
ချုံချင့်၊ နိုဝင်ဘာ ၁၆ ရက် (ဆင်ဟွာ)
ရိုးရိုးရှင်းရှင်း လမ်းဘေးဆိုင်မှာ ရောင်းချတဲ့ ခေါက်ဆွဲတစ်ပန်းကန်ကနေ စီးပွားရေးလုပ်ငန်းကြီးအဖြစ်သို့ ရောက်ရှိလာပါပြီ။
ချုံချင့်မြို့သူမြို့သားများ အလွန်နှစ်ခြိုက်ကြသည့် ချုံချင့် ရှောင်မျန့် ခေါက်ဆွဲအစပ်သည် ယခုအခါ ဇာတိကို ကျော်လွန်၍ နေရာအနှံ့သို့ ရောက်ရှိလာနေပြီဖြစ်သည်။ ချုံချင့်မြို့တစ်မြို့တည်းတွင်ပင် ဒေသခံခေါက်ဆွဲဆိုင်ပေါင်း ၈၀,၀၀၀ ကျော်ရှိပြီး နေ့စဉ် ဆိုင်ထိုင်စားသုံးသူများအတွက် ခေါက်ဆွဲပန်းကန်ပေါင်း ၁၃ သန်းကျော်ကို ရောင်းချပေးလျက်ရှိသည်။
ထိုခေါက်ဆွဲဆိုင်များအပြင် အသင့်ထုပ်ပိုးပြီးသား ခေါက်ဆွဲထုပ်များ၊ ဆော့စ်အနှစ်များနှင့် ဟင်းခတ်အမွှေးအကြိုင်များအထိ ကျယ်ပြန့်လာသည့် ထောက်ပံ့ရေးကွင်းဆက်ကလည်း ဒေသထွက် လူကြိုက်များလှသော ယင်းအစားအစာကို ကမ္ဘာတစ်ဝန်းရှိ စားသုံးသူများထံသို့ အရောက်ပို့ဆောင်ပေးလျက်ရှိသည်။
ခေါက်ဆွဲတစ်ပန်းကန်က ဘယ်လိုလုပ်ပြီး စီးပွားရေးလုပ်ငန်းကြီးတစ်ခုအဖြစ် ရပ်တည်လာခဲ့ပါသနည်း။ အနီးကပ် လေ့လာကြည့်လိုက်ရအောင်။ (Xinhua)
------------------------------------------
(English Version)
Chongqing Xiaomian -- From Street Food to Big Business
From a humble street-side bowl to big business!
Chongqing xiaomian, the city's beloved spicy noodles, is reaching far beyond its hometown. In Chongqing alone, more than 80,000 local noodle shops serve over 13 million bowls to dine-in customers every day. Beyond these shops, a growing supply chain spanning packaged noodles, sauces and seasonings is bringing this local favorite to consumers around the world.
How did a bowl of noodles make it big? Take a closer look!