ဖလမ်း နိုဝင်ဘာ ၁၇
ဖလမ်းမြို့နယ် ဗါးရ်တံတားအနီးရှိ တစ်စိတ်တစ်ပိုင်း ပျက်စီးသွားသည့် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်း၊ ငဆစ်ဗား လျှပ်စစ်စက်ရုံ ငဆစ်ဗားရိပ်သာ ပြန်လည်ပြုပြင်ခြင်းနှင့် ရေအား လျှပ်စစ်စက်ရုံ ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုကို ယနေ့နံနက်ပိုင်းတွင် နယ်စပ် ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ် ကျော်ကျော်ဟန်သည် ပြည်နယ်လုံခြုံရေးနှင့် နယ်စပ် ရေးရာဝန်ကြီး၊ ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေး ကော်မတီဝင်များနှင့် အတူ ကွင်းဆင်းကြည့်ရှုပြီး အရည် အသွေးကောင်းမွန်ပြီး အချိန်မီပြီးစီးရေးနှင့် စက်ပစ္စည်းများ ထပ်မံပျက်စီးဆုံးရှုံးမှု မရှိစေရေး ကြပ်မတ်ဆောင်ရွက်ရန် ဆွေးနွေး မှာကြားသည်။
စားသောက်ဖွယ်ရာများ ပေးအပ်
ထို့နောက် ဗါးရ်တံတားတစ်လျှောက် လုံခြုံရေးဆောင်ရွက် ထားရှိမှုအခြေအနေကို ကြည့်ရှု စစ်ဆေးကာ လုံခြုံရေးတာဝန် ထမ်းဆောင်နေသည့် နယ်မြေခံ တပ်မတော်သားများ၊ နယ်မြေခံ ရဲတပ်ဖွဲ့ဝင်များအား လုံခြုံရေးဆိုင်ရာများကို မှာကြားပြီး စားသောက်ဖွယ်ရာများ ပေးအပ်သည်။
ယမန်နေ့ကလည်း ဒုတိယ ဝန်ကြီးသည် အဖွဲ့ဝင်များနှင့်အတူ တီးတိန်မြို့ ခုတင် (၁၀၀) ဆံ့ ပြည်သူ့ဆေးရုံဝင်းအတွင်း တိုးချဲ့ဆောင် တည်ဆောက်ပြီးစီးမှု အခြေအနေကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးကာ ဆေးရုံ၌ ဆေးကုသမှုခံယူနေသူများကို အားပေးစကား ပြောကြား၍ ဆေးရုံဝန်ထမ်းများအတွက် ချီးမြှင့်ငွေများ ပေးအပ်လှူဒါန်းသည်။
ယင်းနောက် တီးတိန်မြို့ဗဟို ကျောင်းဝင်းအတွင်းရှိ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း KG စာသင်ဆောင်နှင့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်း ကျောင်းသားစားရိပ်သာ ရာနှုန်း ပြည့်ပြုပြင်ပြီးစီးမှု၊ သာသနာရေး ဦးစီးဌာန နှစ်ခန်းတွဲနှစ်ထပ် ဝန်ထမ်းအိမ်ရာနှင့် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန နှစ်ခန်းတွဲတစ်ထပ် ဝန်ထမ်းအိမ်ရာ ရာနှုန်းပြည့်ပြုပြင်ပြီးစီးမှု အခြေအနေကို လှည့်လည်ကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)