Xinhua Myanmar

တောင်ကိုရီးယား၏ မော်တော်ကား တင်ပို့မှု အောက်တိုဘာလအတွင်း ဂဏန်းနှစ်လုံးအထိ မြင့်တက်ခဲ့

တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့၊ ဂန်နမ် ခရိုင်တွင် တွေ့ရသည့် ကိုယ်တိုင်မောင်းနှင်နိုင်သော တက္ကစီကားတစ်စီးကို ၂၀၂၂ ခုနှစ်၊ ဇွန် ၉ ရက်က တွေ့မြင်ရစဥ် (ဆင်ဟွာ)

ဆိုးလ်၊ နိုဝင်ဘာ ၁၆ ရက် (ဆင်ဟွာ)

မြောက်အမေရိကနှင့် ဥရောပဒေသတို့မှ ခိုင်မာသော ဝယ်လိုအားများကြောင့် ယခင်လတွင် တောင်ကိုရီးယားနိုင်ငံ၏ မော်တော်ကားတင်ပို့မှုသည် ဂဏန်း ၂ လုံးထိ တိုးတက်မှုနှုန်းကို  မှတ်တမ်းတင်နိုင်ခဲ့ကြောင်း နိုဝင်ဘာ ၁၆ ရက်က ထုတ်ပြန်သောစက်မှုဝန်ကြီးဌာန၏ အချက်အလက်များအရ သိရသည်။  

ကုန်သွယ်ရေး၊ စက်မှုနှင့် အရင်းအမြစ်ဝန်ကြီးဌာန၏ အဆိုအရ အောက်တိုဘာလအတွင်း ပြည်ပသို့ မော်တော်ကားတင်ပို့မှုတန်ဖိုးမှာ ယခင်နှစ် အလားတူကာလကထက် ၁၈.၁ ရာခိုင်နှုန်း မြင့်တက်လာပြီး အမေရိကန်ဒေါ်လာ ၆.၅၅ ဘီလီယံအထိ ရှိလာခဲ့သည်။

မြောက်အမေရိကနှင့် ဥရောပသမဂ္ဂ (EU) ဒေသများမှ ခိုင်မာသော ဝယ်လိုအားများက အဆိုပါမော်တော်ကားတင်ပို့မှု တိုးတက်လာစေရန် တွန်းအားပေးခဲ့ခြင်းဖြစ်ပြီး အဆိုပါဒေသများသို့ မော်တော်ကားတင်ပို့မှုတန်ဖိုးမှာ ဂဏန်းနှစ်လုံးအထိ တိုးတက်လာကာ မြောက်အမေရိကသို့ ဒေါ်လာ ၃.၃၈ ဘီလီယံနှင့် ဥရောပသမဂ္ဂသို့ ဒေါ်လာ ၁.၁၈ ဘီလီယံ အသီးသီး ရှိခဲ့သည်။

ဤကဲ့သို့ သိသိသာသာ မြင့်တက်လာရခြင်းမှာ ၂၀၂၅ ခုနှစ်တွင် အောက်တိုဘာလ၌ ကျရောက်ခဲ့သည့် ချူဆော့အားလပ်ရက်ကာလသည် ၂၀၂၆ ခုနှစ်တွင် စက်တင်ဘာလသို့ ရွှေ့ပြောင်းကျရောက်လာခြင်းကြောင့် အလုပ်လုပ်ရက် (working days) ၄ ရက် ပိုမိုရရှိလာခဲ့ခြင်းကြောင့် ဖြစ်သည်။

လျှပ်စစ်ကားများ၊ လောင်စာဆဲလ် လျှပ်စစ်ကားများ၊ ဟိုက်ဘရစ် လျှပ်စစ်ကားများနှင့် ပလပ်ထိုးအားသွင်းနိုင်သော ဟိုက်ဘရစ် လျှပ်စစ်ကားများ အပါအဝင် သဘာဝပတ်ဝန်းကျင်နှင့် သဟဇာတဖြစ်သော ယာဉ်များသည် ဆက်လက်၍ အားကောင်းသော တိုးတက်မှုလမ်းကြောင်းပေါ်တွင် ရှိနေခဲ့ပြီး၊ ၎င်းတို့၏ ပို့ကုန်ပမာဏမှာ ၄၉ ရာခိုင်နှုန်း မြင့်တက်လာကာ ဒေါ်လာ ၃.၁ ဘီလီယံအထိ ရောက်ရှိလာခဲ့သည်။

အောက်တိုဘာလအတွင်း ပြည်ပသို့ တင်ပို့သည့် ယာဉ်အရေအတွက်မှာ ယခင်နှစ်ကထက် ၂၆.၂ ရာခိုင်နှုန်း တိုးလာပြီး ၂၅၆,၀၉၇ စီး ရှိခဲ့သလို ပြည်တွင်းစက်ရုံများတွင် ထုတ်လုပ်သည့် ယာဉ်အရေအတွက်မှာလည်း ၂၅.၈ ရာခိုင်နှုန်း တိုးတက်လာကာ ၃၈၀,၉၈၂ စီး ရှိခဲ့သည်။

ပြည်တွင်းထုတ် ကားများနှင့် ပြည်ပမှ တင်သွင်းလာသော ကားများ အပါအဝင် ပြည်တွင်း၌ ရောင်းချခဲ့သည့် ကားအရေအတွက်မှာ အောက်တိုဘာလတွင် ၁၃၇,၁၆၆ စီး ရှိခဲ့ပြီး ယခင်နှစ် အလားတူကာလကထက် ၇.၉ ရာခိုင်နှုန်း မြင့်တက်လာခြင်း ဖြစ်သည်။ (Xinhua)

……………………

(English version)

S. Korea's auto exports log double-digit growth in October

SEOUL, Nov. 16 (Xinhua) -- South Korea's automotive exports logged a double-digit growth last month on the back of robust demand from North America and Europe, industry ministry data showed Monday.

The outbound car shipments gained 18.1 percent from a year earlier to 6.55 billion U.S. dollars in October, according to the Ministry of Trade, Industry and Resources.

The auto exports were propelled by solid demand in North America and the European Union, to which car shipments soared in double figures to 3.38 billion dollars and 1.18 billion dollars each.

The sharp increase was attributed to four additional working days that resulted from the Chuseok holidays shifting from October in 2025 to September in 2026.

Eco-friendly vehicles, including electric vehicles, fuel cell electric vehicles, hybrid electric vehicles and plug-in hybrid electric vehicles, maintained strong momentum, with their exports surging 49 percent to 3.1 billion dollars.

The number of exported vehicles expanded 26.2 percent over the year to 256,097 in October, while the number of vehicles manufactured in domestic factories advanced 25.8 percent to 380,982.

The number of cars sold inside the country, including locally-made and imported vehicles, was 137,166 in October, up 7.9 percent from a year earlier. ■

Photo caption: Photo taken on June 9, 2022 shows a self-driving taxi in Gangnam of Seoul, South Korea. (Xinhua/Wang Yiliang)

မူရင်းသတင်း — Xinhua Myanmar