
အိန္ဒိယနှင့် အာဆီယံနိုင်ငံများသည် ကမ္ဘာ့လူဦးရေ၏ လေးပုံတစ်ပုံနီးပါးကို ကိုယ်စားပြုနေသဖြင့် အနာဂတ်ကို ပြိုင်ဆိုင်မှုဖြင့်မဟုတ်ဘဲ ပူးပေါင်းဆောင်ရွက်မှုဖြင့် ပုံဖော်ရန် အရေးကြီးကြောင်း အိန္ဒိယဝန်ကြီးချုပ် နာရင်ဒရာ မိုဒီက အာဆီယံခေါင်းဆောင်များကို နိုဝင်ဘာ ၁၇ ရက်တွင် ပြောကြားခဲ့သည်။
ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့တွင်ကျင်းပသည့် ၂၃ ကြိမ်မြောက် အိန္ဒိယ-အာဆီယံ ထိပ်သီးအစည်းအဝေးတွင် မိုဒီက အာဆီယံ၏ စည်းလုံးညီညွတ်မှုနှင့် ဒေသတွင်း အဓိကအခန်းကဏ္ဍကို အိန္ဒိယက ဆက်လက်ထောက်ခံသွားမည်ဟု ပြောကြားခဲ့သည်။
လွန်ခဲ့သည့်နှစ်များအတွင်း ကမ္ဘာကြီးသည် အကျပ်အတည်းများစွာကို ရင်ဆိုင်ခဲ့ရပြီး ယနေ့ကမ္ဘာအတွက် အလိုအပ်ဆုံးအရာက ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် ကြိုတင်တွက်ဆနိုင်မှုတို့ ဖြစ်သည်ဟု မိုဒီကဆိုကာ အိန္ဒိယ၏ ဖွံ့ဖြိုးတိုးတက်မှုနှင့် အာဆီယံ၏ ကြွယ်ဝချမ်းသာမှုတို့သည် အပြန်အလှန်နက်ရှိုင်းစွာ ဆက်စပ်နေကြောင်း ပြောကြားသည်။
ထို့ပြင် လာမည့်နှစ်များတွင် ASEAN Community Vision 2045 ရည်မှန်းချက်နှင့် Developed India 2047 ရည်မှန်းချက်တို့သည် အတူတကွမျှော်မှန်းထားသည့် ရည်မှန်းချက်များကို အကောင်အထည်ဖော်ရာတွင် အရေးပါသည့် အခန်းကဏ္ဍမှ ပါဝင်နိုင်ကြောင်းလည်း မိုဒီက ပြောကြားခဲ့သည်။
Ref: India Today