
ယခုသီတင်းပတ်အတွင်း တရုတ်သမ္မတ ရှီကျင်းပင်၊ အမေရိကန်သမ္မတ ဒေါ်နယ်ထ ရန့်၊ ရုရှားသမ္မတ ဗလာဒီမာ ပူတင်တို့၏ တွေ့ ဆုံမည့် ထိပ်သီးအစည်းအဝေးကို ၁၉၄၅ ခု နှစ်က ပြုလုပ်ခဲ့သည့် ယောလ်တာညီလာခံနှင့် နှိုင်းယှဉ်ပြောဆိုနေမှုကို ရုရှား၏ ကရင်မလင် နန်းတော်က ပယ်ချခဲ့သည်။
အဆိုပါ ခေါင်းဆောင်သုံးဦး၏ ထိပ်သီး အစည်းအဝေးသည် အခြားနိုင်ငံများ၏ ကံ ကြမ္မာကို အဆုံးအဖြတ်ပေးမည်မဟုတ် ကြောင်း ကရင်မလင်နန်းတော်က နိုဝင်ဘာ ၁၇ ရက်တွင် ပြောကြားခဲ့သည်။
၁၉၄၅ ခုနှစ် ယော်လ်တာ ထိပ်သီးအ စည်းအဝေးတွင် အမေရိကန်သမ္မတ ဖရန့်က လင် ဒီ ရုစဗဲ့၊ ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန် ချာချီနှင့် ဆိုဗီယက်ခေါင်းဆောင် ဂျိုးဇက် စ တာလင်တို့သည် အခြားနိုင်ငံများ၏ သဘော ထားကို ထည့်သွင်းစဉ်းစားမှု အနည်းငယ်သာ ပြုလုပ်ပြီး ဒုတိယကမ္ဘာစစ်အလွန် နယ်နိမိတ် အသစ်များကို ပိုင်းခြားသတ်မှတ်ခဲ့ကြသည်။နိုဝင်ဘာ ၁၉ ရက်တွင် ရှန်ကျန်းမြို့၌ ကျင်းပမည့် ရုရှား၊ တရုတ်နှင့် အမေရိကန် ခေါင်းဆောင်များ၏ သုံးပွင့်ဆိုင် တွေ့ဆုံမှု သည် ၂၁ ရာစုအတွက် ယော်လ်တာညီလာခံ ကဲ့သို သြဇာလွှမ်းမိုးမှု နယ်ပယ်များ ပြန်လည် ခွဲဝေသတ်မှတ်ခြင်း ဖြစ်လာနိုင်ကြောင်း ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇယ်လန်စကီးက စိုးရိမ်ပူပန်ကြောင်း ထုတ်ဖော်ပြောဆိုထား သည်။ကရင်မလင် ပြောရေးဆိုခွင့်ရှိသူတစ်ဦး ကမူ အဆိုပါ ပြောဆိုချက်ကို ပြန်လည် တုံ့ပြန် ခဲ့ပြီး “ယော်လ်တာညီလာခံနဲ့ နှိုင်းယှဉ်ပြောဆို မှု အားလုံးဟာ လက်တွေ့ဘဝနဲ့ ဘာမှမသက် ဆိုင်တဲ့ နိုင်ငံရေးသိပ္ပံဆိုင်ရာ စိတ်ကူးယဉ် တွက်ချက်မှုတွေသာ ဖြစ်ပါတယ်” ဟု ပြော ကြားခဲ့သည်။“ကမ္ဘာကြီးရဲ့ ကံကြမ္မာကို ဆုံးဖြတ်ဖို့ လူစုဝေးနေကြတယ်လို့ ပြောတာဟာ ရုရှား မဟုတ်သလို တရုတ်လည်း လုံးဝမဟုတ်ပါ ဘူး” ဟု ရုရှားနိုင်ငံပိုင် မီဒီယာများက ဖော်ပြခဲ့ သည့် မှတ်ချက်များတွင် အဆိုပါ ပြောရေးဆို ခွင့်ရှိသူက ထပ်လောင်းပြောကြားခဲ့သည်။
“ကျွန်တော်တို့ရဲ့ ကံကြမ္မာကို ဘယ်သူ ကမှ ဝင်ရောက်ဆုံးဖြတ်ပေးတာမျိုး ကျွန် တော်တို့ မလိုချင်သလို၊ တခြားသူတွေရဲ့ ကံ ကြမ္မာကို ဆုံးဖြတ်ပိုင်ခွင့်ကိုလည်း ကျွန်တော် တို့ ဘယ်တော့မှ ကျူးကျော်စွက်ဖက်မှာ မ ဟုတ်ပါဘူး” ဟု ၎င်းက ဆိုသည်။
လေးနှစ်ကျော်ကြာမြင့်နေပြီဖြစ်သည့် ပဋိပက္ခကို အဆုံးသတ်ရန် ရည်ရွယ်သည့် သံတမန်ရေးရာ လှုပ်ရှားမှုများ အရှိန်အဟုန် ဖြင့် လုပ်ဆောင်နေချိန်တွင် အာရှ-ပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု APEC ထိပ်သီးအစည်းအဝေး၏ ပြင်ပဆက်စပ်အ ဖြစ် ပြုလုပ်မည့် အဆိုပါ သုံးပွင့်ဆိုင်တွေ့ဆုံမှု သည် ယူကရိန်းစစ်ပွဲကို ဆက်လက်ဆင်နွှဲရန် ပူတင်အား အားပေးအားမြှောက်ပြုရာသာ ရောက်လိမ့်မည်ဟု ယူကရိန်းအစိုးရက ပြော ကြားထားသည်။ တရုတ်နိုင်ငံဘက်ကမူ ခေါင်းဆောင်သုံး ဦး၏ ပထမဆုံးအကြိမ် တွေ့ဆုံမှုတွင် မည် သည့်အကြောင်းအရာများကို ဆွေးနွေးကြ မည်ဆိုသည်နှင့် ပတ်သက်၍ အသေးစိတ် အချက်အလက် အနည်းငယ်ကိုသာ ထုတ်ပြန် ထားသည်။၎င်းတို့အနေဖြင့် ကမ္ဘာ့ငြိမ်းချမ်းရေးကို ကာကွယ်စောင့်ရှောက်ရေးနှင့် အင်အားကြီး နိုင်ငံများအကြား ဆက်ဆံရေးတွင် မဟာဗျူ ဟာမြောက် တည်ငြိမ်မှုကို မြှင့်တင်ရေးတို့အ ပေါ် နက်နက်ရှိုင်းရှိုင်း အမြင်ချင်းဖလှယ် ဆွေးနွေးကြမည်” ဖြစ်ကြောင်း တရုတ်ဘက် က ပြောကြားခဲ့သည်။သမ္မတ ထရန့်ကမူ ၎င်းတို့အနေဖြင့် ခက်ခဲနက်နဲသည့် အကြောင်းအရာဖြစ်သော နျူကလီးယားလက်နက် ဖျက်သိမ်းရေးကိစ္စ အပြင် အီရန်နှင့် ယူကရိန်း စစ်ပွဲများအ ကြောင်းကိုပါ ဆွေးနွေးကြမည်ဟု ပြောဆို ထားသည်။