နေပြည်တော် နိုဝင်ဘာ ၁၆
မလေးရှားနိုင်ငံ၌ ကျင်းပပြုလုပ်မည့် (၂၇)ကြိမ်မြောက် အာဆီယံ ကြည်းတပ်ဦးစီးချုပ်များ အစည်းအဝေး (27th ASEAN Chiefs of Army Multilateral Meeting- 27th ACAMM) သို့ တက်ရောက်မည့် ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဗိုလ်ချုပ်ကြီးကျော်စွာလင်း ဦးဆောင်သော မြန်မာ့တပ်မတော် ကိုယ်စားလှယ်အဖွဲ့သည် ယနေ့ နံနက်ပိုင်းတွင် မလေးရှားနိုင်ငံ ကွာလာလမ်ပူ အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ရောက်ရှိခဲ့ရာ မလေးရှား တပ်မတော်မှ အရာရှိကြီးများ၊ မလေးရှားနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီး ဦးအောင်ကျော်မိုး၊ မြန်မာစစ်သံ (ကြည်း၊ ရေ၊ လေ) ဗိုလ်မှူးချုပ် ညီညီဦးနှင့် ဇနီး၊ တာဝန်ရှိသူများက ကြိုဆိုကြသည်။
ဆက်လက်၍ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့် အဖွဲ့သည် ကွာလာလမ်ပူ အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထွက်ခွာပြီး မလက္ကာမြို့ရှိ Double Tree Hotel သို့ရောက်ရှိကြရာ မလေးရှား တပ်မတော်မှ အမှတ်(၁၁) တပ်မဟာမှူး ဗိုလ်မှူးချုပ် ဒါတိုဆဖ်ဝမ်နှင့် တာဝန်ရှိသူများက ကြိုဆိုကြသည်။
ညနေပိုင်းတွင် အဆိုပါဟိုတယ်ရှိ Strait-1 ခန်းမ၌ ထိုင်းဘုရင့် တပ်မတော် ကြည်းတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ပါနာ ကလာ အူပလော့ တွတ် (Pana Claew-plodtook)နှင့် တွေ့ဆုံဆွေးနွေးကြသည်။
တွေ့ဆုံပွဲသို့ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့် အတူ အဖွဲ့ဝင်အဖြစ် လိုက်ပါလာသည့် တပ်မတော် အရာရှိကြီးများ၊ မြန်မာစစ်သံ (ကြည်း၊ ရေ၊ လေ)တို့ တက်ရောက်ကြပြီး ထိုင်းဘုရင့် တပ်မတော် ကြည်းတပ်ဦးစီးချုပ်နှင့် တာဝန်ရှိသူများ တက်ရောက် ကြသည်။
ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် နှစ်နိုင်ငံ တပ်မတော်နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးမှုနှင့် ကဏ္ဍအလိုက် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးဆိုင်ရာ ကိစ္စရပ်များ၊ နယ်စပ်ဒေသ လုံခြုံရေးနှင့် တည်ငြိမ်အေးချမ်း ရေးဆိုင်ရာကိစ္စရပ်များ၊ မြန်မာနိုင်ငံအစိုးရအနေဖြင့် မူးယစ်ဆေးဝါး၊ တရားမဝင်နယ်စပ် ကုန်သွယ်ရေးနှင့် လူကုန်ကူးမှု တားဆီးကာကွယ်ရေး လုပ်ငန်းများကို ထိထိရောက်ရောက် တားဆီးကာကွယ်နှိမ်နင်းလျက်ရှိသည့် ကိစ္စရပ်များ၊ အကြမ်းဖက် သောင်းကျန်းသူအဖွဲ့ တချို့၏ အကာအကွယ်ဖြင့် နှစ်နိုင်ငံ နယ်စပ်၌ အွန်လိုင်းလိမ်လည် လောင်းကစားမှု လုပ်ငန်းများ ကျူးလွန်ရာတွင် လိုအပ်သည့် ရိက္ခာ၊ စက်သုံးဆီ၊ လျှပ်စစ်မီး၊ ဆက်သွယ်ရေး အထောက်အကူပြု ပစ္စည်းများကို ထိုင်းနိုင်ငံဘက်မှ ပူးပေါင်း ကာကွယ်တားဆီးပေးရန် လိုအပ်သည့် အခြေအနေများနှင့် ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံပွဲအပြီးတွင် ဒုတိယ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း)သည် ထိုင်းဘုရင့် တပ်မတော် ကြည်းတပ်ဦးစီးချုပ်နှင့် အထိမ်းအမှတ်တံဆိပ်များ အပြန်အလှန် ပေးအပ်ကြပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြကြောင်း သိရသည်။
သတင်းစဉ်