Myanmar Digital News

တတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အရေးပေါ်အစည်းအဝေး(၁/၂၀၂၆) တတိယနေ့ ကျင်းပ

ရန်ကုန် နိုဝင်ဘာ ၁၇

 

တတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အရေးပေါ် အစည်းအဝေး (၁/၂၀၂၆) တတိယနေ့ကို ယ​နေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အစည်းအဝေးတွင် ရန်ကုန်တိုင်းဒေသကြီး ဆားနှင့် ဆားထွက်ပစ္စည်းဆိုင်ရာဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ အမည်စာရင်း တင်သွင်းထားသော လွှတ်တော်ကိုယ်စားလှယ်နှစ်ဦးက ဆွေးနွေးခြင်း၊ ရန်ကုန်တိုင်းဒေသကြီး ယစ်မျိုးခွန်ဥပဒေကို တတိယအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ အမည်စာရင်း တင်သွင်းထားသော လွှတ်တော်ကိုယ်စားလှယ် လေးဦးက ဆွေးနွေးခြင်း၊ ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် ရန်ကုန်တိုင်းဒေသကြီး၏ နောက်ထပ်ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေး ဥပဒေကြမ်းကို လွှတ်တော်သို့ တင်သွင်းခြင်း၊ ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်  ရန်ကုန်တိုင်းဒေသကြီး၏ နောက်ထပ်ဘဏ္ဍာငွေခွဲဝေသုံးစွဲရေး ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ဥပဒေကြမ်း ကော်မတီနှင့် ပြည်သူ့ငွေစာရင်းနှင့် ဘဏ္ဍာရေး၊ စီမံကိန်းနှင့်စီးပွားရေးဆိုင်ရာကော်မတီတို့က အစီရင်ခံစာ ဖတ်ကြားတင်ပြခြင်း၊ အထက်ပါ ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော် ကိုယ်စားလှယ်ရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာခြင်းတို့ ဆောင်ရွက်ခဲ့ကြသည်။

 

ထို့နောက် တတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အရေးပေါ်အစည်းအဝေး (၁/၂၀၂၆) တတိယနေ့ကို နံနက် ၁၁ နာရီ ၂၇ မိနစ်တွင် ရပ်နားကြောင်း ကြေညာခဲ့ကြောင်း သိရသည်။

တိုင်း​ဒေသကြီး(ပြန်/ဆက်)

မူရင်းသတင်း — Myanmar Digital News