NP News

ရခိုင်ရိုးမ အဆင်းက ပဒါန်း နှင့် ရိုးမ ထိစပ်ဒေသက ဓားပြဆန်လာသော PDF များ (အင်တာဗျူး)

သုတကျော် (NP News)
ရခိုင်ပြည်နယ်မှဖြတ်ကျော်ပြီးနောက် ရခိုင်ရိုးမပေါ်ကဆင်းလျှင် ပထမဆုံးမြင်ရမည်မှာ ပဒါန်း ဖြစ်သည်။ ယင်းနေရာတွင် ခရီးသွားတို့ တစ်ထောက်နားကြတယ်။ တစ်ဖန် ပတ်ဝန်းကျင်ဒေသများ အ တွက်လည်း ပဒါန်းသည် ရောင်းရေးဝယ်တာပြုလုပ်ပေးသော ဒေသတစ်ခုဖြစ်သည်။ သို့သော် လက်နက် ကိုင်တို့၏ အရိပ်ကထိုးလာသောအခါ ပဒါန်းစီးပွားရေးအခြေအနေ ထိခိုက်ခဲ့ရသည်။ ပဒါန်းကား လက်ရှိ တွင် အေးချမ်းနေပေပြီ။ သို့သော် စီးပွားရေးအပြည့်အဝပြန်လည်လှုပ်ရှားအသက်ဝင်ရန် အားယူရပေ လိမ့်မည်။ ယင်းကား ပဒါန်းအကြောင်းဖြစ်သည်။ တစ်ဖန် ပဒါန်းနှင့်အနီးပတ်ဝန်းကျင်ဒေသများတွင် PDF တို့လှုပ်ရှားနေရာ လက်နက်ကိုင်အဖွဲ့အဖြစ်မှ လူပြန်ပေးဆွဲ၊ ကားသိမ်း စသည်ဖြင့် ဓားပြဆန်လာ နေသည်။ အဆိုပါအခြေအနေများနှင့်ပတ်သက်၍ ဒေသခံတစ်ဦးထံ ဆက်သွယ်မေးမြန်းထားသည်များကို ကောက်နုတ်ဖော်ပြအပ်ပါသည်။

မေး - ပထမဆုံးမေးချင်တာက ရခိုင်ရိုးမအဆင်းက ပဒါန်းမြို့အခြေအနေက အေးချမ်းသလားပေါ့။
ဖြေ - အေးချမ်းပါတယ်။
မေး - အေးချမ်းတယ်ဆိုတာက။
ဖြေ - ပဒါန်းမှာက ပူပင်စရာမရှိဘူး။ ပူပင်စရာက တောင်ပေါ်ပေါ့နော်။ မင်းလှအနောက်ဘက်ခြမ်းတို့၊ ပုသိမ်မုံရွာလမ်း အနောက်ဘက်ခြမ်းတို့၊ ရိုးမပေါ်တို့ပေါ့။ အဲဒီဘက်အခြမ်းတွေက သွားလို့၊ လာလို့ သိပ် အဆင်မပြေဘူးဖြစ်နေတာပေါ့။ တိုက်ပွဲဖြစ်လားဆိုတော့လည်းမဖြစ်ဘူး။ သူတို့က တစ်ချက်တစ်ချက် တက်တက်လာချင်တာ။
မေး - သူတို့က လမ်းပေါ်တက်ချင်တာပေါ့။
ဖြေ - လမ်းပေါ်တက်ပြီးတော့ ဝန်ထမ်းတွေ ဘာတွေဆိုရင် ဆွဲချင်တာပေါ့။ ဒီကောင်တွေက ဝန်ထမ်းမ ဟုတ်ရင်လည်းဆွဲပါတယ်။ ပြီးခဲ့တဲ့ (၄၊ ၅)ရက်လောက်ကပဲ မကွေးကနေတောင်ကြီးသွားတဲ့လိုင်းကား ကို ပြန်ပေးဆွဲတယ်လို့ ဒီဘက်မှာ သတင်းထွက်နေတာ။ ပေါင်မုန့်ကားလေ။
မေး - အဲဒီက PDF တွေက ဒေသခံတွေပဲလား။
ဖြေ - ဒေသခံတွေလည်း ရှိတယ်။ နောက်ဆုံးတော့ PDF ဆိုပေမယ့် ဓားပြလေးတွေပေါ့။ ဓားပြတိုက်စား နေတဲ့ကောင်တွေပါပဲ။ တိုက်ပွဲကျလည်း ဖော်တာ မဟုတ်ဘူးလေ။ တောင်ပေါ်က ချင်း PDF တို့ အောက် က ဗမာတို့ပေါ့။
မေး - သူတို့ကိုရှင်းဖို့ရာကျတော့ တခြားဒေသတွေလိုမျိုး ပြည်သူနောက်မှာ အကာအကွယ်ယူတာပဲလား။
ဖြေ - သွားလိုက်လို့ရှိရင် သူတို့ကလည်း ရွာထဲတင်ပဲ ခိုနေသလား ဘယ်လိုတော့မသိဘူး။ တောတောင် တွေကလည်း ပိန်းနေတော့ တိုက်ပွဲက ဖြစ်တဲ့အခါ ဖြစ်တယ်၊ မဖြစ်တဲ့အခါလည်းမဖြစ်ဘူးပေါ့။ သူတို့က ရွာတွေထဲမှာ လူထုနဲ့ရောနေတော့ လုပ်ရတာ ခက်တယ်ထင်ပါတယ်။
မေး - ပြည်သူကြားထဲခိုတာက သူတို့အတွက် အကာအကွယ်ဖြစ်နေတာပေါ့။
ဖြေ - ဟုတ်တယ် ဟုတ်တယ်။ သွားလို့ လာလို့ကတော့ ပုသိမ်-မုံရွာလမ်းမှာ ရွှေစက်တော်(၃)မိုင်လမ်း ကနေ ဟိုးဘက်က မဲဇလီတံတား အဲဒီကြားထဲမှာ သွားလို့မကောင်းဘူး။ နောက်ပြီးတော့ မဲဇလီတံတား က ကဇွန်းမလမ်းဆုံကြားတွေ သွားမကောင်းဘူး အဲဒီလိုဖြစ်နေတာပေါ့။
မေး - သွားလို့ မကောင်းဘူးဆိုတာက။
ဖြေ - PDF တွေ တက်တက်လာတတ်တယ်။ တွေ့တတ်တယ် အဲဒီလိုတွေ။
မေး - ဆိုတော့ သူတို့က ဆင်တူ ယူနီဖောင်းတွေဝတ်နိုင်လား။ ဖွဲ့စည်းပုံပျက်နေတယ်လို့ မြင်ရလား။
ဖြေ - ပျက်နေတဲ့ပုံစံပေါ့။ အရပ်ဝတ်နဲ့ပဲ။ PDF ဆိုတဲ့ ယူနီဖောင်းနဲ့ အဲဒီလိုမနေဘူးလေ။ အရပ်သားလိုလို ဘာလိုလိုပေါ့။ ဒါကြောင့် တိုက်ပွဲမှာသေသွားရင် အရပ်သားဆိုပြီးလျှောက်ပြောတာ တကယ်တော့ ဘာမှ မဟုတ်ဘူး PDF တွေ။
မေး - သေနတ်တော့ ပါမှာပေါ့။
ဖြေ - သေနတ်တော့ ရှိတဲ့သူလည်း ရှိတယ်။ မပါတဲ့ သူလည်း မပါဘူးပေါ့ အဲဒီလိုဖြစ်နေတာ။
မေး - စေတုတ္တရာ-ငဖဲ-ပဒါန်းလမ်းပိုင်းဆိုရင် ဒါ ရခိုင်ရိုးမတောင်ခြေက အလျားလိုက်လမ်းပေါ့လေ။ အဲဒီ လမ်းအခြေအနေက ဘယ်လိုရှိပါသလဲ။
ဖြေ - သိပ်မဆိုးပါဘူး။ သွားလို့လာလို့ အဆင်ပြေတယ်။ ဒါပေမဲ့ ငဖဲနဲ့ စေတုတ္တရာတော့ ကြားထဲမှာတော့ ဝန်ထမ်းတွေ နည်းနည်းသတိထားသွားရတာပေါ့။ မကြားတော့မကြားဘူး။
မေး - စေတုတ္တရာမြို့အုပ်ချုပ်ရေးကတော့ ပုံမှန်လည်ပတ်တာပေါ့။
ဖြေ - စေတုတ္တရာမြို့ပေါ်တွေကတော့ အုပ်ချုပ်ရေးက ပုံမှန်လည်ပတ်ပါတယ်။
မေး - ခုနကဟာကို ထပ်မေးပါရစေ။ ခုနက ဓားပြ တွေဖြစ်လာတယ်လို့ပြောတယ်ပေါ့လေ။ ဆိုတော့ အဲ ဒီလိုအပြုအမူတွေထဲက ထင်ရှားတဲ့ဖြစ်စဉ်တစ်ခု လောက်ပြောပြပါလား။
ဖြေ - ဘယ်သူက ပိုက်ဆံရှိတယ်၊ ဘယ်အသိုင်းအ ဝိုင်းကပိုက်ဆံရှိတယ်ဆိုတာကို အကဲခတ်တာပေါ့။ တစ်လောက မန်နေဂျာတစ်ယောက်ကိုခေါ်သွားတယ် လေ။ သူက ဒလန်ထားပုံရပါတယ်။ ဥပမာ ပဒါန်း ကနေ မင်းလှနယ်ကိုသွားမယ်၊ ပြည်ကိုသွားမယ်ဆိုရင် တစ်ယောက်ကို အစောင့်ထားပြီးတော့ ကားက ဘယ်ပုံစံ၊ လူက ဘယ်ပုံစံ မောင်းလာပြီဆိုရင် စောင့်စောင့် ပြီးတော့လုပ်တတ်တာပေါ့။ ဒီကလူက ပြေး မ လွတ်ဘူးလေ။ ဒါကြောင့် ခရီးသွားရတာက တောင်ကိုသွားတယ် ဆိုရင် မြောက်ကိုပြောရတယ်၊ မြောက် ကိုသွားရင် တောင်ကိုသွားတယ် ပြောရတာပေါ့။
မေး - ရခိုင်နဲ့မကွေးအစပ် အခြေအနေကကော။
ဖြေ - ရခိုင်နဲ့မကွေးအစပ် ရိုးမတောင်တန်းပေါ့။ တောင်တန်းတစ်လျှောက်ကတော့ရှိနေသေးတယ်ပေါ့။
မေး - ပဒါန်းဟာ မကြာခင် မြို့အဆင့်တိုးတော့မယ်လို့ ကြားရပါတယ်။ ဒါကြောင့် ပဒါန်းမြို့လို့ပဲ သုံးနှုန်း ပါရစေ။ အရင်ကဆို အမ်းမြို့တိုက်ပွဲကာလတွေမှာ ပဒါန်း ဒေသခံတွေစိတ်ပူခဲ့ကြမှာပေါ့။ အခုတော့ ရောင်နီ ကာလကိုရောက်ပြီလို့ ပြောလို့ရမလား။
ဖြေ - ကောင်းဖို့ ရောင်နီကိုတော့ ပြနေပါပြီ။
မေး - AA မထခင် တိုက်ပွဲတွေမဖြစ်ခင်က ပဒါန်း မြို့ဟာ စီးပွားရေးကောင်းခဲ့ပါသလား။
ဖြေ - ကောင်းတာကတော့ ပြောကိုမနေနဲ့တော့ လမ်းဆုံလမ်းခွဆိုတော့။ ကားတွေလည်းစည်၊ လူတွေ လည်းစည်။ တော်တော့်ကိုစည်တာ။ လမ်းဆုံ၊ လမ်းခွမြို့လေ။ မန္တလေး၊ ရန်ကုန်၊ စစ်တွေ အဲဒီလိုသွားတာ ကိုး။
မေး - ပဒါန်းက မြို့တွေဖြစ်တဲ့ ငဖဲတို့၊ စေတုတ္တရာတို့ထက် ပိုစည်တယ်လို့ပြောရမှာပေါ့။
ဖြေ - ပိုစည်တယ်။ ငဖဲမြို့နယ်၊ ပဒါန်း၊ စေတုတ္တရာ ကလည်း မြို့ဆိုပေမယ့် ပဒါန်းကို တုမရဘူး။ မင်း တုန်းမြို့လည်း ပဒါန်းကို တုမရဘူး။
မေး - AA က စစ်မီးစမမွှေးခင် ပဒါန်းမြို့အခြေအနေက ပိုကောင်းမယ့်အခြေအနေကို ဦးတည်ခဲ့တာပေါ့။
ဖြေ - ပိုကောင်းမယ့်ဟာကိုဦးတည်ခဲ့တာပေါ့။ တိုက်ပွဲတွေဖြစ်ပြီးတော့ လူတွေအကုန်လုံး အကျိုးနည်း သွားတာပေါ့။
မေး - ပဒါန်းမှာ အရင်က စီးပွားရေးအကောင်းဆုံးက ထမင်းဆိုင်တွေပဲလား။ ဘာလို့ဆို အဲဒီမှာပဲ ထမင်း စား နားကြတာတွေ့လို့ပါ။ ဆိုင်ကြီး၊ ဆိုင်ကောင်းတွေလည်း တော်တော်များတာ မြင်ရတယ်။
ဖြေ - ထမင်းဆိုင်တို့အပြင် ကျောက်မီးသွေး၊ ရေနံတို့ကလည်း ကိုယ့်အနားမှာ လာပြီးထွက်နေတာကိုး။ အဲဒီကလုပ်ငန်းရှင်တွေကလည်း ပဒါန်းမှာပဲ လာပြီး စားကြ၊ သောက်ကြနေကြတာကိုး။
မေး - ဆိုတော့ နောက်ထပ် ပဒါန်းရဲ့အားသာချက်ကကော။
ဖြေ - မင်းဘူး-စကုမြို့နယ်အနောက်ဘက်ခြမ်းကလည်း ပဒါန်းမှာပဲအားပေးရတယ်။ ဟိုတုန်းက အမ်း မြို့နယ်အရှေ့ဘက်ခြမ်း တောင်ပေါ်ဒေသကလည်း ပဒါန်းကိုပဲ။ တစ်ခါ မင်းလှမြို့နယ်အနောက်ဘက် ခြမ်း ပုသိမ်-မုံရွာလမ်းအတိုင်းကလည်း ပဒါန်းကိုပဲ လာဝယ်ကြတာ။
မေး - ပဒါန်းမှာ စီးပွားရေး စထိတာက။
ဖြေ - ရခိုင်မှာ တိုက်ပွဲတွေဖြစ်စတုန်းက ပိုဆိုးတာပေါ့။ (၂၀၂၁)ခုနှစ်နောက်ပိုင်းမှာက သွားလို့လာလို့ ကောင်းသေးတော့ သိပ်မဆိုးသေးဘူးလေ။ အမ်းမြို့ကို ဟိုကောင်တွေက လာထိန်းချုပ်ပြီး လမ်းတွေပိတ် သွားကတည်းက အကုန်လုံး အသွားတာလေ။
မေး - ဘယ်လုပ်ငန်းတွေ စထိသွားလဲ။
ဖြေ - ထမင်းဆိုင်တွေ၊ ရွှေဆိုင်တွေ၊ ရောင်းဝယ်၊ ဖောက်ကား လုပ်တဲ့သူတွေပေါ့။
မေး - အမ်းတိုက်ပွဲကာလတုန်းက စစ်ဘေးဒုက္ခသည်တွေအများကြီးဟာ ပဒါန်းကိုဦးတည်လာခဲ့ကြတယ် နော်။
ဖြေ - ပဒါန်းက လမ်းကြောင်းလည်း တည့်နေတာ။ အခုထိ စစ်ဘေးရှောင်တွေရှိနေတုန်း။ ပဒါန်းက သာ လည်းသာယာတယ်ပေါ့။ နောက်ပြီးတော့ အားကိုးပြီး တော့လာတာလည်းရှိတာပေါ့။ ပြီးတော့ ကြောက် လန့်ပြီးတော့ ဟိုဘက်မှာမနေရဲတာတွေပေါ့။ ကိုယ့်သက် တမ်းမှာလည်း ဒီတစ်ခါပဲ စစ်ဘေးရှောင် မြင်ဖူး တယ်။
မေး - သူတို့ကကော နေရပ်ပြန်ကြပြီလား။
ဖြေ - မပြန်ကြဘူး။ ယောကျာ်းတွေက ကျောက်မီးသွေးလုပ်ငန်းတွေမှာလုပ်ကြတယ်။ မပြန်ရဲဘူးလေ။ မပြန်ချင်ဘူးတဲ့ အဲဒီလိုတွေဖြစ်နေတာ။
မေး - သူတို့က ရခိုင်ဒေသခံတွေဖြစ်နေပါလျက် ဘာလို့မပြန်ရဲတာလဲ။
ဖြေ - မပြန်ရဲတာက သူတို့ပုံစံက တိုက်ပွဲဖြစ်တာကို မလိုလားဘူးနဲ့တူပါတယ်။ မနေရဲတာတွေလည်း ပါတာပေါ့။
မေး - နောက်တစ်ပိုင်းပေါ့။ ပုသိမ်-မုံရွာလမ်းက ဘယ်လမ်းပိုင်းတွေ သုံးလို့ရမလဲ။
ဖြေ - မကွေးကနေလာတော့ မင်းဘူး-အမ်းလမ်းလို့ ရှိပါကော အဲဒါ ပဒါန်းကဖြတ်တာလေ။ ပဒါန်းကနေ ရွှေစက်တော် သုံးမိုင်လမ်းအထိ ကောင်းတယ်။ ပဒါန်း ကနေ ပြည်ဘက်ကိုကျတော့ မင်းလှ၊ ကံတုတ် အထိ သွားလို့ကောင်းတယ်။ ကံတုတ်ကနေ ဟိုဘက်က ရှမ်းတပ်ကြားလေးထဲမှာကို နာရေးကူညီမှုကား ဆွဲသွားလိုက် ဘာလုပ်လိုက်ဆိုတာမျိုးရှိတယ်။ မင်းတုန်းကြားထဲမှာလည်း သိပ်တော့မကောင်းဘူးပေါ့။
မေး - မင်းတုန်းဘက်အခြေအနေလေး နည်းနည်းပြောပြပါလား။
ဖြေ - မြို့ပေါ်ကတော့ ကောင်းပါတယ်။ မင်းတုန်းမြို့ အနောက်ဘက်ခြမ်းကလည်း ရခိုင်ရိုးမတောင်တန်း ကြီးပဲလေ။ အဲဒီတောင်တန်းတွေကျတော့ သိပ်ပြီး မသွားရဲကြဘူးပေါ့။ မြို့ပေါ်လောက်တော့ ကောင်းပါ တယ်။ တောင်ခြေကရွာတွေကတော့ အရမ်းမသွားရဲ ဘူးပေါ့။
မေး - ဆိုတော့ အဲဒီရွာတွေကကော သူတို့စိတ်နဲ့သူတို့လက်ခံထားတာလားပေါ့။
ဖြေ - သူတို့က နီးရာဓားကြောက်နေရတာ။ တစ်လ ကို(၅၀ဝဝဝ)ဆိုလည်း(၅၀ဝဝဝ) ဆက်ကြေးကောက် ပြီးနေကြတယ်ပြောတယ်။ ဘယ်သဘောကျမလဲ။ မကျပေမယ့်လည်း ပြောမရကြဘူးလေ။
မေး - ဓားပြတောင် သီးသန့်ပြန်ရှင်းလင်းရေး လုပ်ရမယ်ထင်တယ်။
ဖြေ - အင်းပေါ့။ အကြွင်းအကျန်ကတော့ ကျန်လောက်တယ်။
မေး - ဆိုတော့ အဲဒီ PDF တွေက တိုက်ပွဲလည်းမဖော်ဘူး။ ဒါပေမဲ့ ငြိမ်လည်းမငြိမ်ဘူး ဒီလိုဖြစ်နေတာ ပေါ့။
ဖြေ - သူတို့က ဖျောက်တောက် ဖျောက်တောက်ကိုး။ တိုက်ပွဲတွေက အဆိုးကြီးဖြစ်တာမဟုတ်တော့ လည်း ပြောရတာခက်တယ်။ တစ်ချက်တစ်ချက် ထထပြီး ပေါ်ပေါ်လာတာ။
မေး - တကယ်တမ်းလှုပ်ရှားနေတာ ဘယ်နှဖွဲ့လောက်ရှိမလဲ။
ဖြေ - အဲဒီလိုတော့မသိဘူး။ လိုင်းပေါ်မှာသာ ဘယ်နှဖွဲ့ ဘာညာ လျှောက်ပြောနေတာ ဟုတ်ချင်မှ ဟုတ် မှာ။ နှစ်ယောက်တည်း၊ တစ်ယောက်တည်းလည်း တစ်ဖွဲ့ပြောရင်ပြောနေမှာပေါ့။
ကျေးဇူးတင်ပါတယ် ခင်ဗျာ။

မူရင်းသတင်း — NP News