ဗန်ကောက် နိုဝင်ဘာ ၁၇
ထိုင်းနိုင်ငံတောင်ပိုင်း ဖူးခက်ခရိုင်ရှိ စီးပွားရေးဆိုင်ရာ အဆောက်အအုံတစ်ခု၌ နိုဝင်ဘာ ၁၆ ရက် အစောပိုင်းတွင် မီးလောင်မှုဖြစ်ပွားရာ ၁၁ ဦးသေဆုံးပြီး အများအပြားထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားသည်။
အဆိုပါမီးလောင်မှုသည် ပတုန်မြို့ရှိ ဆိုယ်ကယ်ငှားဆိုင်အဖြစ် ဆောင်ရွက်သည့် တိုက်ခန်းအဆောက်အအုံတွင် နံနက် ၃ နာရီက ဖြစ်ပွားခြင်းဖြစ်ပြီး ၎င်းဆိုင်၏ အပေါ်ထပ်အလွှာများတွင် လူများနေထိုင်ကြောင်း သိရသည်။
အဆိုပါမီးလောင်မှုကို နံနက် ၅ နာရီ ၁၅ မိနစ်တွင် ထိန်းချုပ်ငြှိမ်းသတ်နိုင်ခဲ့ပြီး ဖြစ်စဉ်အတွင်း အနီးအနားရှိ ဆိုင်ခန်းများသို့ ကူးစက်ခဲ့ကြောင်း သိရသည်။ အဆောက်အအုံရှေ့ရှိ ဓာတ်တိုင်တစ်ခုတွင် လျှပ်စစ်ဝိုင်ယာရှော့ဖြစ်ပွားရာမှ မီးလောင်ကျွမ်းမှု စတင်ဖြစ်ပွားခဲ့သည်ဟု ယူဆရကြောင်း ပတုန်မြို့တော်ဝန် လာလီတာ မာနီဆရီက ပြောကြားသည်။
အဆိုပါဓာတ်တိုင်မှ မီးပွားများသည် အနီးတွင်ရပ်ထားသော ဆိုင်ကယ်များပေါ်သို့ ကျရောက်ခဲ့ရာမှ မီးအလျင်အမြန် ကူးစက်လောင်ကျွမ်းခဲ့ကြောင်းနှင့် ထိခိုက်ဒဏ်ရာရရှိသူအများစုမှာ မီးခိုးငွေ့များ ရှူရှိုက်မိခြင်းကြောင့် ထိခိုက်ခဲ့ရခြင်းဖြစ်ကြောင်း ၎င်းက ပြောကြားသည်။ ကနဦးစစ်ဆေးတွေ့ရှိချက်များအရဆိုင်ခန်းအဆောက်အအုံ ရှစ်လုံး၊ ဆိုင်ကယ်အစီး ၁၀၀ နှင့် ကားတစ်စီးတို့ ပျက်စီးခဲ့ကြောင်း ထိုင်းအစိုးရလက်ထောက် ပြောရေးဆိုခွင့် ရှိသူ ပလွိုင်း သာလေး လက္စမီဆန်ချန်က ပြောကြားသည်။
ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့၌ ကျင်းပနေသည့် အာဆီယံထိပ်သီး အစည်းအဝေးသို့ တက်ရောက်နေသော ထိုင်းဝန်ကြီးချုပ် အနုတင် ချာဗီရာကူးသည် ဖူးခက်ခရိုင် အုပ်ချုပ်ရေးမှူးထံဖုန်းဆက်၍ မီးလောင်မှုအခြေအနေကို မေးမြန်းခဲ့ပြီး သက်ဆိုင်ရာဌာနအဖွဲ့အစည်းများ အားလုံးကိုလည်း ထိခိုက်ခံစားရသူများအတွက် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ အရှိန်မြှင့်ဆောင်ရွက်ကြရန် ညွှန်ကြားခဲ့သည်။ အဆိုပါမီးလောင်မှုဖြစ်ရခြင်း၏ အကြောင်းရင်းကို စုံစမ်းဖော်ထုတ်ရန်နှင့် ဖြစ်စဉ်အတွင်း ပေါ့လျော့မှုနှင့် ဘေးကင်းရေးဆိုင်ရာ လစ်ဟာမှုများရှိပါက အရေးယူဆောင်ရွက်ရန် တာဝန်ရှိသူများအား ဝန်ကြီးချုပ်က ညွှန်ကြားခဲ့သည်။
ဆင်ဟွာ