
ကိုဖြိုး (NP News) - နိုဝင်ဘာ ၁၅
စစ်ကိုင်းမြို့ကုတင်(၃၀၀)ဆန့်ပြည်သူ့ဆေးရုံကြီးတွင်ပျက်စီးနေသော ခွဲစိတ်ခန်;သုံးဓါတ်လှေကားနှင့် အောက်စီဂျင်စက်တို့ကိုယခုဘဏ္ဍာနှစ်အတွင်းပြုပြင်ပေးနေကြောင်း ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာတင်ထွန်းက ပြည်သူ့လွှတ်တော်တွင်ဖြေကြားခဲ့သည်။
ယနေ့ နိုဝင်ဘာ(၁၆ )ရက် ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် စစ်ကိုင်းမဲဆန္ဒနယ်ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဦးသက်ပုံ စစ်ကိုင်းမြို့ပြည်သူ့ဆေးရုံကြီး၌ ဝန်ထမ်းများခန့်ထားပေးရန်၊ ဓါတ်လှေကားနှင့် Oxygen Plan အမြန်ပြန်လည်ပြုပြင်ပေးရန်ရှိမရှိ မေးခွန်း ကိုပြန်လည်ဖြေကြားရာတွင် ထည့်သွင်း ပြောကြားသွားခြင်းဖြစ်သည်။
စစ်ကိုင်းခရိုင်အတွင်း နယ်မြေမတည်ငြိမ်မှုကြောင့် တိုက်နယ်ဆေးရုံများဖွင့်လှစ်နိုင်ခြင်းမရှိသဖြင့် ဒေသခံအများစုမှာ စစ်ကိုင်းမြို့ကုတင်(၃၀၀)ဆန့် ပြည်သူ့ဆေးရုံကြီးအား မှီခိုနေရကြောင်းနှင့် ငလျင်ဒါဏ်ကြောင့်ပျက်စီးသွားသည့်ဆေးရုံ အစိတ်အပိုင်းများကိုအမြန်ဆုံးပြန်လည်ပြင်ဆင်ပေးစေလိုကြောင်း သက်ဆိုင်ရာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်က မေးခွန်းထုတ်ခဲ့သည်။
ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးကပြန်လည်ဖြေကြားရာတွင် တစ်ရက်လျှင် ပျဉ်းမျှလူနာ ပြင်ပလူနာ(၁၂၀)ဦးခန့်နှင့်အတွင်းလူနာ(၇၂)ခန့်ရှိရာ ဆရာဝန်နှင့် လူနာအချိုးကိုက်ညီလျှက်ရှိကြောင်း သစ်လွင်ဆရာဝန်နှင့် သူနာပြုများခွဲတမ်းအလိုက်ရရှိလာပါက ဆက်လက်ခန့်ထားသွားမည်ဟု ပြောကြားသည်။
ထိုအပြင် ပျက်စီးနေသည် ခွဲစိတ်ခန်းသုံးဓါတ်လှေကားနှင့် အောက်ဆီဂျင်စက်များကို ယခုဘဏ္ဍာနှစ်အတွင်း ပြုပြင်ပေးသွားမည်ဟုပြောသည်။
စစ်ကိုင်းခရိုင်အတွင်း စစ်ကိုင်းမြို့နယ်၊ မြင့်းမူမြို့နယ်နှင့် မြောင်မြို့နယ်တို့ ပါဝင်ပြီးအိမ်ထောင်စုပေါင်း (၁၂၈၀၀၀) ခန့်နှင့်လူဦးရေပေါင်း ငါးသိန်းခွဲကျော်နေထိုင်ကြောင်းသိရသည်။