Xinhua Myanmar

ငန်းငှက်များပမာ လက်ချင်းယှက်ကာ ဟန်ချက်ညီညီ အနာဂတ်မိုးယံဆီသို့ တက်လှမ်းချီမည် ____ သမ္မတ ရှီကျင့်ဖိန်၏ အာရှ-ပစိဖိတ် ပူးပေါင်းဆောင်ရွက်မှုဖြင့် ဘုံအကျိုးဖော်ဆောင်မှု မြှင့်တင်ခြင်း အကြောင်းအရာများ

တရုတ်နိုင်ငံ ဆန်းကျန့်မြို့ ချန်ဟိုင်ရှီဥယျာဉ်တွင် APEC “တရုတ်နှစ်” အမှတ်လက္ခဏာ အလှဆင်မှုများအား ၂၀၂၆ ခုနှစ် နိုဝင်ဘာ ၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ နိုဝင်ဘာ ၁၇ ရက် (ဆင်ဟွာ)

“အာရှ-ပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (APEC) အဖွဲ့ဝင် ၂၁ ခုကို ငန်းငှက် ၂၁ ကောင်ပမာထား၍ ဆိုရသော်”

၂၀၁၄ ခုနှစ် နိုဝင်ဘာလက ပေကျင်းမြို့ရှိ ငန်းငှက်များ ကွန်းခိုရာရေကန်ဟူ အဓိပ္ပာယ်ရသော “ယန့်ချီးဟူ” ရေကန်နံဘေးကမ်းစပ်တွင် သမ္မတ ရှီကျင့်ဖိန်က “ပြာလဲ့မိုးယံ၊ ငန်းတို့ပျံသော်၊ တက်ညီလက်ညီ ညီညာတန်းစီ၊ ပျံသန်းသည်” ဟူသော ကဗျာစာသားဖြင့် အစပျိုးကာ အာရှ-ပစိဖိတ် ဘက်ပေါင်းစုံ ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန်၊ ငွေငန်းငှက်များပမာ လက်ချင်းယှက်ကာ အာရှ-ပစိဖိတ် ဖွံ့ဖြိုးတိုးတက်ရေး မျှော်မှန်းချက်သစ်များကို ရေးခြယ်ကြရန် တိုက်တွန်းပြောကြားခဲ့သည်။ “ငွေငန်းငှက်များ စုဖွဲ့သကဲ့သို့ ကမ္ဘာ့စီးပွားရေးဟူသော အခင်းအကျင်းကို ဦးဆောင်ကာ ပို၍ ကျယ်ပြောလှသည့် ကောင်းကင်ပြာဆီသို့ တက်လှမ်းချီ ပျံသန်းရမည်ဖြစ်ကြောင်း” ၎င်းက ပြောကြားခဲ့သည်။

အာရှ-ပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (APEC) အဖွဲ့ဝင် စီးပွားရေးအစုအဖွဲ့ ၂၁ ခုသည် အရင်းအမြစ်ချင်း ကွဲပြားခြားနားပြီး ဖွံ့ဖြိုးတိုးတက်မှုအဆင့် မတူညီကြသော်လည်း ဆက်သွယ်ချိတ်ဆက်မှု နီးကပ်ခြင်း၊ အကျိုးစီးပွား ယှက်နွယ်ပေါင်းစည်းခြင်းများ ရှိကြသည်။

“'အာရှ-ပစိဖိတ် အံဖွယ်' က အားလုံး လက်တွဲညီညီ အခက်အခဲ၊ အကျပ်အတည်းများကို ကျော်လွှားပြီး ဖန်တီးတည်ဆောက်ထားတာ ဖြစ်ပါတယ်” ဟု ရှီကျင့်ဖိန်က ပြောကြားခဲ့ဖူးသည်။

“အာရှ-ပစိဖိတ် မိသားစုကြီး” တွင် သမ္မတ ရှီကျင့်ဖိန်သည် ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ဘုံအကျိုးစီးပွား ဖော်ဆောင်မှုမှတစ်ဆင့် အာရှ-ပစိဖိတ် ဖွံ့ဖြိုးစည်ပင်ရေးနှင့် သာယာလှပသည့် အနာဂတ်သစ်ကို အတူတကွဖန်တီးမှုကို မြှင့်တင်ရန် အစဉ်အမြဲ ခိုင်မာစွာ လက်ကိုင်ထားသည်။ (Xinhua)

သတင်းအပြည့်အစုံအား အောက်ပါလင့်ခ်မှတစ်ဆင့် ကြည့်ရှုနိုင်ပါသည်။

https://www.xinhuanet.com/20261116/c87d78b1d8684087b951c082ef3eaf2d/c.html

-----------------------------

(Chinese Version)

聚焦APEC|雁阵齐飞向未来——习近平主席推动亚太合作共赢的故事

新华社北京11月16日电 “亚太经合组织的21个成员,就好比21只大雁。”

2014年11月,北京雁栖湖畔,习近平主席从“雁点青天字一行”讲起,呼吁亚太各方加强合作、展翅齐飞,书写亚太发展新愿景,“引领世界经济的雁阵,飞向更加蔚蓝而辽阔的天空”。

亚太经合组织(APEC)21个成员经济体,禀赋各异、发展阶段不同,但联系紧密、利益交融。“‘亚太奇迹’是靠大家携手奋斗、爬坡过坎创造的。”在“亚太大家庭”中,习近平主席始终坚持通过合作共赢促进亚太繁荣发展、共创美好未来。

https://www.xinhuanet.com/20261116/c87d78b1d8684087b951c082ef3eaf2d/c.html

图说:这是2026年11月3日在深圳前海石公园拍摄的APEC“中国年”会标装饰。 新华社记者 毛思倩 摄

မူရင်းသတင်း — Xinhua Myanmar