NP News

ဒလမြို့နယ်တွင် အချိန်ကြာမြင့်စွာ ဘက်ထရီစက်ဘီးအားသွင်းထားရာမှ မီးလောင်မှုဖြစ်ပွား

ထိုက်စံ(NP News)-နိုဝင်ဘာ ၁၇

ရန်ကုန်တိုင်းဒေသကြီး၊ ဒလမြို့နယ်တွင် အချိန်ကြာမြင့်စွာ ဘက်ထရီစက်ဘီးအားသွင်းထားရာမှ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။

ဖြစ်စဉ်မှာ ယနေ(နိုဝင်ဘာ ၁၇ ရက်)၊ နံနက်(၃)နာရီ (၅၅)မိနစ်ခန့်က ဒလမြို့နယ်၊ တပင်ရွှေထီးရပ်ကွက်၊ ဗိုလ်အောင်ကျော်လမ်းရှိ နေအိမ်တစ်ခု၌ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

“မီးလောင်တာက လောလောဆယ် တရားဆွဲထားတဲ့ အပိုင်းတွေရှိတယ်ဗျ။ လူနေအိမ်တစ်လုံးနဲ့ တခြားဟာတွေတော့ ပါသွားတယ်။ ဘက်ထရီစက်ဘီးအားသွင်းရင်းနဲ့ တစ်ညလုံးသွင်းထားတဲ့ အခါကျတော့ စက်ဘီးရဲ့ ဘက်ထရီကနေ မီးပွားတွေကျပြီးတော့ လောင်တာပေါ့။ ဆုံးရှုံးတဲ့ တန်ဖိုးတွေကကျတော့ သူတို့ တရားဥပဒေနဲ့ ရင်ဆိုင်ရမယ့် အပိုင်းတွေဆိုတော့ တရားရုံးနေပဲ ပြန်ပြီးတော့ ဆုံးဖြတ်မှာဗျ”ဟု တာဝန်ရှိသူတစ်ဦးကပြောသည်။

ထိုသို့ မီးလောင်မှုဖြစ်ပွားကြောင်းသတင်းရရှိသဖြင့် ဒလမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၂)စီး၊ မီးသတ်ရေသယ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ကြောင်း သိရသည်။

အဆိုပါ မီးလောင်မှုဖြစ်စဉ်ကြောင့် လူထိခိုက်မှုမရှိသော်လည်း စတင်မီးလောင်သည့် နေအိမ်တစ်လုံး မီးလောင်းဆုံးရှုံး ပျက်ဆီးခဲ့ကြောင်း သိရသည်။

မူရင်းသတင်း — NP News