Xinhua Myanmar

ယူနန်ပြည်နယ် အယ်ယွမ်ခရိုင်တွင် တောင်တန်းတစ်ခွင် တိမ်ပင်လယ်နှင့် ဆီးနှင်းရှုခင်း လွှမ်းခြုံလျက်ရှိ


တာ့လီ၊ နိုဝင်ဘာ ၁၅ ရက် (ဆင်ဟွာ)

ဆောင်းပျိုးစရာသီချိန်အလွန် ယူနန်ပြည်နယ် တာ့လီ ပိုင်လူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်ခွဲ  အယ်ယွမ်ခရိုင် ကုန်းပြင်မြင့်ဒေသတွင် ယခုနှစ်ဆောင်းရာသီ၏ ပထမဆုံးအကြိမ် ဆီးနှင်းများ ကျဆင်းလာခဲ့ပါပြီ။ နှင်းပွင့်လွှာလေးများက လေထဲတွင် လွင့်ပျံဝဲကျလာနေပြီး သစ်ကိုင်းသစ်ခတ်များအပေါ်တွင် နှင်းခဲများအဆုပ်လိုက်စုပုံတင်ကျန်နေသလို တောင်ကြားများတွင် တိမ်ပင်လယ်များ ရွေ့လျားလျက်ရှိသည်။ တောတောင်၊ လွင်ပြင်နှင့် ကျေးရွာများတွင် ငွေရောင်ဝတ်ရုံ ခြုံလွှမ်းသွားပြီး ကမ္ဘာမြေပြင်တစ်ခုလုံး အဖြူရောင်အတိ ဖြစ်နေသည်။ ကုန်းမြင့်ဒေသ၌ ဖြန့်ကြက်ထားသော ဆီးနှင်းရှုခင်းသည် တိတ်ဆိတ်ငြိမ်သက်နေပြီး ဆောင်းရာသီ တောတောင်ရေမြေ ပန်းချီကားချပ်အလား တင့်တယ်လှပလျက်ရှိသည်ကို တွေ့မြင်နိုင်ပါသည်။ (Xinhua)

---------------------

(Chinese Version)

云南洱源云海雪景漫山来

【解说】立冬过后,云南省大理白族自治州洱源县高海拔地区迎来今冬首场降雪。雪花纷飞,枝头凝起雾凇,云海在山间涌动。山林、田野与村落披上银装,天地一片素白。雪景铺展高原,静谧清新,宛如一幅舒展的冬日山水画卷。

王贤思、罗新才、年耀红、阿可 云南洱源报道。(完)

မူရင်းသတင်း — Xinhua Myanmar