
ပေကျင်း၊ နိုဝင်ဘာ ၁၇ ရက် (ဆင်ဟွာ)
တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် (NPC) အမြဲတမ်းကော်မတီ ဒုတိယဥက္ကဋ္ဌ လီဟုန်ကျုံးနှင့် ပဉ္စမအကြိမ်မြောက် တရုတ်-အာရပ်နိုင်ငံများ နိုင်ငံရေးပါတီများ ဆွေးနွေးပွဲသို့ တက်ရောက်လာကြသော နိုင်ငံခြားကိုယ်စားလှယ်များ နိုဝင်ဘာ ၁၆ ရက်က ပေကျင်းမြို့၌ တွေ့ဆုံဆွေနွေးခဲ့ကြောင်း သိရသည်။
တရုတ်ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်လည်းဖြစ်သူ လီက တရုတ်-အာရပ် ဆက်ဆံရေးသည် ခေတ်သစ်စတင်ချိန်မှစ၍ သမိုင်းတစ်လျှောက် အကောင်းဆုံးကာလသို့ ရောက်ရှိလာပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။ တရုတ်နိုင်ငံအနေဖြင့် အာရပ်နိုင်ငံများနှင့် နိုင်ငံရေးပါတီများ၊ ဥပဒေပြုရေးအဖွဲ့အစည်းများအကြား အပြန်အလှန်ကူးလူးဆက်ဆံမှုများကို တိုးမြှင့်ရန်နှင့် ခေတ်သစ် တရုတ်-အာရပ် အေးအတူပူအမျှအသိုက်အဝန်း တည်ဆောက်ရေးကို ရှေ့ဆက်တိုးမြှင့်ရန် အသင့်ရှိကြောင်း လီက ဖြည့်စွက်ပြောကြားခဲ့သည်။
နိုင်ငံခြားကိုယ်စားလှယ်များကလည်း CPC ၂၀ ကြိမ်မြောက် ဗဟိုကော်မတီ ပဉ္စမအကြိမ် မျက်နှာစုံညီအစည်းအဝေး အောင်မြင်စွာ ကျင်းပနိုင်ခဲ့သည့်အပေါ် လှိုက်လှဲစွာ ဂုဏ်ပြုစကားဆိုခဲ့ကြပြီး CPC နှင့် အပြန်အလှန်ကူးလူးဆက်ဆံမှုများနှင့် ဆွေးနွေးမှုများကို အားကောင်းခိုင်မာစေရန်နှင့် အာရပ်-တရုတ် ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ရန် ဆန္ဒရှိသည်ဟု ပြောကြားခဲ့ကြကြောင်း သိရသည်။ (Xinhua)
..........................................
(English Version)
Senior Chinese legislator meets representatives attending China-Arab States Political Parties Dialogue
BEIJING, Nov. 16 (Xinhua) -- Li Hongzhong, vice chairman of the National People's Congress (NPC) Standing Committee, met with foreign representatives attending the Fifth China-Arab States Political Parties Dialogue in Beijing on Monday.
Li, also a member of the Political Bureau of the Communist Party of China (CPC) Central Committee, stated that China-Arab relations have entered their best period in history since the beginning of the new era. China stands ready to boost exchanges between political parties and legislative bodies with Arab states and advance the building of a China-Arab community with a shared future for the new era, he added.
Foreign representatives warmly congratulated the successful convening of the fifth plenary session of the 20th CPC Central Committee and expressed willingness to strengthen exchanges and dialogue with the CPC and boost the development of Arab-China relations. ■
Photo caption: Li Hongzhong, vice chairman of the National People's Congress (NPC) Standing Committee and a member of the Political Bureau of the Communist Party of China (CPC) Central Committee, meets with foreign representatives attending the Fifth China-Arab States Political Parties Dialogue in Beijing, capital of China, Nov. 16, 2026. (Xinhua/Jin Liangkuai)