Xinhua Myanmar

အက်သလက်တီကိုမက်ဒရစ်အသင်းအတွက် ထိုးနှက်ချက်ဖြစ်ခဲ့သည့် လွတ်ခ်မန်း၏ ဒဏ်ရာ

မက်ဒရစ်၊ နိုဝင်ဘာ ၁၆ ရက် (ဆင်ဟွာ)

နိုင်ဂျီးရီးယားတောင်ပံကစားသမား လွတ်ခ်မန်းသည် နိုင်ငံအသင်းအတွက် ပါဝင်ကစားနေစဉ် ဒူးအရွတ်ဒဏ်ရာ ရရှိသွားခဲ့သောကြောင့် အက်သလက်တီကိုမက်ဒရစ်အသင်းအတွက် ထိုးနှက်ချက်တစ်ရပ် ဖြစ်လာခဲ့သည်။

တန်ဇန်နီးယားအသင်းနှင့် ယှဉ်ပြိုင်ကစားချိန်တွင် လွတ်ခ်မန်း ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ပြီး အဆိုပါဒဏ်ရာကို ကုသမှုခံယူရန် စပိန်နိုင်ငံသို့ ပြန်လာမည် ဖြစ်သည်။

လွတ်ခ်မန်းသည် တန်ဇန်နီးယားအသင်းနှင့် ယှဉ်ပြိုင်ရမည့် နိုင်ဂျီးရီးယားအသင်း၏ နောက်ထပ်ပွဲစဉ်ကို လွဲချော်မည်ဖြစ်သည်။ ထို့ပြင် အက်သလက်တီကိုအသင်း၏ နောက်ထပ် ၃ ပွဲဖြစ်သော ဂီတာဖေး၊ အယ်လ်ချီအသင်းတို့နှင့် လာလီဂါပွဲစဉ်များ၊ ဗိုက်ကင်း FK အသင်းနှင့် ချန်ပီယံလိဂ်ပွဲစဉ်တို့တွင် ပါဝင်နိုင်ရန် မသေချာသော်လည်း ကလပ်အသင်းကမူ ၎င်းမည်မျှကြာကြာ အနားယူရမည်ကို အတည်ပြုထားခြင်း မရှိသေးပေ။

ယင်းနောက် အက်သလက်တီကိုအသင်းသည် စပိန်စူပါဖလားပြိုင်ပွဲကြောင့် ဖေဖော်ဝါရီလမှ ရှေ့တိုးကစားရမည့် လာလီဂါပွဲစဉ်တွင် ဘာစီလိုနာအသင်းနှင့် ရင်ဆိုင်ရမည်ဖြစ်ရာ အဆိုပါပွဲ၌ လွတ်ခ်မန်း ပါဝင်ကစားနိုင်ခြင်း ရှိ၊ မရှိမှာ ၎င်း၏ ဒဏ်ရာပြင်းထန်မှု အခြေအနေအပေါ်တွင် မူတည်နေသည်။

ဖေဖော်ဝါရီလအတွင်း အက်သလက်တီကိုအသင်းထံ ပြောင်းရွှေ့လာခဲ့သည့် လွတ်ခ်မန်းသည် ချက်ချင်းဆိုသလို ခြေစွမ်းပြသထားနိုင်ခဲ့ပြီး ယမန်နှစ်ရာသီ၏ ဒုတိယရာသီဝက်အတွင်း ပွဲပေါင်း ၂၀ ပါဝင်ကစားခဲ့ရာ၌ ၆ ဂိုးသွင်းယူပြီး ဂိုးဖန်တီးမှု ၂ ကြိမ် ပြုလုပ်ပေးနိုင်ခဲ့သည်။ သို့သော် ၎င်းသည် ယခုရာသီတွင်မူ ယင်းခြေစွမ်းမျိုးကို ပြန်လည်ပြသနိုင်ရန် ရုန်းကန်နေရပြီး ပွဲပေါင်း ၁၅ ပွဲ ကစားထားရာတွင် ၂ ဂိုးသာ သွင်းယူထားနိုင်ကာ အဆိုပါပွဲများအနက် ပွဲအချို့ကို လူစားဝင်ရောက်မှုအဖြစ်သာ ပါဝင်ကစားခဲ့ရသည်။ (Xinhua)

………………

(English version)

Lookman injury setback for Atletico Madrid

MADRID, Nov. 15 (Xinhua) -- Atletico Madrid has suffered an injury setback after Nigerian winger Ademola Lookman sprained a knee ligament while on international duty.

Lookman sustained the injury while playing against Tanzania and will return to Spain for treatment.

He will miss Nigeria's return match against Tanzania and is also a major doubt for Atletico's next three matches, against Getafe and Elche in La Liga and Viking FK in the Champions League, although the club has yet to confirm how long he will be sidelined.

Atletico will then face FC Barcelona in another La Liga match brought forward from February due to the Spanish Super Cup, with Lookman's availability depending on the severity of his injury.

Lookman made an immediate impact after joining Atletico in February, scoring six goals and providing two assists in 20 appearances during the second half of last season. However, he has struggled to reproduce that form this season, scoring twice in 15 appearances, several of which have come as a substitute. ■

မူရင်းသတင်း — Xinhua Myanmar