် ရှိသော ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်းတို့၌ ဆိုင်ကလုန်းမုန်တိုင်း (Cyclonic Storm) အဖြစ်သို့လည်းကောင်း၊ နိုဝင်ဘာ (၁၇)ရက်တွင် ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်း၌ အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း (Severe Cyclonic Storm) အဖြစ်သို့လည်းကောင်း ရောက်ရှိနိုင်ကြောင်း မိုးဇလမှခန့်မှန်းထားသည်။
ထို့ကြောင့် ယနေ့(နိုဝင်ဘာ ၁၅ရက်)၊ နေ့လယ်မှ နိုဝင်ဘာ (၁၉)ရက်နေ့အတွင်း တနင်္သာရီ တိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ်နှင့် ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူး တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကယားပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ် တို့တွင် နေရာကွက်ကျားမှ နေရာကျဲကျဲ မိုးထစ်ချုန်းရွာမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ မုန်တိုင်းငယ်ကြောင့် မိုးသည်းထန်စွာ ရွာသွန်းခြင်းနှင့်အတူ လေပြင်း တိုက်ခတ်ခြင်း၊ ရုတ်တရက်ရေကြီးခြင်းနှင့် မြေပြိုခြင်းစသည့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်နိုင်၍ ကုန်းမြင့်ဒေသအနီးတွင် နေထိုင်ကြသူများအနေဖြင့် မြေပြိုမှုအန္တရာယ်နှင့် မြစ်ငယ်၊ ချောင်းငယ်များ အနီးတွင် နေထိုင်ကြသူများအနေဖြင့် ရေကြီး၊ ရေလျှံမှုများကို ကြိုတင်သတိပြုနိုင်ရန်နှင့် ပြည်တွင်း လေကြောင်းပျံသန်းရေး၊ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေးငါးဖမ်းရေယာဉ်များ၊ သင်္ဘောများအနေဖြင့်လည်း ကြိုတင်သတိပြုရှောင်ရှားနိုင်ရန် မိုးဇလမှ အသိပေးထုတ်ပြန်ထားသည်။
zawgyi version
မုန္တိုင္းငယ္သည္ ျမန္မာႏိုင္ငံသို႔ ဦးတည္မေ႐ြ႕လ်ားေသာ္လည္း ရန္ကုန္အပါအဝင္ တိုင္းႏွင့္ျပည္နယ္ (၁၀)ခုတြင္ မိုး႐ြာႏိုင္
ေစာ(NP News)-ႏိုဝင္ဘာ ၁၅
မုန္တိုင္းငယ္သည္ ျမန္မာႏိုင္ငံသို႔ ဦးတည္မေ႐ြ႕လ်ားေသာ္လည္း ရန္ကုန္တိုင္းေဒသႀကီး အပါအဝင္ တိုင္းႏွင့္ျပည္နယ္ (၁၀)ခုတြင္ မိုး႐ြာႏိုင္ေၾကာင္း မိုးေလဝသႏွင့္ဇလေဗဒၫႊန္ၾကားမႈဦးစီးဌာနက အသိေပးထုတ္ျပန္ထားသည္။
ဘဂၤလား ပင္လယ္ေအာ္အေရွ႕ေတာင္ပိုင္းႏွင့္ ယင္းႏွင့္ဆက္စပ္လ်က္ရွိေသာ ဘဂၤလား ပင္လယ္ေအာ္အေနာက္ေတာင္ပိုင္းတို႔တြင္ ျဖစ္ေပၚေနေသာ အားေကာင္းေသာ ေလဖိအားနည္းရပ္ဝန္း (Well Marked Low Pressure Area) သည္ ပိုမို အားေကာင္းလာကာ မုန္တိုင္းငယ္ (Depression) အျဖစ္သို႔ ေရာက္ရွိခဲ့ေၾကာင္း သိရသည္။
အဆိုပါ မုန္တိုင္းငယ္သည္ ျမန္မာႏိုင္ငံ၊ ကိုကိုးကြၽန္းၿမိဳ႕ (Coco Island) ၏ အေနာက္ေတာင္ဘက္ ေရမိုင္ (၄၉၀) မိုင္ခန႔္၊ အိႏၵိယႏိုင္ငံ၊ ဗီဆာကာပတၱနမ္ၿမိဳ႕ (Visakhapatnam) ၏ ေတာင္-အေရွ႕ေတာင္ဘက္ ေရမိုင္ (၅၆၀) မိုင္ခန႔္ႏွင့္ ဂိုလ္ပါပူၿမိဳ႕ (Gopalpur) ၏ ေတာင္-အေရွ႕ေတာင္ဘက္ေရမိုင္ (၆၂၅) မိုင္ခန႔္အကြာ ပင္လယ္ျပင္ကို ဗဟိုျပဳေနေၾကာင္း သိရသည္။
မုန္တိုင္းငယ္၏ လက္ရွိအေျခအေနမွာ ျမန္မာႏိုင္ငံဘက္သို႔ ဦးတည္ေ႐ြ႕လ်ားမည့္ အေျခအေနမရွိပါသျဖင့္ အဝါေရာင္အဆင့္ဟု သတ္မွတ္ထားေၾကာင္း သိရသည္။
အဆိုပါ မုန္တိုင္းငယ္သည္ ေျမာက္-အေနာက္ေျမာက္ဘက္သို႔ ေ႐ြ႕လ်ားႏိုင္ၿပီး မနက္ျဖန္ (ႏိုဝင္ဘာ (၁၆)ရက္တြင္ ဘဂၤလားပင္လယ္ေအာ္ေတာင္ပိုင္းႏွင့္ ယင္းႏွင့္ဆက္စပ္လ်က္ ရွိေသာ ဘဂၤလားပင္လယ္ေအာ္အေနာက္အလယ္ပိုင္းတို႔၌ ဆိုင္ကလုန္းမုန္တိုင္း (Cyclonic Storm) အျဖစ္သို႔လည္းေကာင္း၊ ႏိုဝင္ဘာ (၁၇)ရက္တြင္ ဘဂၤလားပင္လယ္ေအာ္ အေနာက္အလယ္ပိုင္း၌ အားေကာင္းေသာဆိုင္ကလုန္းမုန္တိုင္း (Severe Cyclonic Storm) အျဖစ္သို႔လည္းေကာင္း ေရာက္ရွိႏိုင္ေၾကာင္း မိုးဇလမွခန႔္မွန္းထားသည္။
ထို႔ေၾကာင့္ ယေန႔(ႏိုဝင္ဘာ ၁၅ရက္)၊ ေန႔လယ္မွ ႏိုဝင္ဘာ (၁၉)ရက္ေန႔အတြင္း တနသၤာရီ တိုင္းေဒသႀကီး၊ ကရင္ျပည္နယ္ႏွင့္ မြန္ျပည္နယ္တို႔တြင္ ေနရာစိပ္စိပ္ႏွင့္ ရန္ကုန္တိုင္းေဒသႀကီး၊ ပဲခူး တိုင္းေဒသႀကီး၊ ဧရာဝတီတိုင္းေဒသႀကီး၊ ကယားျပည္နယ္၊ ခ်င္းျပည္နယ္၊ ရခိုင္ျပည္နယ္ႏွင့္ ရွမ္းျပည္နယ္ တို႔တြင္ ေနရာကြက္က်ားမွ ေနရာက်ဲက်ဲ မိုးထစ္ခ်ဳန္း႐ြာမည္ျဖစ္ေၾကာင္း သိရသည္။
အဆိုပါမုန္တိုင္းငယ္ေၾကာင့္ မိုးသည္းထန္စြာ ႐ြာသြန္းျခင္းႏွင့္အတူ ေလျပင္း တိုက္ခတ္ျခင္း၊ ႐ုတ္တရက္ေရႀကီးျခင္းႏွင့္ ေျမၿပိဳျခင္းစသည့္ သဘာဝေဘးအႏၲရာယ္မ်ား ျဖစ္ေပၚႏိုင္၍ ကုန္းျမင့္ေဒသအနီးတြင္ ေနထိုင္ၾကသူမ်ားအေနျဖင့္ ေျမၿပိဳမႈအႏၲရာယ္ႏွင့္ ျမစ္ငယ္၊ ေခ်ာင္းငယ္မ်ား အနီးတြင္ ေနထိုင္ၾကသူမ်ားအေနျဖင့္ ေရႀကီး၊ ေရလွ်ံမႈမ်ားကို ႀကိဳတင္သတိျပဳႏိုင္ရန္ႏွင့္ ျပည္တြင္း ေလေၾကာင္းပ်ံသန္းေရး၊ ျမန္မာ့ကမ္း႐ိုးတန္းတစ္ေလွ်ာက္ႏွင့္ ကမ္းလြန္ပင္လယ္ျပင္တို႔ရွိ ကမ္းနီး၊ ကမ္းေဝးငါးဖမ္းေရယာဥ္မ်ား၊ သေဘၤာမ်ားအေနျဖင့္လည္း ႀကိဳတင္သတိျပဳေရွာင္ရွားႏိုင္ရန္ မိုးဇလမွ အသိေပးထုတ္ျပန္ထားသည္။