
၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၁၇ ရက်
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်တွင် ယနေ့ နိုင်ဘာလ ၁၇ ရက်၊ နံနက်ပိုင်းက အမျိုးသားနှစ်ဦး စကားများ ရန်ဖြစ်ရာမှ ပေါက်ပြားဖြင့် ထုရိုက်သဖြင့် တစ်ဦး သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ကလောမြို့နယ်၊ လွယ်အံအုပ်စု၊ ကျောက်တန်းကျေးရွာနေ အသက် ၃၃ နှစ်အရွယ် အမျိုးသားတစ်ဦးသည် ယနေ့ နိုဝင်ဘာလ ၁၇ ရက်၊ နံနက် ၇ နာရီခွဲခန့်က တစ်ရွာတည်းနေ ထွန်းထွန်းနိုင် (ခ) စိုးပိုနှင့် စကားများရန်ဖြစ်ပြီး ထွန်းထွန်းနိုင် (ခ) စိုးပို က ပေါက်ပြားဖြင့် ရင်ဘတ်အား ထုရိုက်ရာမှ သတိလစ်မေ့မျောကာ ဆေးရုံ သို့ ပို့ဆောင်စဉ် သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ အမျိုးသား သေဆုံးမှုနှင့် ပတ်သက်၍ ရိုက်နှက်သူ ထွန်းထွန်းနိုင် (ခ) စိုးပို အား ၎င်း၏နေအိမ်တွင် သက်သေခံ ပေါက်ပြားနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး အမှုဖွင့်အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။