
သန့်ဇင် (NP News) - နိုဝင်ဘာ ၁၇
အင်းတော်-ဝန်းသို- ကောလင်း-ကျွန်းလှ-ကန့်ဘလူ လမ်းကြောင်းနှင့် အင်းတော် - ကျောက်တန်း - စပ္ပါယ်နံသာ လမ်းကြောင်း တစ်လျှောက် တပ်မတော်နယ်မြေရှင်းလင်းစဉ် တိုက်ပွဲ (၂၉) ကြိမ်ဖြစ်ပွားခဲ့ကာ ရန်သူ့အလောင်း (၁၃) လောင်း၊ လက်နက်မျိုးစုံ ၁၁ လက်၊ ခဲယမ်းများနှင့် ဆက်စပ်ပစ္စည်းများ သိမ်းပိုက်ရရှိခဲ့ကြောင်း သိရသည်။
တပ်မတော်အနေဖြင့် စစ်ကိုင်း တိုင်းဒေသကြီးအတွင်း အဓိက အရေးပါသော ဆက်သွယ်ရေး လမ်းကြောင်းများ ဖြစ်သည့် အင်းတော် - ဝန်းသို - ကောလင်း-ကျွန်းလှ- ကန့်ဘလူလမ်းကြောင်း နှင့် အင်းတော် - ကျောက်တန်း-စပ္ပါယ်နံသာ လမ်းကြောင်းများအား ပြန်လည်ထိန်းချုပ်ဖွင့်လှစ်ပေးနိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိ ရာ အကြမ်းဖက်သောင်း ကျန်းသူများ ယာယီစိုးမိုးထားခဲ့ သည့် မြို့ရွာများနှင့် ဆက်သွယ်ရေးလမ်းကြောင်းများ အား တစ်ခုပြီးတစ်ခုပြန်လည်သိမ်းပိုက်ထိန်းချုပ်လျက်ရှိကြောင်း သိရသည်။
ထို့နောက် အင်းတော်-ဝန်းသို -ကောလင်း လမ်းကြောင်း နှင့် အင်းတော် - မအူကုန်း -ကျောက်တန်း လမ်းကြောင်း ပေါ်တွင် ခိုအောင်းနေထိုင်ပြီး အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်လျက်ရှိသည့် အကြမ်းဖက်သောင်းကျန်းသူများ ကို တိုက်ခိုက်ချေမှုန်း ရှင်းလင်းခဲ့သည့် သတင်းအား ၂၀၂၆ ခုနှစ် အောက်တိုဘာ (၂ဝ) ရက်တွင် ထုတ်ပြန်ခဲ့ပြီးဖြစ် ကြောင်း သိရသည်။
ဆက်လက်၍ အင်းတော်-ဝန်းသို-ကောလင်း လမ်းကြောင်း နှင့် အင်းတော်-မအူကုန်း-ကျောက်တန်း လမ်းကြောင်း ပေါ်ရှိ သောင်းကျန်း သူများနှင့် ၎င်းတို့အခြေပြုစခန်းများ အား ရှင်းလင်းတိုက်ခိုက်နိုင်ရေး တပ်မတော် စစ်ကြောင်းများက နယ်မြေလုံခြုံရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အင်းတော် -ဝန်းသို - ကောလင်း လမ်းပိုင်းပေါ်ရှိ တပ်မတော်စစ်ကြောင်းသည် အောက်တိုဘာ (၂၀) ရက်တွင် စကြာမောင်ကျေးရွာအား လည်းကောင်း၊ အောက်တိုဘာ (၂၁) ရက်တွင် ကျီကုန်းကျေးရွာနှင့် ဇီးဖြူကုန်းကျေးရွာ အား လည်းကောင်း အသီးသီးပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း သိရသည်။
အလားတူ အင်းတော် - မအူ ကုန်း - ကျောက်တန်းလမ်းပိုင်းရှိ တပ်မတော် စစ်ကြောင်းသည် အောက်တိုဘာ ၂၉ ရက်တွင် ညောင်ကုန်း ကျေးရွာနှင့် ဘုလက်ကျေးရွာအားလည်းကောင်း၊ နိုဝင်ဘာ ၁ ရက်တွင် ပိန္နဲကုန်း ကျေးရွာ အား လည်းကောင်း၊ နိုဝင်ဘာ ၂ ရက်တွင် ပွိုင့်-၁၈၂ တောင်ကုန်းနှင့် ပွိုင့်-၃၄၄ တောင်ကုန်းအား လည်းကောင်း၊ နိုဝင်ဘာ ၄ ရက်တွင် ဒိုးပင်ကျေးရွာ အားလည်းကောင်း ပြန်လည် သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ကြောင်း သိရသည်။
ဆက်လက်၍ အင်းတော် -ဝန်းသို -ကောလင်း လမ်းကြောင်း ပေါ်ရှိ တပ်မတော်စစ်ကြောင်းနှင့် ပူးပေါင်း၍ နယ်မြေလုံခြုံရေး လုပ်ငန်း များကို ဆက်လက်ဆောင် ရွက်ခဲ့ရာ နိုဝင်ဘာ ၅ ရက်တွင် ကျွန်းတောကျေးရွာနှင့် ပဒုမ္မာ ကျေးရွာအား လည်းကောင်း၊ နိုဝင်ဘာ ၆ ရက်တွင် မင်းကုန်း ကျေးရွာနှင့်ကျောက်တန်းကျေးရွာ အားလည်းကောင်း၊ နိုဝင်ဘာ ၇ ရက်တွင် တောင်မော်ကျေးရွာ အားလည်းကောင်း အဆင့်ဆင့် အောင်မြင်စွာ ချီတက်ရှင်းလင်း သိမ်းပိုက်နိုင်ခဲ့ကြောင် သိရသည်။
နိုဝင်ဘာ ၈ ရက် ညနေပိုင်းတွင် ဝန်းသိုမြို့သို့ အောင်မြင်စွာ ရောက်ရှိခဲ့ရာတပ်မတော်စစ်ကြောင်းများအား ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဒေသခံတိုင်းရင်းသားပြည်သူများ ကြိုဆို ခဲ့ကြောင်း သိရသည်။
ထို့နောက် တပ်မတော် စစ်ကြောင်းများက ဝန်းသို-ကောလင်း-ကျွန်းလှ-ကန့်ဘလူ လမ်းကြောင်းနှင့် ကျောက်တန်း-စပ္ပါယ်စုံသာ လမ်း ကြောင်းတို့အား ယာယီထိန်းချုပ်ပြီး အကြမ်းဖက်သောင်း ကျန်းသူများအား ရှင်းလင်း တိုက်ခိုက်ချေမှုန်းနိုင်ရေးအတွက် ဝန်းသိုမြို့နှင့် ကျောက်တန်း ကျေးရွာတို့၌ စနစ်တကျ ပြင်ဆင် စုဖွဲ့မှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ယင်းနောက် စစ်ကြောင်းများခွဲ၍ နယ်မြေ ရှင်းလင်းရေးဆောင် ရွက်ခဲ့ရာ နိုဝင်ဘာ ၁၁ ရက်တွင် ကောလင်းမြို့သို့ လည်းကောင်း၊ နိုဝင်ဘာ ၁၂ ရက်တွင် ဝါးရုံခုံ ကျေးရွာ၊ ကုက္ကိုလ်ကုန်းကျေးရွာ နှင့် ညောင်ကုန်းကျေးရွာတို့အား လည်းကောင်း၊ နိုဝင်ဘာ ၁၃ ရက် တွင် ကိုးတောင်ဘို့ကျေးရွာအား လည်းကောင်း၊ နိုဝင်ဘာ ၁၅ ရက် တွင် သင်တောကျေးရွာနှင့် ဥတုံး ပင်ကျေးရွာတို့အားလည်းကောင်း အဆင့်ဆင့် ရှင်းလင်းတိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။
တပ်မတော် စစ်ကြောင်းများသည် အဆိုပါလမ်းကြောင်းများနှင့်ကျေးရွာများအား ပြန်လည် သိမ်းပိုက်ရရှိရေး ဆောင်ရွက်ခဲ့ရာ ကျန်းသူများနှင့် တိုက်ပွဲကြီး/ငယ် ထိတွေ့မှု စုစုပေါင်း (၂၉) ကြိမ် ဖြစ်ပွားခဲ့ပြီး ရန်သူ့ထံမှအလောင်း (၁၃) လောင်း၊ လက်နက်မျိုးစုံ ၁၁ လက်၊ ခဲယမ်းများနှင့် ဆက်စပ် ပစ္စည်းများ၊ ပစ်ကျင်းများ၊ ဘန်ကာ များ၊ လူနေတဲများ၊ အကြမ်းဖက် ဖောက်ခွဲဖျက်ဆီးရာတွင် အသုံး ပြုသည့် ဆက်စပ်ပစ္စည်းများ၊ သောင်းကျန်းသူများ၏ ပြောက် ကျား ဝတ်စုံများ၊ ကျည်ကာအင်္ကျီး ယာယီဆေးကုသသည့်နေရာနှင့် ဆေးပစ္စည်းများ၊ အခြားအသုံး အဆောင်ပစ္စည်းများ သိမ်းပိုက် ရရှိခဲ့ကြောင်း သိရသည်။




