Eleven Media Group

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ကမ္ဘာလုံးဆိုင်ရာ အစီအမံကြီးလေးရပ်နှင့် ပတ်သက်သည့် ဆွေးနွေးပွဲ ပြုလုပ်

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ကမ္ဘာလုံးဆိုင်ရာ အစီအမံကြီးလေးရပ်နှင့်ပတ်သက်သည့် ဆွေးနွေးပွဲ ပြုလုပ်ခဲ့သည်။

ဆွေးနွေးပွဲကို နိုဝင်ဘာ ၁၇ ရက်က Wyndham Grand Yangon Hote တွင် ပြုလုပ်ခဲ့ပြီး မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Ms. Ma Jia က တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံနှင့်အတူ နယ်ပယ်အသီးသီးတွင် လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုနက်ရှိုင်းစေရန်၊ ကမ္ဘာလုံးဆိုင်ရာ အစီအမံ (၄) ရပ်ကို လက်တွဲ အကောင် အထည်ဖော်ရန်နှင့် တရုတ်-မြန်မာ အေးအတူပူအမျှ အသိုက်အဝန်း တည်ဆောက်ရေးလုပ်ငန်းစဉ်ကို ပိုမိုခိုင်မာစွာ ရှေ့ဆက်တိုးမြှင့်သွားရန် ဆန္ဒရှိကြောင်း ပြောကြားသည်။

ယင်းနောက် တက်ရောက်လာသူများက ကမ္ဘာလုံးဆိုင်ရာ အစီအမံကြီးလေးရပ်နှင့် ပတ်သက်ပြီး ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

အဆိုပါအခမ်းအနားသို့ တရုတ်သံအမတ်ကြီး Ms. Ma Jia၊ ပြန်ကြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူအချို့၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်၊ တရုတ်-မြန်မာ နှစ်နိုင်ငံမှ မီဒီယာပေါင်း (၄၀) ကျော်၊ Think Tank နှင့် ပညာရှင်မိတ်ဆွေများ စုစုပေါင်းလူဦးရေ (၁၆၀) ကျော် တက်ရောက်ခဲ့ကြပြီး သံမှူးကြီး Mr. Shen Dan မှ အခမ်းအနားသဘာပတိအဖြစ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မူရင်းသတင်း — Eleven Media Group