Kanbawza Tai News

ရွှေညောင်တွင် သုံးလုံးထီလောင်းကစားပြုလုပ်သူ အမျိုးသမီး ဖမ်းဆီးခံရ

၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၁၇ ရက်

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ‌ရွှေညောင်မြို့တွင် ယမန်နေ့ နိုဝင်ဘာလ ၁၇ ရက်၊ ညနေပိုင်းက တရားမဝင် သုံးလုံးထီ လောင်းကစားပြုလုပ်သူ အမျိုးသမီးတစ်ဦး ဖမ်းဆီးခံခဲ့ရသည်ဟု သိရသည်။

ရွှေညောင်နယ်မြေရဲစခန်း တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ယမန်နေ့ နိုဝင်ဘာလ ၁၆ ရက်၊ ညနေ ၃ နာရီခန့်က ရွှေညောင်မြို့၊ ကွန်လုံကျေးရွာအုပ်စု၊ ညောင်စင်ကျေးရွာနေ နန်းတုတ်၏ နေအိမ်တွင် တရားမဝင် သုံးလုံးထီ လောင်းကစား ပြုလုပ်နေကြောင်း သတင်းအရ ဝင်ရောက်ရှာဖွေခဲ့ကြောင်း သိရသည်။

ထိုသို့ ရှာဖွေရာတွင် နန်းတုတ်အား ၎င်း၏ နေအိမ်ရှေ့ ‌ဈေးဆိုင်ခန်းအတွင်း သုံးလုံးထီ လောင်းကစား ပြုလုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများနှင့် သုံလုံးထီ လောင်းကစားရောင်းချရာမှ ရရှိသည့် ငွေကျပ် ၇၈၀၀၀ အား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

အဆိုပါ တရားမဝင် သုံးလုံးချဲထီလောင်းကစားပြုလုပ်သူ နန်းတုတ်အား ရွှေညောင်နယ်မြေရဲစခန်းတွင် လောင်းကစား ဥပဒေပုဒ်မ ၁၈ (က) / ၁၉ (က) ဖြင့် အမှုဖွင့်အရေးယူ ‌ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မူရင်းသတင်း — Kanbawza Tai News