Myanmar Digital News

အိန္ဒိယနိုင်ငံတောင်ပိုင်း တမီနာဒူးပြည်နယ်တွင် ကြက်ငှက်တုပ်ကွေး ဗိုင်းရပ်စ်ကူးစက်မှုများ စောင့်ကြည့်ဆောင်ရွက်

နယူးဒေလီ      နိုဝင်ဘာ      ၁၇

အိန္ဒိယနိုင်ငံတောင်ပိုင်း တမီနာဒူးပြည်နယ်တွင် ကြက်ငှက်တုပ်ကွေး H5N1 ဗိုင်းရပ်စ်ကူးစက်မှုများ အတည်ပြုတွေ့ရှိခဲ့ပြီးနောက် ကြက်ငှက်တုပ်ကွေး    ဗိုင်းရပ်စ်ကူးစက်မှုများကို  အရှိန်မြှင့်တင် စောင့်ကြည့်နေကြောင်း သိရသည်။

ပြည်နယ်မြို့တော် ချန်နိုင်း၏တောင်ဘက် ၂၁၀ ကီလိုမီတာအကွာတွင်ရှိသည့် ကဒလိုယီခရိုင်ရှိ မွေးမြူရေးခြံများမှ ရရှိသည့် နမူနာများတွင် ကြက်ငှက်တုပ်ကွေးရောဂါကူးစက်မှုများကို  တွေ့ရှိခဲ့ရသည်။ ကြက်ငှက်တုပ်ကွေးရောဂါကူးစက်မှုများကို စစ်ဆေးတွေ့ရှိရပြီးနောက်  ရောဂါထိန်းချုပ်ရေးလုပ်ငန်းများကို  အပြည့်အဝစတင် ဆောင်ရွက်ခဲ့ကြောင်းနှင့် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနက ရောဂါဖြစ်ပွားရာ ခြံဝင်းအတွင်းရှိ ကြက်များအပြင် ရောဂါစတင်ဖြစ်ပွားသည့်နေရာမှ တစ်ကီလိုမီတာပတ်လည်အတွင်းရှိ ကြက်များကိုပါ သုတ်သင်ခဲ့ကြောင်း ဒေသဆိုင်ရာတာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ရောဂါကူးစက်မှုများ တွေ့ရှိသည့်ဒေသအတွင်း အသားစားကြက်များ မွေးမြူခြင်းကို သုံးလကြာယာယီပိတ်ပင်ထားကြောင်း သိရသည်။

ဆင်ဟွာ

မူရင်းသတင်း — Myanmar Digital News