ရန်ကုန် နိုဝင်ဘာ ၁၅
မြန်မာနိုင်ငံ ဂေါက်သီးအားကစားအဖွဲ့ချုပ်၏ ပံ့ပိုးကူညီမှု၊ အထက်မြန်မာပြည်ဂေါက်သီးအဖွဲ့ချုပ် ဆပ်ကော်မတီ၏ လမ်းညွှန်ကြီးကြပ်မှုဖြင့် Pro Myo Win Aung Association (PMA) ဂေါက်သီးရိုက်အသင်း၏ ဒုတိယအကြိမ် သီတင်းကျွတ်ဖလား Tour Pro နှင့် Amateur ဖိတ်ခေါ် ဂေါက်သီးရိုက်ပြိုင်ပွဲနှင့် အသင်းသား အသင်းသူများ စုံညီ ဂေါက်သီးရိုက်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲကို နိုဝင်ဘာ ၁၄ ရက်က ကျင်းပသည်။
ပြိုင်ပွဲများအပြီးတွင် ဆုပေးပွဲကို Mingalar Mandalay Hotel ၌ ပြုလုပ်ရာ မြန်မာနိုင်ငံဂေါက်သီး အားကစားအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးကိုကိုအေး၊ PMA အသင်းဥက္ကဋ္ဌ ဦးကိုဦးနှင့် ပြိုင်ပွဲအား အဓိကကူညီပေးသော Auto Avenue Luxury Car Showroom Founder & CEO ဦးအောင်ဗိုလ်ဇော်တို့က အမှာစကားပြောကြားသည်။
ဆက်လက်၍ မြန်မာနိုင်ငံ ဂေါက်သီးအားကစားအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌနှင့် အထက်မြန်မာပြည် ဂေါက်သီးအားကစား အဖွဲ့ချုပ် ဆပ်ကော်မတီဥက္ကဋ္ဌ ဦးတင်ကိုကို၊ မြန်မာနိုင်ငံ ဂေါက်သီးအားကစားအဖွဲ့ချုပ် တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးအောင်ကိုဇော်၊ ဗဟိုအလုပ်အမှုဆောင် ဦးစိုးနှင့် တာဝန်ရှိသူများက အသင်းလိုက်ပြိုင်ပွဲတွင် ဒုတိယဆုရ GMGA အသင်း၊ ပထမဆုရ Man City အသင်းအား လည်းကောင်း၊ ငွေတန်းနှင့် ကြေးတန်းတို့တွင် တတိယဆုရ ဦးကျော်မိုးဦးနှင့် ဦးကျော်ဇေလတ်၊ ရွှေအဆင့် တတိယဆုရ ဇွဲထက်အောင်၊ ကြေးအဆင့် ဒုတိယဆုရ ဦးပြည့်ဖြိုးဦး၊ ငွေအဆင့် ဒုတိယဆုရ ဦးနေဇာလင်း၊ ရွှေအဆင့် ဒုတိယဆုရ ဦးသိန်းနိုင်ဦးတို့အား ဆုများပေးအပ်ချီးမြှင့်သည်။ ယင်းနောက် မြန်မာနိုင်ငံ ဂေါက်သီးအားကစား အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးကိုကိုအေးက ကြေးအဆင့် ပထမဆုရရှိသော ဦးကျော်မျိုးဝင်း၊ ငွေအဆင့် ပထမဆုရရှိသော ဦးအောင်ကျော်ဇော၊ ငွေအဆင့်အကျောမဲ့ ပထမဆုရရှိသော ဦးမျိုးမင်းသူ၊ ရွှေအဆင့် ပထမဆုရရှိသော ဦးစောထိန်းသိန်းတို့အား ဆုများပေးအပ် ချီးမြှင့်သည်။
ထို့နောက် ဝါသနာရှင်အဆင့်တွင် စုစုပေါင်းရိုက်ချက် ၃၀၅ ချက်ဖြင့် ပထမဆုရရှိသော ပြည့်ဖြိုးအောင်အား PMA အသင်းဥက္ကဋ္ဌ ဦးကိုဦးက လည်းကောင်း၊ Tour Pro အဆင့်ပြိုင်ပွဲတွင် စုစုပေါင်းရိုက်ချက် ၂၈၉ ချက်ဖြင့် ပထမဆုရရှိသွားသော သီဟဌေးအား မြန်မာနိုင်ငံ ဂေါက်သီးအားကစားအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးကိုကိုအေးက လည်းကောင်း၊ ဆုကြေးငွေချက်လက်မှတ်ကို PMA အသင်း ဒုတိယဥက္ကဋ္ဌ ဦးအောင်ဗိုလ်ဇော်က လည်းကောင်း ပေးအပ်ချီးမြှင့်သည်။
ပြိုင်ပွဲကို မန္တလေးမြို့ရှိ ရေတံခွန်တောင်ဂေါက်ကွင်း၌ နိုဝင်ဘာလ ၁၁ ရက်မှ ၁၄ ရက်အထိ လေးရက်ကြာ ကျင်းပခဲ့ကြောင်း သိရသည်။
သတင်း-ချစ်ကိုကို
ဓာတ်ပုံ - MGF