
၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၁၇ ရက်
အရှေ့တောင်အာရှနိုင်ငံတွေမှာ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေကို နှိမ်နင်းမှုတွေ ပြင်းထန်လာပြီးနောက် အဲဒီလုပ်ငန်း တွေဟာ သီရိလင်္ကာဘက် ရွှေ့လာတာကြောင့် အွန်လိုင်းငွေလိမ်သူတွေကို ဖော်ထုတ် နှိမ်နင်းနိုင်ဖို့ FBI က သီရိလင်္ကာ ရဲတပ်ဖွဲ့ကို ကူညီပေးသွားမယ်လို့ အမေရိကန်သံရုံးက နိုဝင်ဘာ ၁၆ ရက်မှာ ပြောပါတယ်။
အွန်လိုင်းငွေလိမ်ဂိုဏ်းတွေဟာ ဗီဇာစည်းမျဉ်းတွေ ပိုလွယ်ကူပြီး အင်တာနက်လိုင်းကောင်းမွန် တာကြောင့် သီရိလင်္ကာ ကို လုပ်ငန်းပြောင်းရွှေ့ဖို့ ဆွဲဆောင်မှုရှိတဲ့နေရာတစ်ခုအဖြစ် အသုံးပြုလာကြတယ်လို့ သီရိလင်္ကာ ရဲတပ်ဖွဲ့က ပြော ပါတယ်။
အမေရိကန်သံရုံးရဲ့ ထုတ်ပြန်ချက်အရ FBI ဝန်ထမ်းတွေဟာ သီရိလင်္ကာရဲတပ်ဖွဲ့နဲ့ ပူးပေါင်းပြီး စုံစမ်းစစ်ဆေးနည်းတွေ၊ ဒစ်ဂျစ်တယ်အထောက်အထား စစ်ဆေးနည်းတွေနဲ့ အမှုတည်ဆောက်တဲ့ နည်းလမ်းတွေကို ကူညီပေးသွားမှာ ဖြစ်ပါ တယ်။
FBI အဖွဲ့ဟာ ဒီလအတွင်း သီရိလင်္ကာမှာ တစ်ပတ်ကြာနေထိုင်ပြီး ဒေသခံစုံစမ်းစစ်ဆေးရေး အရာရှိတွေကို လေ့ကျင့် ပေးသွားမှာဖြစ်သလို ငွေလိမ်ခံရသူတွေကို ဖော်ထုတ်တာ၊ ရာဇဝတ်မှု လုပ်ဆောင်ချက်တွေကို ခြေရာခံတာနဲ့ တာဝန်ရှိ သူတွေကို ထိထိရောက်ရောက် အရေးယူနိုင်ဖို့ အမှုတွေကို ပိုမိုခိုင်မာအောင် တည်ဆောက်တာတွေမှာလည်း ကူညီ ပေးသွားမယ်လို့ အမေရိကန် သံရုံးက ပြောပါတယ်။
အွန်လိုင်းငွေလိမ်ဂိုဏ်းတွေဟာ အရှေ့တောင်အာရှတစ်ဝန်းမှာ အင်တာနက်အသုံးပြုသူတွေကို အချစ်ရေး အတု အယောင်တွေ၊ cryptocurrency ရင်းနှီးမြှုပ်နှံမှုတွေနဲ့ လောင်းကစား ပလက်ဖောင်း အတုတွေကတစ်ဆင့် လိမ်လည် တဲ့ လုပ်ငန်းတွေကို တိုးချဲ့လုပ်ကိုင်လာကြပါတယ်။
အစပိုင်းမှာတော့ တရုတ်ဘာသာစကားပြောသူတွေကို အဓိကပစ်မှတ်ထားခဲ့ပေ မဲ့ နောက်ပိုင်းမှာ အွန်လိုင်းငွေလိမ် ဂိုဏ်းတွေဟာ ဘာသာစကားအမျိုးမျိုးနဲ့ နိုင်ငံအများအပြားမှာ လုပ်ငန်းတွေ တိုးချဲ့လာပါတယ်။
ဒီလုပ်ငန်းတွေမှာ ပါဝင်သူတချို့က ကိုယ်တိုင်လိုလိုလားလား လိမ်လည်သူတွေဖြစ်ပေ မဲ့ တချို့ကတော့ လူကုန်ကူး ခံရပြီး အတင်းအကျပ် အလုပ်လုပ်ခိုင်းခံနေရတဲ့ နိုင်ငံခြားသားတွေ ဖြစ်ပါတယ်။
သီရိလင်္ကာမှာ လုပ်ကိုင်နေတဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေဟာ အိန္ဒိယ၊ ဗီယက်နမ်နဲ့ ဖိလစ်ပိုင်အပါအဝင် အာရှတစ်ဝန်း က လူတွေကို ပစ်မှတ်ထားနေတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ ဒါပေမယ့် နောက်ထပ်ပစ်မှတ်တွေထဲမှာ သီရိလင်္ကာနိုင်ငံသားတွေပါ ပါလာနိုင်တယ်ဆိုတဲ့ စိုးရိမ်မှုတွေလည်း တိုးလာနေပါတယ်။
ဒီနှစ်အစကတည်းက သီရိလင်္ကာရဲတပ်ဖွဲ့ဟာ ဆိုက်ဘာရာဇဝတ်မှုမှာ ပါဝင်ပတ်သက်တယ်လို့ သံသယရှိတဲ့ နိုင်ငံခြား သား ၁ , ၁၀၀ ကျော်ကို ဖမ်းဆီးထားပြီး အများစုက တရုတ်၊ ဗီယက်နမ်နဲ့ အိန္ဒိယနိုင်ငံသားတွေ ဖြစ်ပါတယ်။
သီရိလင်္ကာဟာ ဆိုက်ဘာရာဇဝတ်မှုတိုက်ဖျက်ရေးအတွက် တရုတ်နိုင်ငံထံကလည်း အကူအညီတောင်းခံထားပြီး တရုတ်နိုင်ငံက ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ကတိပြုထားပါတယ်။
ကိုလံဘိုမြို့ရှိ တရုတ်သံရုံးကတော့ ကမ္ဘောဒီးယား၊ မြန်မာနဲ့ အာရပ်စော်ဘွားများပြည်ထောင်စုတို့မှာ အရေးယူ နှိမ်နင်းမှုတွေ လုပ်ဆောင်ပြီးနောက် သီရိလင်္ကာမှာ အွန်လိုင်းငွေလိမ်လုပ်ငန်းတွေ တိုးလာ တယ်လို့ မတ်လအတွင်း ပြောထားပါတယ်။
Ref – CNA