နေပြည်တော် နိုဝင်ဘာ ၁၇
ပြည်သူ့လွှတ်တော် အစိုးရ၏အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီသည် ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများ၊ ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့တို့နှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင် အဆောင်အမှတ် (I-3) အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ဦးစွာ ကော်မတီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက လွှတ်တော်တွင် မေးမြန်းသည့် ကြယ်ပွင့်ပြမေးခွန်းနှင့် ကြယ်ပွင့်မပြမေးခွန်းများအား အကောင်အထည်ဖော်မှုကို ဝန်ကြီးဌာနအချင်းချင်းနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များအကြား ချိတ်ဆက်ဆောင်ရွက်ရမည့် ကတိများကို တာဝန်ယူပူးပေါင်းဆောင်ရွက်နိုင်ရန်၊ ကတိဖြစ်ထားသည့်လုပ်ငန်းများကို သတ်မှတ်ဘဏ္ဍာနှစ်အတွင်း ပြီးစီးစေရန် သတ်မှတ်ဘတ်ဂျက်အတွင်း ထည့်သွင်းလျာထားဆောင်ရွက်ရန်နှင့် လွှတ်တော်နှင့် အစိုးရသက်တမ်း (၅) နှစ်အတွင်း အမှန်တကယ်ဆောင်ရွက်ပေးနိုင်မည့် ကတိများကိုသာ ပေးအပ်ရန်လိုအပ်ကြောင်း၊ ဝန်ကြီးဌာနများအနေဖြင့် လုပ်ငန်းပြီးစီးမှုစာရွက်စာတမ်း အထောက်အထားနှင့် မှတ်တမ်းဓာတ်ပုံများကို ကော်မတီသို့တင်ပြပေးပို့ရန်နှင့် လွှတ်တော်ဥက္ကဋ္ဌ၏ လမ်းညွှန်ချက်အရ ကွင်းဆင်းစစ်ဆေးရမည့်ကိစ္စရပ်များနှင့် လမ်းပန်းဆက်သွယ်ရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးဆိုင်ရာ အခြေခံအဆောက်အအုံ လိုအပ်ချက်များကို လွှတ်တော်မှတ်တမ်းအတိုင်း အရည်အသွေးပြည့်မီစွာဖြင့် သတ်မှတ်ကာလအတွင်းပြီးစီးအောင် လက်တွေ့ကျကျ ပေါင်းစပ်ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ ယခုအစည်းအဝေးတွင် လွှတ်တော်အစည်းအဝေးကာလများအတွင်း မေးမြန်းခဲ့သည့်မေးခွန်းများအနက် ကတိကဝတ်ဖြစ်ပေါ်ခဲ့သည့် ကြယ်ပွင့်ပြကတိဖြစ် မေးခွန်း ၆၄ ခုနှင့် ကြယ်ပွင့်မပြကတိဖြစ် မေးခွန်း ၇၈ ခု၊ စုစုပေါင်း ၁၄၂ ခု နှင့် ပတ်သက်ပြီး ပေါင်းစပ်ညှိနှိုင်းဆွေးနွေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ယင်းနောက် ပြည်သူ့လွှတ်တော်အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီဥက္ကဋ္ဌနှင့် ကော်မတီအဖွဲ့ဝင်များက သက်ဆိုင်ရာကဏ္ဍအလိုက် တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များကို ဆွေးနွေးညှိနှိုင်းကြပြီး လုပ်ငန်းများအချိန်မီပြီးစီးရေး၊ ဆောင်ရွက်မှုအခြေအနေများကို တိကျမှန်ကန်စွာ တင်ပြနိုင်ရေးနှင့် ဌာနများအကြား ပူးပေါင်းဆောင်ရွက်မှု ပိုမိုထိရောက်စေရေးတို့အတွက် လိုအပ်သည့်လုပ်ငန်းစဉ်များကို ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။
အဆိုပါညှိနှိုင်းအစည်းအဝေးသို့ အတွင်းရေးမှူး ဦးသန်းထွန်းနှင့် ကော်မတီအဖွဲ့ဝင်များ၊ ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများ၊ ဝန်ကြီးဌာနများ၊ တိုင်းဒေသ ကြီး/ ပြည်နယ်အစိုးရအဖွဲ့တို့မှ တာဝန်ရှိသူများနှင့် ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
သတင်းစဉ်