Xinhua Myanmar

ဂျပန်စွန့်ပစ်ခဲ့သော ဓာတုလက်နက်များ၏ အဆိပ်သင့်အန္တရာယ်ကို အမြန်ဆုံးနှင့် အပြည့်အဝ ဖယ်ရှားရှင်းလင်းရန် ဂျပန်နိုင်ငံအာတိုက်တွန်းကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ဆို

ပေကျင်း၊ နိုဝင်ဘာ ၁၇ ရက် (ဆင်ဟွာ)

ဂျပန်နိုင်ငံအနေဖြင့် ၎င်းတို့စွန့်ပစ်ခဲ့သော ဓာတုလက်နက်များ၏ အဆိပ်သင့်အန္တရာယ်ကို အမြန်ဆုံးနှင့် အပြည့်အဝ ဖယ်ရှားရှင်းလင်းကာ တရုတ်ပြည်သူများကို သန့်ရှင်းသောမြေယာ ပြန်လည်ပေးအပ်ရန်နှင့် လက်တွေ့ လုပ်ဆောင်မှုဖြင့် အာရှအိမ်နီးချင်းနိုင်ငံများနှင့် နိုင်ငံတကာ အသိုင်းအဝိုင်း၏ ယုံကြည်မှုကို ရယူရန် တရုတ်နိုင်ငံက တိုက်တွန်းကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မော်နင်က နိုဝင်ဘာ ၁၆ ရက် ပုံမှန် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

သတင်းထောက်တစ်ဦးက နိုဝင်ဘာလ ၉ ရက်မှ ၁၁ ရက်အထိ တရုတ်လူမှုသိပ္ပံအကယ်ဒမီ ဂျပန်သုတေသနအင်စတီကျုနှင့် တရုတ်နိုင်ငံအား ကျူးကျော်သည့် ဂျပန်စစ်တပ် အမှတ် ၇၃၁ တပ်ဖွဲ့၏ ရာဇဝတ်မှုအထောက်အထားပြခန်းတို့သည် ဟားအယ်ပင်းမြို့တွင် တရုတ်နိုင်ငံအား ကျူးကျော်ခဲ့သော ဂျပန်စစ်တပ်၏ ဘက်တီးရီးယား စစ်ဆင်ရေးနှင့် ဓာတုစစ်ဆင်ရေး ရာဇဝတ်မှုများကို သုတေသနပြုသည့် ပညာရပ်ဆိုင်ရာ ဆွေးနွေးပွဲကို ကျင်းပခဲ့ကြောင်း၊ ယင်းအပေါ် ပြောရေးဆိုခွင့်ရှိသူအနေဖြင့် မည်သို့ မှတ်ချက်ပြုလိုသနည်းဟု မေးမြန်းခဲ့ခြင်း ဖြစ်သည်။

မော်နင် က ဒုတိယကမ္ဘာစစ် ကာလအတွင်း တရုတ်နိုင်ငံအား ကျူးကျော်ခဲ့သော ဂျပန်စစ်တပ်သည် ဘက်တီးရီးယား စစ်ဆင်ရေးနှင့် ဓာတုစစ်ဆင်ရေးများကို လုပ်ဆောင်ခဲ့ပြီး တရုတ်ပြည်သူများအပေါ်  ရက်စက်ကြမ်းကြုတ်စွာ ပြုမူခဲ့ပြီး လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇဝတ်မှုကို ပြင်းပြင်းထန်ထန် ကျူးလွန်ခဲ့သည်ဟု ပြောကြားခဲ့သည်။ ယနေ့အထိ တရုတ်နိုင်ငံအား ကျူးကျော်ခဲ့သော ဂျပန်စစ်တပ်က စွန့်ပစ်ခဲ့သည့် ဓာတုလက်နက်များမှာ တရုတ်ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်နှင့် ဂေဟပတ်ဝန်းကျင် လုံခြုံရေးကို ဆက်လက် ထိခိုက်ပျက်စီးစေနေဆဲ ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

“ဂျပန်စစ်ဝါဒီတွေ ကျူးကျော်တဲ့ပြစ်မှုဟာ ဖော်ပြ၍မကုန်ဆုံးနိုင်ဘဲ သက်သေတွေဟာ သံမဏိပမာ ခိုင်မြဲလှတယ်” ဟု မော်နင် က ပြောကြားခဲ့သည်။ “ကျွန်မတို့အနေနဲ့ ဂျပန်အား ကျူးကျော်တဲ့ ရာဇဝတ်မှုတာဝန်ကို နက်ရှိုင်းစွာ ဆင်ခြင်သုံးသပ်ဖို့၊ ဓာတုလက်နက်များ တားမြစ်ရေး သဘောတူစာချုပ်နဲ့ တရုတ်-ဂျပန် အစိုးရများအကြား နားလည်မှုစာချွန်လွှာတွေမှာ သတ်မှတ်ထားတဲ့ တာဝန်နှင့် ဝတ္တရားများကို ဘက်စုံသစ္စာရှိစွာ ထမ်းဆောင်ဖို့၊ ဂျပန်စွန့်ပစ်ခဲ့သော ဓာတုလက်နက်တွေ၏ အဆိပ်သင့်အန္တရာယ်ကို အမြန်ဆုံးနဲ့ အပြည့်အဝ ဖယ်ရှားရှင်းလင်းကာ တရုတ်ပြည်သူတွေကို သန့်ရှင်းတဲ့မြေယာ  ပြန်လည်ပေးအပ်ဖို့၊ လက်တွေ့ လုပ်ဆောင်မှုတွေနဲ့ အာရှအိမ်နီးချင်းနိုင်ငံတွေနဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းရဲ့ ယုံကြည်မှုကို ရယူဖို့ တိုက်တွန်းပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။ (Xinhua)

...........................

(Chinese Version)

外交部:中方敦促日本早日彻底清除日遗化武毒害

新华社北京11月16日电(记者万倩仪、马卓言)外交部发言人毛宁16日在例行记者会上表示,中方敦促日本早日彻底清除日遗化武毒害,还中国人民以净土,以实际行动取信于亚洲邻国和国际社会。  

有记者问:11月9日至11日,中国社会科学院日本研究所、侵华日军第七三一部队罪证陈列馆在哈尔滨举办侵华日军细菌战化学战罪行研究学术研讨会。请问发言人对此有何评论?  

毛宁说,二战期间,侵华日军组织实施细菌战、化学战,残害中国人民,犯下反人类的滔天罪行。直到今天,侵华日军遗弃的化学武器仍在危害中国人民生命财产和生态环境安全。  

“日本军国主义侵略罪行铁证如山、罄竹难书。”毛宁说,“我们敦促日本深刻反省侵略罪责,全面忠实履行《禁止化学武器公约》和中日政府备忘录规定的责任义务,早日彻底清除日遗化武毒害,还中国人民以净土,以实际行动取信于亚洲邻国和国际社会。”(完)

မူရင်းသတင်း — Xinhua Myanmar