
တီဟီရန်၊ နိုဝင်ဘာ ၁၇ ရက် (ဆင်ဟွာ)
အီရန်နိုင်ငံ အလယ်ပိုင်းရှိ အစ္စဖာဟန်ပြည်နယ်တွင် နိုဝင်ဘာ ၁၆ ရက် အစောပိုင်းက လေကြောင်းရန်ကာကွယ်ရေးလှုပ်ရှားခဲ့သည်ဆိုသော သတင်းများကို ပြည်နယ်အာဏာပိုင်များက နိုဝင်ဘာ ၁၆ ရက်ညပိုင်းတွင် ငြင်းဆိုလိုက်သလို တစ်ချိန်တည်းမှာပင် အီရန်စစ်တပ်က လွန်ခဲ့သည့် ၂၄ နာရီအတွင်း ဟော်မုဇ်ရေလက်ကြား အရှေ့ဘက်၌ စည်းကမ်းချိုးဖောက်သည့် ရေနံတင်သင်္ဘောတစ်စင်း မီးလောင်ကျွမ်းခဲ့ကြောင်း ကြေညာခဲ့သည်။
အီရန်၏ တစ်စိတ်တစ်ပိုင်း တရားဝင်သတင်းဌာနဖြစ်သော Mehr သတင်းဌာနက အစ္စဖာဟန်ပြည်နယ်တွင် လေကြောင်းရန်ကာကွယ်ရေးစနစ်များ စတင်အလုပ်လုပ်ခဲ့ကြောင်း နိုဝင်ဘာ ၁၆ ရက်ညပိုင်းတွင် ဖော်ပြခဲ့သော်လည်း အကြောင်းရင်းကိုမူ ရှင်းလင်းဖော်ပြခြင်း မရှိခဲ့ပေ။
သို့သော် နိုင်ငံပိုင် IRIB သတင်းဌာနက အစ္စဖာဟန်ပြည်နယ် လုံခြုံရေးဆိုင်ရာ ဒုတိယပြည်နယ်အုပ်ချုပ်ရေးမှူး အက်ဘာ ဆာလေဟီ၏ ပြောကြားချက်ကို ကိုးကား၍ ပြည်နယ်လေပိုင်နက်အတွင်း ရန်လိုသော လေယာဉ်တစ်စင်းမျှ တွေ့ရှိရခြင်း မရှိကြောင်း ဖော်ပြခဲ့သည်။
၎င်းက ဆက်လက်၍ "လေကြောင်းရန်ကာကွယ်ရေးနှင့် ပြည်နယ်အတွင်း တပ်စွဲထားသော လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ လှုပ်ရှားမှုတွေနဲ့ ပတ်သက်တဲ့ ကိစ္စရပ်တွေဟာ ပုံမှန်အစီအစဉ်တွေနဲ့ လက်ရှိလုပ်ဆောင်နေကျ လုပ်ထုံးလုပ်နည်းတွေအတိုင်းသာ ဆောင်ရွက်နေတာပါ" ဟု ပြောကြားခဲ့သည်။
နိုဝင်ဘာ ၁၆ ရက် ညကပင် အီရန်စစ်တပ်၏ ရေတပ်က ထုတ်ပြန်ချက်တစ်ခုတွင် ဟော်မုဇ်ရေလက်ကြား အရှေ့ဘက်၌ ရေအောက်မိုင်းများကို ဝင်တိုက်မိသဖြင့် "စည်းကမ်းချိုးဖောက်သည့်" ရေနံတင်သင်္ဘောတစ်စင်း မီးလောင်ကျွမ်းပြီး ပြင်းထန်စွာ ပျက်စီးသွားခဲ့ကြောင်း ဖော်ပြထားသည်။
အဆိုပါ ရေနံတင်သင်္ဘောသည် ရေလက်ကြားအရှေ့ဘက်ရှိ "တားမြစ်ထားသော" ဧရိယာကို ဖြတ်သန်းသွားလာစဉ် ၎င်း၏ လမ်းကြောင်းပြစနစ်များကို ပိတ်ထားခဲ့ကြောင်းလည်း ထည့်သွင်းဖော်ပြထားသည်။ ဤဖြစ်ရပ်သည် လွန်ခဲ့သည့် ၂၄ နာရီအတွင်း အဆိုပါ ရေလမ်းကြောင်း၏ အရှေ့ဘက်တွင် ပျက်စီးမှုဖြစ်ပွားခဲ့သည့် စတုတ္ထမြောက် ရေနံတင်သင်္ဘော ဖြစ်လာသည်။
အစ္စရေးနှင့် အမေရိကန်တို့က အီရန်ပိုင်နက်အတွင်း ပူးတွဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီးနောက် ဖေဖော်ဝါရီ ၂၈ ရက်တွင် အီရန်နိုင်ငံသည် ဟော်မုဇ်ရေလက်ကြားအပေါ် ၎င်း၏ ထိန်းချုပ်မှုကို တင်းကျပ်လိုက်ပြီး အစ္စရေးနှင့် အမေရိကန်တို့ ပိုင်ဆိုင်သော သို့မဟုတ် ၎င်းတို့နှင့် ဆက်နွှယ်ပတ်သက်နေသည့် သင်္ဘောများ ဘေးကင်းစွာ ဖြတ်သန်းသွားလာခွင့်ကို ပိတ်ပင်တားမြစ်ခဲ့သည်။ (Xinhua)
…………………
(English version)
Iran denies air defense activity in central province, says another oiler caught fire
TEHRAN, Nov. 16 (Xinhua) -- Iranian provincial authorities on Monday night denied reports of air defense activity earlier in the day in the country's central province of Isfahan, as the Iranian Army announced that a fourth "violating" oil tanker caught fire east of the Strait of Hormuz within the past 24 hours.
Iran's semi-official Mehr news agency reported Monday night that air defense in Isfahan became activated, but did not clarify the cause.
The state-run IRIB news agency, however, later quoted Isfahan's Deputy Governor for Security Affairs Akbar Salehi as saying that no hostile aircraft had been detected in the province's airspace.
He added, "Matters concerning air defense and the activities of the armed forces stationed in the province are proceeding in accordance with usual plans and ongoing procedures."
Also on Monday night, the navy of Iran's Army said in a statement that another "violating" oil tanker caught fire and sustained severe damage after hitting naval mines east of the Strait of Hormuz.
It added that the oil tanker had turned off its navigation systems while transiting the "forbidden" region east of the strait, making it the fourth oil tanker to have been damaged east of the waterway within the past 24 hours.
Iran tightened its grip on the strait on Feb. 28, barring safe passage of vessels belonging to or affiliated with Israel and the United States following their joint strikes on Iranian territory. ■
Photo caption: Smoke billows after explosions heard in downtown Tehran, Iran, April 1, 2026. (Xinhua/Shadati)