NP News

ပဲခူးတွင် ယာဉ်တစ်စီးမှ ရပ်ထားသည့် ဘိလပ်မြေကားအား ဝင်တိုက်မိရာ အမျိုးသားတစ်ဦး ပွဲချင်းပြီး သေဆုံး

ထိုက်စံ(NP News)- နိုဝင်ဘာ ၁၇

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်တွင် ယာဉ်တစ်စီးမှ ရပ်ထားသည့် ဘိလပ်မြေကားအား ဝင်တိုက်မိရာမှ အမျိုးသားတစ်ဦး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့မှ သိရသည်။

ဖြစ်စဉ်မှာ ယနေ့(နိုဝင်ဘာ ၁၇ ရက်)၊ နံနက်(၅)နာရီ (၁၅)မိနစ်ခန့်က ပဲခူးမြို့နယ်၊ ဘုရားကြီးမြို့၊ မယင်းကျေးရွာတွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

“သူကပဲခူးကနေ ဘုရားကြီးကို သွားတာပေါ့။ ယာဉ်မောင်းက အိပ်ငိုက်ပြီးတော့ လမ်းတစ်ဖက်မှာရှိတဲ့ ဘိလပ်မြေကားကို ဝင်တိုက်တာ။ အရှိန်ပြင်းတယ်။ ယာဉ်မောင်းတစ်ဦးတည်းပါလာတာ”ဟု တာဝန်ရှိသူတစ်ဦးက ပြောသည်။

အဆိုပါဖြစ်စဉ်ကြောင့် ဝင်တိုက်သည့်ယာဉ်မှ အသက်(၃၂)နှစ်အရွယ် အမျိုးသားသည် ရင်ဘတ်ပြင်းထန်ဒဏ်ရာဖြင့် အခင်းနေရာ သေဆုံးခဲ့ကြောင်း သိရသည်။

လက်ရှိတွင် သေဆုံးသူ အမျိုးသား၏ ရုပ်အလောင်းအား မင်းပရဟိတယာဉ်ဖြင့် ပဲခူးပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

Zawgyi version:

ပဲခူးတြင္ ယာဥ္တစ္စီးမွ ရပ္ထားသည့္ ဘိလပ္ေျမကားအား ဝင္တိုက္မိရာ အမ်ိဳးသားတစ္ဦး ပြဲခ်င္းၿပီး ေသဆုံး

ထိုက္စံ(NP News)-ႏိုဝင္ဘာ ၁၇

ပဲခူးတိုင္းေဒသႀကီး၊ ပဲခူးၿမိဳ႕နယ္တြင္ ယာဥ္တစ္စီးမွ ရပ္ထားသည့္ ဘိလပ္ေျမကားအား ဝင္တိုက္မိရာမွ အမ်ိဳးသားတစ္ဦး ပြဲခ်င္းၿပီး ေသဆုံးခဲ့ေၾကာင္း ျမန္မာႏိုင္ငံ မီးသတ္တပ္ဖြဲ႕မွ သိရသည္။
ျဖစ္စဥ္မွာ ယေန႔(ႏိုဝင္ဘာ ၁၇ ရက္)၊ နံနက္(၅)နာရီ (၁၅)မိနစ္ခန႔္က ပဲခူးၿမိဳ႕နယ္၊ ဘုရားႀကီးၿမိဳ႕၊ မယင္းေက်း႐ြာတြင္ ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။
“သူကပဲခူးကေန ဘုရားႀကီးကို သြားတာေပါ့။ ယာဥ္ေမာင္းက အိပ္ငိုက္ၿပီးေတာ့ လမ္းတစ္ဖက္မွာရွိတဲ့ ဘိလပ္ေျမကားကို ဝင္တိုက္တာ။ အရွိန္ျပင္းတယ္။ ယာဥ္ေမာင္းတစ္ဦးတည္းပါလာတာ”ဟု တာဝန္ရွိသူတစ္ဦးက ေျပာသည္။
အဆိုပါျဖစ္စဥ္ေၾကာင့္ ဝင္တိုက္သည့္ယာဥ္မွ အသက္(၃၂)ႏွစ္အ႐ြယ္ အမ်ိဳးသားသည္ ရင္ဘတ္ျပင္းထန္ဒဏ္ရာျဖင့္ အခင္းေနရာ ေသဆုံးခဲ့ေၾကာင္း သိရသည္။
လက္ရွိတြင္ ေသဆုံးသူ အမ်ိဳးသား၏ ႐ုပ္အေလာင္းအား မင္းပရဟိတယာဥ္ျဖင့္ ပဲခူးျပည္သူ႔ေဆး႐ုံသို႔ ပို႔ေဆာင္ေပးခဲ့ေၾကာင္း သိရသည္။

မူရင်းသတင်း — NP News