
မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက ထိုက်ချန်း (Tai Chang) ငွေလိမ်စင်တာများနှင့် ဆက်စပ်၍ သတင်းထုတ်ပြန်ရာတွင် မြန်မာနိုင်ငံရှိ ငွေလိမ်လုပ်ငန်းများသည် ကမ္ဘာတစ်ဝန်းရှိ ပြည်သူများကို ထိခိုက်နစ်နာစေလျက်ရှိပြီး အမေရိကန်ပြည်ထောင်စုအနေဖြင့် ယင်းကိစ္စရပ်များအပေါ် အရေးယူဆောင်ရွက်လျက်ရှိကြောင်း ဖော်ပြထားသည်။
အမေရိကန်သံရုံး၏ ထုတ်ပြန်ချက်တွင် မြန်မာနိုင်ငံရှိ ထိုက်ချန်း (Tai Chang) ငွေလိမ်စင်တာများနှင့် ဆက်စပ်နေသည့် ငွေကြေးများကို ပြန်လည်သိမ်းဆည်းရမိရေး အထောက်အကူပြုမည့် သတင်းအချက်အလက်များ ပေးပို့နိုင်သူများအတွက် အမေရိကန်ပြည်ထောင်စုမှ ဆုငွေ အမေရိကန်ဒေါ်လာ ၁၀ သန်းအထိ ပေးအပ်သွားမည် ဖြစ်ကြောင်း၊ အဆိုပါ ရာဇဝတ်လုပ်ငန်းများသည် အမေရိကန်နိုင်ငံသားများထံမှ ငွေကြေးများကို လိမ်လည်ခိုးယူနေသည့်အပြင် လူကုန်ကူးခံရပြီး အဆိုပါငွေလိမ်လုပ်ငန်းများတွင် အဓမ္မခိုင်းစေခံနေရသူများအပေါ်တွင်လည်း ခေါင်းပုံဖြတ်အမြတ်ထုတ်လျက် ရှိကြောင်း ဖော်ပြထားသည်။
ဤရာဇဝတ်လုပ်ငန်းများနှင့် ပတ်သက်သည့် သတင်းအချက်အလက်များ အမေရိကန် ပြည်ထောင်စု စုံစမ်းစစ်ဆေးရေးဗျူရို (FBI) ၏ အီးမေးလ်လိပ်စာ TaiChangTIPS@fbi.gov သို့ ဆက်သွယ်ပေးပို့နိုင်ကြောင်း ကြေညာထားသည်ကို တွေ့ရသည်။
#Myanmar #News
