မကူးစက်နိုင်သောရောဂါများဆိုသည်မှာ လူတစ်ဦးမှတစ်ဦးသို့ ထိတွေ့မှု၊ လေဝင်လေထွက်မှတစ်ဆင့် သို့မဟုတ် ဗိုင်းရပ်စ်၊ ဗက်တီးရီးယားကဲ့သို့သော ရောဂါပိုးမွှားများမှတစ်ဆင့် ကူးစက်ခြင်းမရှိဘဲ မျိုးရိုးဗီဇ၊ ခန္ဓာကိုယ်ဇီဝကမ္မဖြစ်စဉ်၊ ပတ်ဝန်းကျင်နှင့် လူတို့၏နေထိုင်မှုပုံစံများကြောင့် တဖြည်းဖြည်းဖြစ်ပွားလာသည့် အရှင်းမပျောက်နိုင်သော နာတာရှည်ရောဂါဖြစ်သည်။ နာတာရှည်ရောဂါများမှာ နှလုံးသွေးကြောရောဂါ၊ ကင်ဆာရောဂါ၊ ဆီးချိုသွေးချိုရောဂါ၊ အဆုတ်ရောဂါ၊ ကျောက်ကပ်ရောဂါ စသည့်မကူးစက်နိုင်သော ရောဂါများဖြစ်သည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့အဆိုအရ မကူးစက်နိုင်သောရောဂါများကြောင့် ကမ္ဘာပေါ်တွင် တစ်နှစ်လျှင် လူပေါင်း ၃၈ သန်းခန့် သေဆုံးနေသည်ဟုဆိုသည်။ ယင်းတို့တွင် လူ ၁၆ သန်းခန့်သည် သက်တမ်းစေ့မနေရဘဲ အဆိုပါရောဂါတစ်မျိုးမျိုးဖြင့် အရွယ်မတိုင်ခင်သေဆုံးနေရသည်။ နောင်ကာလများတွင် အဆိုပါကိန်းဂဏန်များထက် ပိုလာဖွယ်သာရှိသည်။ ရှေးယခင်က သူဌေးရောဂါဟုဆိုကြပြီး ယခုအခါ လူတို့၏ နေထိုင်မှုပုံစံပြောင်းလဲလာသောကြောင့် လူတန်းစားမရွေး အဖြစ်များလာသည်။ မြန်မာနိုင်ငံတွင် မကူးစက်နိုင်သောရောဂါများ ဖြစ်ပွားနိုင်ခြေများကို လေ့လာဆန်းစစ်မှု (၂၀၂၄) အရ အဆိုပါရောဂါများတွင် ဆီးချိုသွေးချိုရောဂါရှိသူ ၇ ဒသမ ၉ ရာခိုင်နှုန်းရှိပြီး ဆီးချိုသွေးချိုကနဦးအဆင့်ဖြစ်ပွားနေသူ ၁၂ ဒသမ ၃ ရာခိုင်နှုန်းရှိကြောင်းနှင့် အရွယ်မတိုင်မီသေဆုံးမှုဖြစ်စေသည့် အဓိကအကြောင်း ရင်းတစ်ရပ်ဖြစ်ကြောင်း တွေ့ရှိထားသည်။
ယခုနှစ် ကမ္ဘာ့ဆီးချိုသွေးချိုရောဂါ ကာကွယ်ထိန်းသိမ်းရေးနေ့တွင် ဆီးချိုသွေးချိုရောဂါကို စောစီးစွာသိရှိစစ်ဆေးပြီး အချိန်မီထိန်းချုပ်ကုသနိုင်ရန် ရည်ရွယ်၍ “ဆီးချိုသွေးချိုရောဂါဘေး စောစောရှာဖွေကုသပေး”ဟူသည့် ဆောင်ပုဒ်ကို ချမှတ်ထားသည်။ အဆိုပါဆောင်ပုဒ်နှင့်အညီ ဆီးချိုသွေးချိုရောဂါကို စောစီးစွာကုသကြရမည်ဖြစ်သည်။ ဆီးချိုသွေးချိုရောဂါသည် ရောဂါလက္ခဏာများ ထင်ရှားစွာမပြဘဲ တိတ်တဆိတ်ဖြစ်ပွားတတ်သည့် ရောဂါဖြစ်သည့်အတွက် နှလုံး၊ သွေးတိုးရောဂါကဲ့သို့ပင် တိတ်တဆိတ်လူသတ်သမားဟုပင် ခေါ်နိုင်သည်။ ဆီးချိုသွေးချို ရောဂါကို အချိန်မီစစ်ဆေးကုသခြင်းမပြုပါက ကျောက်ကပ်ပျက်စီးခြင်း၊ နှလုံးရောဂါ၊ လေဖြတ်ရောဂါနှင့် မျက်စိကွယ်ခြင်းတို့အပြင် ပြင်းထန်သည့် နောက်ဆက်တွဲ ကျန်းမာရေးဆိုးကျိုးများနှင့် ရင်ဆိုင်ရနိုင်သည်။
ယခုအခါ ပြည်သူအများစုသည် ရှေးယခင်ကကဲ့သို့ လူနေမှုပုံစံမဟုတ်တော့ပေ။ လူမှုဘဝတိုးတက်ပြောင်းလဲလာသော အခြေအနေအရပ်ရပ်တို့ကြောင့် သန့်ရှင်းလတ်ဆတ်သော အစားအစာများကို မိမိတို့နေအိမ်တွင်ပင် ချက်ပြုတ်စားသောက်ခြင်းမပြုလုပ်ကြဘဲ ပြင်ပအစားအစာများ၊ အသင့်စားအစားအစာများကို ဝယ်ယူစားသောက်ကြသည့်အလေ့ဖြစ်လာသည်။ မသင့်လျော်သောအစားအသောက်များနှင့် ကိုယ်လက်လှုပ်ရှားအားကစားနည်းပြီး အထိုင်များလာသောကြောင့် အဝလွန်လာကြကာ နှလုံးဆိုင်ရာနှင့် သွေးတိုးဆီးချိုရောဂါများ အသက်အရွယ်မရွေးဖြစ်လာကြသည်။ ယခင်က ချမ်းသာသောနိုင်ငံများတွင် အဖြစ်များသော်လည်း ယခုအခါ ဖွံ့ဖြိုးဆဲနိုင်ငံများတွင်ပါ အဖြစ်များလာသည်။ အဆိုပါရောဂါသည် အမြစ်ပြတ်ကုသရန်ခက်ခဲသည်။
သွေးတိုးနှင့် ဆီးချိုကို ကောင်းစွာမထိန်းထားနိုင်သောကြောင့် နောက်ဆက်တွဲရောဂါများဖြစ်လာပြီး အသက်ဆုံးရှုံးနိုင်ခြေများသည်။ ရောဂါ၏သဘာဝအရ တစ်သက်လုံးကုသမှုခံယူနေရသည်။ ရောဂါကို ဆရာဝန်နှင့် လူနာပေါင်းပြီး ကုသရခြင်းဖြစ်ကာ ဆေးကုသမှုခံယူခြင်းဖြင့်မလုံလောက်ပေ။ ကိုယ်တိုင်ဆောင်ရွက်ရသည့် စားသောက်နေထိုင်မှုပုံစံများအား ပြောင်းလဲဆောင်ရွက်ကြရသည်။ အဆိုပါနည်းလမ်းဖြင့် ရောဂါမဖြစ်ပွားအောင် ကာကွယ်နိုင်သလိုဖြစ်လာသည့်ရောဂါကိုလည်း လျှော့ချပေးနိုင်ပြီး ပိုမဆိုးအောင်လည်း ထိန်းထားပေးနိုင်သည်။ မည်သည့်အချိန်တွင် ရောဂါရောက်လာမှန်းမသိ၊ ရောဂါလက္ခဏာလည်းမပြသည့် မကူးစက်သည့် သွေးတိုး၊ ဆီးချိုရောဂါသည် ခန္ဓာကိုယ်အတွင်း၌ရှိသည့် သွေးကြော၊ မျက်စိ၊ ကျောက်ကပ်၊ အာရုံကြောများကို ထိခိုက်စေနိုင်သည့်အပြင် နှလုံးရပ်ခြင်း၊ လေဖြတ်ခြင်းဖြစ်နိုင်သဖြင့် အထူးသတိပြုကြရမည်ဖြစ်သည်။
ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ဆီးချိုသွေးချိုရောဂါများအပါအဝင် အခြားမကူးစက်နိုင်သောရောဂါများကြောင့် ဖြစ်ပွားသေဆုံးမှုကို လျှော့ချနိုင်ရေးအတွက် မကူးစက်နိုင်သောရောဂါများ ကာကွယ်နှိမ်နင်းရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာ (၂၀၂၃-၂၀၂၇)ကို ရေးဆွဲအကောင်အထည်ဖော်လျက်ရှိသည်။ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကျန်းမာရေးဌာနများတွင် မကူးစက်နိုင်သည့်ရောဂါများ စစ်ဆေးကုသပေးသည့် ဆေးခန်းများကို အပတ်စဉ်ဗုဒ္ဓဟူးနေ့တိုင်း စစ်ဆေးကုသပေးလျက်ရှိသည်။ ကုသမှုအတွက် လိုအပ်သည့်အခြေခံဆေးဝါးနှင့် ဆေးပစ္စည်းများကို နိုင်ငံတော်က ကျပ်သန်းပေါင်းများစွာ အကုန်အကျခံ၍ ပြည်သူများအား ကုသဖြန့်ဝေပေးလျက်ရှိသည်။ ထိရောက်သည့် စစ်ဆေးကုသမှုပေးနိုင်ရန် စွမ်းဆောင်ရည်မြှင့်တင်ပေးခြင်းနှင့် ပြည်သူ့ဆေးရုံများတွင် အထူးကုဆရာဝန်ကြီးများဦးဆောင်၍ ပြည်သူများ ကျန်းမာအသက်ရှည် သက်တမ်းစေ့နေနိုင်ရေးအတွက် အစဉ်တစိုက်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း။ ။