Xinhua Myanmar

ဓာတ်ပုံ ကိုယ်ရေးကိုယ်တာလုံခြုံမှု ပြဿနာများကြောင့် အီတလီက မက်တာ (Meta) ကို ယူရို သန်း ၈၀၀ ကျော် ဒဏ်ငွေ ချမှတ်

အမေရိကန်နိုင်ငံ ဆန်ဖရန်စစ္စကိုပင်လယ်အော်ဒေသတွင် “Meta” ဆိုင်းဘုတ်ရှေ့တွင် ရပ်နေသော အမျိုးသမီးတစ်ဦးအား ၂၀၂၁ ခုနှစ် အောက်တိုဘာ ၂၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ရောမ၊ နိုဝင်ဘာ ၁၆ ရက် (ဆင်ဟွာ)

မက်တာ (Meta) ပလက်ဖောင်းကုမ္ပဏီ၏ အိုင်ယာလန်နိုင်ငံရှိ ကုမ္ပဏီခွဲကို ယူရို ၈၀၅ သန်း (အမေရိကန်ဒေါ်လာ ၈၈၇ သန်းခန့်) ဒဏ်ငွေ ချမှတ်ခဲ့ကြောင်း အီတလီနိုင်ငံ ဒေတာကာကွယ်စောင့်ရှောက်ရေး အာဏာပိုင်အဖွဲ့က နိုဝင်ဘာ ၁၄ ရက်တွင် ကြေညာချက်ထုတ်ပြန်ခဲ့ပြီး အကြောင်းရင်းမှာ အဆိုပါကုမ္ပဏီသည် အန်းဒရွိုက်အသုံးပြုသူများ၏ ခွင့်ပြုချက်မရှိဘဲ ဖုန်းဓာတ်ပုံအယ်လ်ဘမ် အချက်အလက်များကို ရယူခဲ့ခြင်းကြောင့် ဖြစ်သည်။

မက်တာ အိုင်ယာလန် ကုမ္ပဏီသည် အန်းဒရွိုက် စက်ပစ္စည်းများရှိ ဖေ့စ်ဘွတ်ခ် အက်ပ်မှတစ်ဆင့် အီတလီ အသုံးပြုသူများ၏ စမတ်ဖုန်းများအတွင်း သိမ်းဆည်းထားသော ဓာတ်ပုံများ၊ ဗီဒီယိုများနှင့် ဆက်စပ် မက်တာဒေတာများကို ဝင်ရောက်ကြည့်ရှုခဲ့ပြီး အသုံးပြုသူများ၏ သီးသန့် သဘောတူညီချက်ကို ကြိုတင် ရယူခဲ့ခြင်းမရှိသည့်အပြင် အသုံးပြုသူများကိုလည်း လုံလောက်စွာ အသိပေးခြင်း မပြုခဲ့ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

ကြေညာချက်အရ ဤဒဏ်ငွေ ချမှတ်မှုသည် “ဖေ့စ်ဘွတ်ခ် ကြည့်ရှုစဉ် အယ်လ်ဘမ်မှ အကြံပြုချက်များ ရယူခြင်း” ဟု အမည်ရသော လုပ်ဆောင်ချက်တစ်ခုနှင့် သက်ဆိုင်သည်။ ထိုလုပ်ဆောင်ချက်ကို ၂၀၂၃ ခုနှစ်မှစ၍ ပံ့ပိုးပေးခဲ့ပြီး အသုံးပြုသူများ ဖေ့စ်ဘွတ်ခ် ကြည့်ရှုစဉ်         အက်ပ်သည် ဖုန်း၏ ဓာတ်ပုံအယ်လ်ဘမ်မှ ဓာတ်ပုံများနှင့် ဗီဒီယိုများကို ရွေးချယ်ကာ ၎င်းတို့ကို ပို့စ်တင်နိုင်သည့် အကြောင်းအရာများအဖြစ် အကြံပြုပေးသည်။

အီတလီ ဒေတာကာကွယ်ရေးအာဏာပိုင်အဖွဲ့က ဤအမှု၏သက်ရောက်ခံရသူအရေအတွက်များပြားခြင်း၊ စုံစမ်းစစ်ဆေးမှု လုပ်ငန်းစဉ်အတွင်း ကုမ္ပဏီ၏ ပူးပေါင်းဆောင်ရွက်မှု နည်းပါးခြင်း စသည့် အကြောင်းရင်း အမျိုးမျိုးကို အခြေခံ၍ ဒဏ်ငွေ ပမာဏကို သတ်မှတ်ခဲ့ခြင်း ဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

ဒဏ်ငွေ ချမှတ်မှု ဆုံးဖြတ်ချက်အရ အဆိုပါကုမ္ပဏီသည် ရက် ၆၀ အတွင်း ဤလုပ်ဆောင်ချက်ကို default အနေဖြင့် ပိတ်ထားသည့်ပုံစံ ဖြစ်စေရမည်ဖြစ်ပြီး ယင်းတွင် ယခင်က ဖုန်း၏ ဓာတ်ပုံအယ်လ်ဘမ်ကို အက်ပ်အား ဝင်ရောက်ကြည့်ရှုခွင့် ပေးအပ်ထားသည့် အသုံးပြုသူများကိုလည်း ထည့်သွင်း ဆောင်ရွက်ရမည် ဖြစ်သည်။ တစ်ချိန်တည်းမှာပင် ထိုကုမ္ပဏီသည် သီးသန့်၊ တိကျရှင်းလင်းသော နည်းလမ်းဖြင့် အသုံးပြုသူများ၏ သဘောတူညီချက်ကို ရယူရမည် ဖြစ်ပြီး ဤလုပ်ဆောင်ချက်၏ အသုံးပြုမှုရည်ရွယ်ချက်၊ ဖုန်း၏ ဓာတ်ပုံအယ်လ်ဘမ်ကို ဝင်ရောက်ကြည့်ရှုမှုနှင့် သက်ဆိုင်သော အခြေအနေများ၊ ပိတ်သိမ်းသည့် နည်းလမ်း စသည်တို့ကို အသုံးပြုသူများအား ရှင်းလင်းစွာ တင်ပြရမည် ဖြစ်သည်။ (Xinhua)

………………………..

(Chinese Version)

意大利因照片隐私问题对元宇宙罚款超8亿欧元

新华社罗马11月14日电(记者高婧妍)意大利数据保护局14日发布公告说,已对元宇宙平台公司(Meta)旗下爱尔兰公司处以8.05亿欧元(约合8.87亿美元)罚款,原因是该公司在未经安卓用户同意情况下获取手机相册信息。  

公告说,Meta爱尔兰公司通过安卓设备上的脸书应用程序,访问了存储在意大利用户智能手机中的照片、视频及相关元数据,事先未获得用户专项同意,也未向用户作出充分告知。  

根据公告,此次处罚涉及一项名为“浏览脸书时从相册获取推荐”的功能。该功能自2023年起提供,用户浏览脸书时,应用会从手机相册中选取照片和视频,作为可供发布的素材向用户推荐。  

公告说,意大利数据保护局基于多重因素确定罚款金额,包括该案受影响人数众多、公司在调查过程中配合度较低等。  

根据处罚决定,该公司须在60天内将该功能设置为默认关闭,对象包括此前已授权应用访问手机相册的用户。同时,该公司须通过单独、明确的方式征求用户同意,并向用户清楚说明该功能的用途、涉及访问手机相册的情况以及关闭方法。(完)

图说:2021年10月29日,在美国旧金山湾区,一名女子站在“元”标志牌前。新华社记者吴晓凌摄

မူရင်းသတင်း — Xinhua Myanmar