Xinhua Myanmar

တရုတ်မြို့ကြီးများတွင် အောက်တိုဘာလအတွင်း အိမ်ခြံမြေဈေးကျဆင်းမှုနှုန်း ကျဉ်းမြောင်းနည်းပါး

တရုတ်နိုင်ငံအရှေ့ပိုင်း၊ ရှန်ဟိုင်းမြို့၏ မြို့ပြရှုခင်းကို ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၄ ရက်တွင် တွေ့မြင်ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ နိုဝင်ဘာ ၁၆ ရက် (ဆင်ဟွာ)

အောက်တိုဘာလအတွင်း တရုတ်နိုင်ငံရှိ မြို့ကြီးများတွင် အိမ်ခြံမြေဈေးနှုန်းများ၏ ယခင်နှစ် ကာလတူထက် ကျဆင်းမှုနှုန်းမှာ ဆက်လက်လျော့နည်းလာကြောင်း နိုဝင်ဘာ ၁၆ ရက်တွင် ထုတ်ပြန်သည့် တရားဝင်အချက်အလက်များအရ သိရသည်။

ပထမအဆင့်စာရင်း၀င် မြို့ကြီးလေးမြို့ဖြစ်သည့် ပေကျင်း၊ ရှန်ဟိုင်း၊ ကွမ်ကျိုးနှင့် ဆန်းကျန့်မြို့တို့ရှိ အိမ်အသစ်ဈေးနှုန်းများမှာ ယမန်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၀.၁ ရာခိုင်နှုန်း ကျဆင်းခဲ့ရာ စက်တင်ဘာလကထက် ၀.၄ ရာခိုင်နှုန်း လျော့နည်းခဲ့ကြောင်း အမျိုးသားစာရင်းအင်းဗျူရို (NBS) ၏ လစဉ်အစီရင်ခံစာ၌ ဖော်ပြထားသည်။

အလားတူ ဒုတိယအဆင့်နှင့် တတိယအဆင့် မြို့များတွင်လည်း အိမ်အသစ်ဈေးနှုန်းများအနေဖြင့် ယမန်နှစ် ကာလတူထက် ၂ ရာခိုင်နှုန်းနှင့် ၃.၆ ရာခိုင်နှုန်း အသီးသီး ကျဆင်းခဲ့သော်လည်း ကျဆင်းမှုနှုန်းမှာ စက်တင်ဘာလနှင့် နှိုင်းယှဉ်ပါက ၀.၄ ရာခိုင်နှုန်းနှင့် ၀.၃ ရာခိုင်နှုန်းစီ လျော့နည်းလာခဲ့သည်။

ပြန်လည်ရောင်းချသည့် အိမ်ခြံမြေဈေးကွက်တွင်လည်း မြို့ကြီးများရှိ အိမ်ဈေးနှုန်းများသည် တစ်နှစ်ထက်တစ်နှစ် ကျဆင်းမှုနှုန်း လျော့နည်းလာခဲ့ပြီး ရှန်ဟိုင်းမြို့တွင်မူ လျော့နည်းမှုနှုန်းမှာ ၂.၂ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့သည်။

အမျိုးသားစာရင်းအင်းဗျူရိုသည် အိမ်ခြံမြေဈေးကွက် အပြောင်းအလဲများကို စောင့်ကြည့်လေ့လာနိုင်ရန် ပထမအဆင့်မြို့ကြီးလေးမြို့၊ ဒုတိယအဆင့်မြို့ ၃၁ မြို့နှင့် တတိယအဆင့်မြို့ ၃၅ မြို့ စုစုပေါင်း မြို့ကြီး ၇၀ ၏ အိမ်ဈေးနှုန်းဆိုင်ရာ အချက်အလက်များကို လစဉ်ထုတ်ပြန်လျက်ရှိပါသည်။

လချင်းဈေးနှုန်းနှိုင်းယှဉ်ချက်အရ အောက်တိုဘာလအတွင်း ပထမအဆင့် မြို့ကြီးများတွင် အိမ်ခြံမြေဈေးနှုန်းများသည် ယေဘုယျအားဖြင့် မြင့်တက်ခဲ့သော်လည်း ဒုတိယအဆင့်နှင့် တတိယအဆင့် မြို့များတွင်မူ ကျဆင်းခဲ့သည်။

လအလိုက်ဈေးနှုန်းကို နှိုင်းယှဉ်ပါက စစ်တမ်းကောက်ယူခဲ့သည့် မြို့ကြီး ၇၀ အနက် ၁၄ မြို့တွင် အောက်တိုဘာလအတွင်း အိမ်အသစ်ဈေးနှုန်းများ မြင့်တက်ခဲ့ပြီး ယင်းအရေအတွက်သည် စက်တင်ဘာလထက် သုံးမြို့ လျော့နည်းခဲ့သည်။ ထို့ပြင် ပြန်လည်ရောင်းချသည့် အိမ်ဈေးနှုန်းများ မြင့်တက်ခဲ့သည့် မြို့မှာ ခုနစ်မြို့ရှိပြီး ယခင်လထက် နှစ်မြို့ လျော့နည်းခဲ့ကြောင်း သိရသည်။ (Xinhua)

……………………

(English version)

Major Chinese cities continue to see narrowed home price declines in October

BEIJING, Nov. 16 (Xinhua) -- Major Chinese cities continued to report narrowed year-on-year declines in overall home prices in October, official data showed Monday.

New home prices in the four first-tier cities of Beijing, Shanghai, Guangzhou and Shenzhen fell 0.1 percent from a year earlier last month, with the decline 0.4 percentage points smaller than in September, according to a monthly report by the National Bureau of Statistics (NBS).

Meanwhile, new home prices in second- and third-tier cities fell 2 percent and 3.6 percent year on year, respectively, with the declines narrowing by 0.4 and 0.3 percentage points.

In the resale market, year-on-year price declines also narrowed across major cities, with Shanghai even posting a 2.2 percent increase.

The NBS releases a monthly home price report tracking market changes in 70 major cities, including four first-tier cities, 31 second-tier cities and 35 third-tier cities.

On a month-on-month basis, home prices in first-tier cities rose overall in October, while second- and third-tier cities recorded declines.

Of the 70 cities surveyed, 14 reported month-on-month increases in new home prices in October, three fewer than in September, and seven cities reported gains in resale prices, two fewer than the previous month. ■

Photo caption: This photo taken on Nov. 4, 2023 shows a city view of Shanghai, east China.  (Xinhua/Wang Jianhua)

မူရင်းသတင်း — Xinhua Myanmar