
မနီလာ၊ နိုဝင်ဘာ ၁၆ ရက် (ဆင်ဟွာ)
ရေရှည်အတွက် အလေးထားမျှော်တွေးမှုနှင့် ဟန်ချက်ညီညီ ဖွံ့ဖြိုးတိုးတက်မှုတို့အပေါ် နောက်ခံပြုသည့် အခြေခံအဆောက်အအုံ၊ အပြန်အလှန်ချိတ်ဆက်မှုနှင့် အဆင့်မြင့်ကုန်ထုတ်လုပ်မှု ကဏ္ဍတို့၌ တရုတ်နိုင်ငံ၏ အတွေ့အကြုံများသည် အာရှ-ပစိဖိတ်ဒေသ၏ စီးပွားရေးအသွင်ကူးပြောင်းမှုအတွက် လက်တွေ့ကျသော အတုယူလေ့လာစရာများကို ပေးစွမ်းနိုင်ခဲ့ပြီး ဒေသတွင်း ပေါင်းစည်းမှုကိုလည်း အထောက်အကူပြုခဲ့သည်ဟု ကျွမ်းကျင်သူတစ်ဦးက ပြောကြားခဲ့သည်။
"တရုတ်နိုင်ငံဟာ ဒေသတွင်း အခြေခံအဆောက်အအုံကဏ္ဍ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အထူးသဖြင့် အတိုင်းအတာပမာဏ၊ နည်းပညာစွမ်းဆောင်ရည်နဲ့ ငွေကြေးထောက်ပံ့မှု အပိုင်းတွေမှာ အပြုသဘောဆောင်တဲ့ ပံ့ပိုးကူညီမှုတွေ သိသိသာသာ ပြုလုပ်ခဲ့ပါတယ်" ဟု တရုတ်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် အာရှ-ပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (APEC) စီးပွားရေးခေါင်းဆောင်များ အစည်းအဝေးမတိုင်မီ ဆင်ဟွာသတင်းဌာနနှင့် သီးသန့်တွေ့ဆုံမေးမြန်းခန်း၌ APEC စီးပွားရေးအကြံပေးကောင်စီ (ABAC) အထွေထွေအတွင်းရေးမှူးချုပ်ရုံး ညွှန်ကြားရေးမှူး အန်တိုနီယို ဘာစီလီအိုက ပြောကြားခဲ့သည်။
တရုတ်နိုင်ငံ၏ ဆောက်လုပ်ရေးနှင့် ငွေကြေးထောက်ပံ့မှုတို့တွင် ပူးပေါင်းပါဝင်မှုဖြင့် အကောင်အထည်ဖော်ခဲ့သည့် အင်ဒိုနီးရှားနိုင်ငံမှ ဂျကာတာ-ဘန်ဒေါင်း မြန်နှုန်းမြင့်ရထားလမ်းနှင့် မလေးရှားနိုင်ငံမှ ကွမ်တန်ဆိပ်ကမ်းကဲ့သို့သော စီမံကိန်းများသည် ခရီးသွားလာချိန်နှင့် သယ်ယူပို့ဆောင်ရေး စရိတ်စကများကို လျှော့ချပေးနိုင်ခဲ့သည့်အတွက် တောင်သူများအနေဖြင့် ၎င်းတို့၏ ထွက်ကုန်များကို ဈေးကွက်သို့ ပိုမိုလွယ်ကူစွာတင်ပို့နိုင်သလို ဒေသခံများအတွက် စာသင်ကျောင်းနှင့် ဆေးရုံများကို ပိုမိုလက်လှမ်းမီလာပြီး ပြည်တွင်းစီးပွားရေးလုပ်ငန်းများကိုလည်း ကမ္ဘာလုံးဆိုင်ရာ ထောက်ပံ့ကွင်းဆက်များတွင် ပါဝင်နိုင်စေရန် အထောက်အကူပြုခဲ့ကြောင်း ၎င်းက အသေးစိတ် ရှင်းလင်းပြောဆိုခဲ့သည်။ (Xinhua)
သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်မှတစ်ဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။
https://english.news.cn/20261115/25087a50e1504529994c6000d6a40234/c.html


..................................
(English Version)
China's development experiences offer practical lessons for regional transformation, says APEC official
MANILA, Nov. 15 (Xinhua) -- China's experience in infrastructure, connectivity, and advanced manufacturing, underpinned by its long-termism and coordinated development, has offered practical lessons for economic transformation in the Asia-Pacific and contributed to regional integration, an expert said.
"China has clearly made positive contributions to regional infrastructure development, particularly in terms of scale, technological capability and financing," Antonio Basilio, director of the APEC Business Advisory Council (ABAC) Secretariat, told Xinhua in an exclusive interview ahead of the upcoming Asia-Pacific Economic Cooperation (APEC) Economic Leaders' Meeting hosted by China.
He elaborated that, with Chinese participation in construction and financing, projects such as the Jakarta-Bandung High-Speed Railway in Indonesia and Kuantan Port in Malaysia have reduced travel time and lowered transportation costs, making it easier for farmers to bring their products to market, improve residents' access to schools and hospitals, and help local businesses participate in the global supply chains.
https://english.news.cn/20261115/25087a50e1504529994c6000d6a40234/c.html
Photo caption 1: This photo taken on Nov. 3, 2026 shows an APEC-themed installation at a park in Shenzhen, south China's Guangdong Province. (Xinhua/Mao Siqian)
Photo caption 2: This photo taken in 2026 shows a night view of Shenzhen, south China's Guangdong Province. (Xinhua)