
မနီလာ၊ နိုဝင်ဘာ ၁၆ ရက် (ဆင်ဟွာ)
“အခြေခံအဆောက်အအုံ၊ အပြန်အလှန် ချိတ်ဆက်မှုနှင့် အဆင့်မြင့် ကုန်ထုတ်လုပ်မှု နယ်ပယ်တွေမှာ တရုတ်နိုင်ငံရဲ့ အတွေ့အကြုံတွေဟာ ရေရှည်အမြင်ခံယူချက်နဲ့ ဟန်ချက်ညီညီ ဖွံ့ဖြိုးတိုးတက်ရေး တန်ဖိုးထားမှု အယူအဆများကို လက်ကိုင်ထားပြီး အာရှ-ပစိဖိတ် စီးပွားရေး တစ်သားတည်း ပေါင်းစည်းမှုကို တွန်းအားပေးရာမှာ အရေးကြီးအခန်းကဏ္ဍကနေ ပါဝင်နေကာ ဒေသတွင်း စီးပွားရေးအစုအဖွဲ့တွေရဲ့ စီးပွားရေး အသွင်ကူးပြောင်းမှုအတွက် အကျိုးရှိတဲ့ လေ့လာစရာတွေကို ပေးစွမ်းနေပါတယ်” ဟု အာရှ-ပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (APEC) စီးပွားရေး အကြံပေးကောင်စီ (ABAC) အတွင်းရေးမှူးရုံး ညွှန်ကြားရေးမှူး အန်တိုနီယို ဘာစီလီအို က မကြာသေးမီက ဆင်ဟွာသတင်းဌာနနှင့် သီးသန့် တွေ့ဆုံမေးမြန်းခန်းတွင် ပြောကြားခဲ့သည်။
“တရုတ်နိုင်ငံက ဒေသတွင်း အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အားကောင်းတဲ့ ကျားကန်ပံ့ပိုးမှုတွေ ပေးခဲ့ပါတယ်။ အထူးသဖြင့် တည်ဆောက်မှု ပမာဏ၊ နည်းပညာ စွမ်းပကားနှင့် ဘဏ္ဍာငွေကြေး ထောက်ပံ့မှု အပိုင်းတွေမှာ ပေါ်လွင်ထင်ရှားပါတယ်” ဟု ၎င်းက ဆိုသည်။ တရုတ်နိုင်ငံက ပါဝင်တည်ဆောက်ပြီး ပံ့ပိုးပေးထားသည့် အင်ဒိုနီးရှားနိုင်ငံ ဂျကာတာ-ဘန်ဒေါင်း မြန်နှုန်းမြင့် ရထားလမ်းနှင့် မလေးရှားနိုင်ငံ ကွမ်တန်ဆိပ်ကမ်း စသည်တို့သည် ဒေသခံပြည်သူများ၏ ဆေးကုသမှု ခံယူခြင်းနှင့် ကျောင်းတက်ခြင်းတို့ကို လွယ်ကူအဆင်ပြေစေခဲ့သလို ဒေသတွင်း တောင်သူလယ်သမားများ၏ အသက်မွေးဝမ်းကျောင်းကဏ္ဍကို တည်ငြိမ်စေခဲ့ပြီး စီးပွားရေးလုပ်ငန်းများ ကမ္ဘာလုံးဆိုင်ရာ ထောက်ပံ့ရေးကွင်းဆက်တွင် ပါဝင်နိုင်ရန်လည်း အထောက်အကူ ပြုခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။
ဒစ်ဂျစ်တယ် စီးပွားရေး ကဏ္ဍတွင် တရုတ်နိုင်ငံ၏ e-commerce ၊ မိုဘိုင်းငွေပေးချေမှုနှင့် ဉာဏ်ရည်မြင့် ထောက်ပံ့ပို့ဆောင်ရေး စသည့် အသုံးချမှုများသည် စီးပွားရေးလုပ်ငန်းများအား ဝယ်ယူအားပေးသူများနှင့် ပိုမိုလျင်မြန်စွာ ထိတွေ့ဆက်သွယ်နိုင်ရန်၊ ကုန်ကျစရိတ် လျှော့ချရန်နှင့် ကုန်ထုတ်လုပ်မှု စွမ်းအား မြှင့်တင်ရန် ကူညီပေးလျက်ရှိကြောင်း၊ အစိမ်းရောင် အသွင်ကူးပြောင်းရေး ကဏ္ဍတွင်လည်း တရုတ်နိုင်ငံ၏ လျှပ်စစ်ကားများ၊ ဆိုလာပြားများနှင့် လေအားလျှပ်စစ် တာဘိုင်များသည် ဆန်းသစ်တီထွင်မှုက စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှင့် သဘာဝပတ်ဝန်းကျင် ရေရှည်တည်တံ့ခိုင်မြဲမှုတို့ကို တစ်ပြိုင်နက်တည်း ဟန်ချက်ညီအောင် ဆောင်ရွက်နိုင်ကြောင်း သက်သေပြနေသည်ဟု ဘာစီလီအို က ထောက်ပြခဲ့သည်။
“ဖွံ့ဖြိုးဆဲ စီးပွားရေး အစုအဖွဲ့ အချို့အတွက်ကတော့ တရုတ်နိုင်ငံရဲ့ ဒီနည်းလမ်းတွေက ပြည်တွင်းဈေးကွက် ပမာဏသေးငယ်ခြင်းနဲ့ အခြေခံအဆောက်အအုံ အကန့်အသတ်ရှိခြင်း စတဲ့ အစဉ်အလာ အားနည်းချက်တွေကို ကျော်လွှားဖို့ ကူညီပေးလျက်ရှိပါတယ်” ဟု ၎င်းက ဆိုသည်။
နိုဝင်ဘာ ၁၈ ရက်မှ ၁၉ ရက်အထိ ၃၃ ကြိမ်မြောက် အာရှ-ပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု အဖွဲ့ (APEC) ခေါင်းဆောင်များ အလွတ်သဘော အစည်းအဝေးကို ဆန်းကျန့်မြို့တွင် ကျင်းပမည် ဖြစ်သည်။ APEC “တရုတ်နှစ်” ၏ နောက်ဆုံးအကြိမ် အဆင့်မြင့် အရာရှိကြီးများ အစည်းအဝေး၊ APEC စီးပွားရေး အကြံပေးကောင်စီ အစည်းအဝေးနှင့် APEC စီးပွားရေး ခေါင်းဆောင်များ ထိပ်သီးဆွေးနွေးပွဲ စသည့် ဆက်စပ်လှုပ်ရှားမှုအစီအစဉ်များကိုလည်း ၂၀၂၆ ခုနှစ် APEC ခေါင်းဆောင်များ အစည်းအဝေး ရက်သတ္တပတ်အတွင်း ဆက်တိုက် ကျင်းပသွားမည် ဖြစ်သည်။

ဆန်းကျန့်မြို့သည် ကမ္ဘာလုံးဆိုင်ရာ အဆင့်မြင့် ကုန်ထုတ်လုပ်မှု၊ သိပ္ပံနှင့် နည်းပညာ ဆန်းသစ်တီထွင်မှုနှင့် စီးပွားရေး ကူးလူးဆက်ဆံမှုတို့၏ အချက်အချာ နေရာတစ်ခုအဖြစ် ဖွံ့ဖြိုးတိုးတက်လာပြီဖြစ်ပြီး တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှု အတွေ့အကြုံဖြင့် ဒေသတွင်း စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအပေါ် စွမ်းအားဖြည့်တင်းပေးနေပုံကို လေ့လာကြည့်ရှုနိုင်သည့် ပြတင်းပေါက်တစ်ခု ဖြစ်ကြောင်း ဘာစီလီအို က ယူဆသည်။ APEC “ဆန်းကျန့် အချိန်” သို့ ရောက်ရှိလာခြင်းက စီးပွားရေးကမ္ဘာလုံးဆိုင်ရာအသွင်ပြောင်းမှုတွင် ပါဝင်ဆောင်ရွက်ခြင်း၊ ပြင်ပသို့ တံခါးဖွင့်လှစ်မှုကို စဉ်ဆက်မပြတ် ဆောင်ရွက်ခြင်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကျွမ်းကျင်ပညာရှင်များကို ဆွဲဆောင်ခြင်းတွင် ဆန်းကျန့်မြို့၏ အရေးပါသော အခန်းကဏ္ဍကို အပြည့်အဝ ပြသနေသည်။
“လွန်ခဲ့တဲ့ နှစ်ပေါင်း လေးဆယ်ကျော်က ကျွန်တော် ဆန်းကျန့်ကို ရောက်ခဲ့ဖူးပါတယ်။ အရင်က တံငါရွာလေး ဖြစ်ခဲ့တဲ့ နေရာဟာ အခုဆိုရင် နိုင်ငံစုံအခြေစိုက်လုပ်ငန်းကြီး အများအပြား စုဝေးရာ နေရာဖြစ်နေပြီး သန့်ရှင်းစွမ်းအင်နဲ့ အီလက်ထရွန်နစ် သတင်းအချက်အလက် စတဲ့ လုပ်ငန်းနယ်ပယ်တွေမှာ နည်းပညာအားသာချက်တွေ ဖန်တီးနိုင်ခဲ့တာဟာ ထူးခြားဆန်းကြယ်တဲ့ ဖွံ့ဖြိုးတိုးတက်မှု အကြောင်းအရာတစ်ခုပါပဲ” ဟု ၎င်းက ပြောကြားခဲ့ပြီး တရုတ်နိုင်ငံ၏ အထူးစီးပွားရေးဇုန်များ တည်ထောင်သည့် လုပ်ဆောင်ချက်ကို အာရှ-ပစိဖိတ် စီးပွားရေး အစုအဖွဲ့ အများအပြားက လေ့လာအတုယူခဲ့ကြကြောင်း ဆိုသည်။
“ယနေ့ တရုတ်နိုင်ငံရဲ့ အောင်မြင်မှုတွေဟာ မိမိရဲ့ ဖွံ့ဖြိုးတိုးတက်မှု လမ်းကြောင်းအပေါ် ရေရှည်စီမံကိန်း ချမှတ်နိုင်မှုအပေါ် အခြေခံထားတာ ဖြစ်ပါတယ်” ဟု ဘာစီလီအိုက ပြောကြားခဲ့ပြီး တရုတ်နိုင်ငံ၏ အတွေ့အကြုံသည် ဒေသတွင်း စီးပွားရေး အစုအဖွဲ့များအနေဖြင့် အခြေခံအဆောက်အအုံ၊ နည်းပညာနှင့် လူသားအရင်းအမြစ်များတွင် ရေရှည် ရင်းနှီးမြှုပ်နှံသင့်ကြောင်း၊ ထုတ်လုပ်မှု အင်အားစုများ စီးဆင်းမှုကို မြှင့်တင်ခြင်းဖြင့် ဖွံ့ဖြိုးတိုးတက်မှု အခွင့်အလမ်းများကို စဉ်ဆက်မပြတ် တိုးချဲ့ရန်၊ အလုပ်အကိုင်များ ဖန်တီးပေးရန်နှင့် ပြည်သူများ၏ လူနေမှုအဆင့်အတန်းကို မြှင့်တင်ပေးရန် အသိပေးလမ်းညွှန်လျက်ရှိကြောင်း ယူဆသည်။
၂၀၂၆ ခုနှစ်သည် APEC “တရုတ်နှစ်” ဖြစ်သည်။ ယခုနှစ် အစည်းအဝေး၏ ဆောင်ပုဒ်မှာ “ဘုံသာယာဝပြောရေးအတွက် အာရှ-ပစိဖိတ် အသိုက်အဝန်းတစ်ရပ် ထူထောင်ကြပါစို့” ဖြစ်ပြီး “တံခါးဖွင့်လှစ်မှု၊ ဆန်းသစ်တီထွင်မှုနှင့် ပူးပေါင်းဆောင်ရွက်မှု” တို့ကို အဓိက ဦးစားပေး နယ်ပယ် သုံးရပ်အဖြစ် သတ်မှတ်ထားသည်။ အဆိုပါ ဦးစားပေး နယ်ပယ်သုံးရပ်သည် လက်တွေ့အနက်အဓိပ္ပာယ် အလွန်ပြည့်ဝကြောင်းနှင့် သက်ဆိုင်ရာ ဘက်အသီးသီးအနေဖြင့် အပြုသဘောဆောင်သော ဆွေးနွေးမှုများ ပြုလုပ်ခြင်းမှတစ်ဆင့် စီးပွားရေးလုပ်ငန်းများအား ပိုမိုတည်ငြိမ်ပြီး ကြိုတင်ခန့်မှန်းနိုင်သော ပတ်ဝန်းကျင်အောက်တွင် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများကို လုပ်ကိုင်နိုင်စေရန် မျှော်လင့်ကြောင်း ဘာစီလီအို က ပြောကြားခဲ့သည်။

APEC စီးပွားရေး အကြံပေးကောင်စီ (ABAC) သည် အာရှ-ပစိဖိတ် စီးပွားရေး အသိုင်းအဝိုင်းက APEC ပူးပေါင်းဆောင်ရွက်မှုတွင် ပါဝင်ရန်နှင့် APEC စီးပွားရေး အစုအဖွဲ့ ခေါင်းဆောင်များထံ မူဝါဒဆိုင်ရာ အကြံပြုချက်များ တင်ပြရန် အရေးပါသော ယန္တရားတစ်ခု ဖြစ်သည်။ ယခုနှစ်တွင် ABAC သည် စီးပွားရေးလုပ်ငန်းများ၏ ကုန်ကျစရိတ် လျှော့ချရန်၊ ယုံကြည်မှု မြှင့်တင်ရန်၊ တိုးတက်မှု အချက်အချာသစ်များ ပျိုးထောင်ရန်၊ ခေါင်းဆောင်များ၏ ဘုံသဘောတူညီချက်များကို “လက်တွေ့မြင်တွေ့နိုင်သော ဖွံ့ဖြိုးတိုးတက်မှု ရလဒ်များ” အဖြစ် အကောင်အထည်ဖော်ရန်နှင့် နည်းပညာ တိုးတက်မှုက ကွဲပြားစေခြင်း မဟုတ်သည့် ဒေသတွင်း စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ပေးနိုင်ရေး သေချာစေရန် တိုက်တွန်းအဆိုပြုထားကြောင်း ဘာစီလီအိုက ပြောကြားခဲ့သည်။ “ABAC ရဲ့ တိုက်တွန်းချက်တွေဟာ တရုတ်နိုင်ငံက အဆိုပြုဖော်ပြနေတဲ့ အဆင့်မြင့် ပြင်ပတံခါးဖွင့်လှစ်မှု၊ အရည်အသွေးသစ် ကုန်ထုတ်လုပ်မှု စွမ်းအားများ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ အားလုံးအကျိုးခံစားခွင့်ရှိပြီး အားလုံးပါဝင်နိုင်မှု ရည်မှန်းချက်တွေနဲ့ တစ်ထပ်တည်း ကိုက်ညီနေပါတယ်” ဟု ၎င်းက ဆိုသည်။
အာရှ-ပစိဖိတ် အေးအတူပူအမျှ အသိုက်အဝန်းနှင့် ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး အဆိုပြုချက် (GDI) စသည့် တရုတ်နိုင်ငံ၏ အရေးပါသော အယူအဆနှင့် အဆိုပြုချက်များသည် အာရှ-ပစိဖိတ် ဒေသတွင်း စီးပွားရေး စဉ်ဆက်မပြတ် တိုးတက်ရေးနှင့် သာယာဝပြောရေးကို ပံ့ပိုးပေးမည့် APEC ၏ ရည်ရွယ်ချက်နှင့် လွန်စွာ ကိုက်ညီမှုရှိကြောင်း ဘာစီလီအိုက ယူဆသည်။ စီးပွားရေး အစုအဖွဲ့ အသီးသီး၏ စနစ်များနှင့် ဖွံ့ဖြိုးတိုးတက်မှု လမ်းကြောင်းများ ကွဲပြားခြားနားမှု ရှိသော်လည်း ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုများကို ရင်ဆိုင်ဖြေရှင်းရာတွင် ဘုံအကျိုးစီးပွားများ ရှိနေကြသည်။
“တရုတ်နိုင်ငံက အာရှ-ပစိဖိတ် လွတ်လပ်သော ကုန်သွယ်မှုဇုန်ရဲ့ ရေရှည်မျှော်မှန်းချက်ကို အစဉ်အမြဲ ခိုင်မာစွာ ထောက်ခံအားပေးသူ ဖြစ်ပြီး သဘောထားကွဲလွဲမှုများကို သင့်လျော်ကောင်းမွန်စွာ ထိန်းချုပ်စီမံဖို့၊ အပြန်အလှန် ယုံကြည်မှု တိုးပွားစေဖို့နှင့် တံခါးဖွင့်လှစ်ထားသော ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်ရေး စနစ်ကို ကာကွယ်ထိန်းသိမ်းဖို့ အစဉ်တစိုက် လက်ကိုင်ထားဆောင်ရွက်နေတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။ (Xinhua)
-----------------------------
(Chinese Version)
聚焦APEC|“中国发展经验、长期主义理念为亚太经济体提供有益借鉴”——访APEC工商咨询理事会秘书处主任巴西利奥
新华社马尼拉11月16日电 专访:“中国发展经验、长期主义理念为亚太经济体提供有益借鉴”——访APEC工商咨询理事会秘书处主任巴西利奥 新华社记者赵晨捷 郭依格
“中国在基础设施、互联互通、先进制造领域的经验,秉持长期主义、协同发展的价值理念,在推动亚太经济一体化方面发挥了重要作用,为区域经济体经济转型提供了有益借鉴。”亚太经合组织(APEC)工商咨询理事会秘书处主任安东尼奥·巴西利奥日前接受新华社记者专访时说。
“中国为区域基础设施发展提供了有力支撑,尤其体现在建设规模、技术实力与融资支持方面。”他表示,中国参与建设、提供支持的印尼雅万高铁、马来西亚关丹港等,便利了当地居民就医、上学,稳定区域农民生计,也助力企业参与全球供应链。
巴西利奥指出,在数字经济方面,中国的电子商务、移动支付、智慧物流等应用正帮助企业更快捷地触达客户、降低成本并提高生产率;在绿色转型方面,中国的电动汽车、光伏板、风机印证了创新可以兼顾经济发展与环境可持续。“对一些发展中经济体而言,这些中国方案帮助其克服国内市场规模较小、基础设施有限等传统劣势。”
11月18日至19日,亚太经合组织第三十三次领导人非正式会议将在深圳举行。APEC“中国年”最后一次高官会、APEC工商咨询理事会会议、APEC工商领导人峰会等配套活动,也将于2026年亚太经合组织领导人会议周期间陆续召开。
巴西利奥认为,深圳已发展成为全球先进制造、科创与商务往来的重镇,是观察中国发展经验赋能区域经济发展的窗口。APEC进入“深圳时间”,充分显示出深圳在参与经济全球化,持续对外开放、吸引投资和人才过程中的重要地位。
“四十多年前,我曾到访深圳。昔日渔村如今已汇聚众多跨国企业,在清洁能源、电子信息等产业上形成技术优势,这是一段非凡的发展故事。”他表示,中国设立经济特区的做法已被不少亚太经济体借鉴。
“今日中国的成就,植根于对自身发展方向的长远规划。”巴西利奥认为中国的经验启示区域经济体,应长期投资于基础设施、技术、人才,促进生产要素流动,从而持续扩大发展机遇、创造就业、提高民众生活水平。
2026年是APEC“中国年”。今年会议主题为“建设亚太共同体,促进共同繁荣”,并将“开放、创新、合作”作为三大优先领域。巴西利奥表示,这三大优先领域具有很强的现实意义,期待各方能通过开展建设性对话,让企业在更稳定、可预期的环境下开展贸易投资活动。
APEC工商咨询理事会(ABAC)是亚太工商界参与APEC合作、向APEC经济体领导人提出政策建议的重要机制。巴西利奥说,今年ABAC倡导降低企业成本、增强信心、培育新增长点、推动领导人共识落地为“看得见的发展成果”、确保技术进步能够促进而非分化区域经济合作。“ABAC的呼吁和中方倡导的高水平对外开放、发展新质生产力、普惠包容目标一致。”
巴西利奥认为,亚太共同体、全球发展倡议等中方重要理念和倡议,与APEC支持亚太区域经济可持续增长和繁荣的宗旨高度契合。虽然各经济体的制度、发展路径存在差异,但在应对全球性挑战方面存在共同利益。
“中国始终是亚太自贸区长期愿景的坚定支持者,坚持妥善管控分歧、增进互信,维护开放的全球贸易体系。”他说。(完)
Photo Caption 1:This photo taken on Nov. 3, 2026 shows a view of Shennan Avenue in Shenzhen, south China's Guangdong Province. China will hold the 33rd APEC Economic Leaders' Meeting in Shenzhen from Nov. 18 to 19. (Xinhua/Liang Xu)
Photo Caption 2:This photo taken in 2026 shows a night view of Shenzhen, south China's Guangdong Province. (Xinhua)
Photo Caption3:This photo taken on Nov. 4, 2026 shows an APEC-themed poster at Shenzhen Bay Port in Shenzhen, south China's Guangdong Province. (Xinhua/Mao Siqian)