
၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၁၈ ရက်
တောင်ကြီး-သာစည်ရထားပေါ်တွင် နိုဝင်ဘာလ ၁၆ ရက်၊ နေ့လယ်ပိုင်းက ဘိန်းစိမ်းအစိုအများအပြားကို သယ်ဆောင် လာသူ ၂ ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် နိုဝင်ဘာလ ၁၆ ရက်၊ နေ့လယ်ပိုင်း က မူးယစ်ဆေးဝါး သတင်းအရ ကလော ဘူတာ ရထားစင်္ကြန်လမ်း၌ မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ် နေ သန်းထွန်းနှင့် ချမ်းမြသာစည် မြို့နယ်နေ ခိုင်ခိုင်မော် တို့နှစ်ဦးအား တားဆီးစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ စစ်ဆေးရာတွင် ၎င်းတို့ ယူဆောင်လာသည့် ထောပတ်သီးနှင့် လိမ္မော်သီးများ ထည့်ထားသည့် ခြင်း ၅ လုံး အတွင်းမှ ဘိန်းစိမ်းအစို ၂၅ ထုပ်၊ အလေးချိန် ၃၁ ဒသမ ၉ ကီလို၊ ဒေသတန်ဖိုး ၁၂၇၆၀၀၀၀ ကျပ်အား ဖမ်းဆီးရမိ ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ဘိန်းစိမ်းများနှင့်အတူ ဖမ်းဆီးရမိသူ သန်းထွန်းနှင့် ခိုင်ခိုင်မော် တို့နှစ်ဦးအား မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့်အရေးယူပြီး ကွင်းဆက်များ ဖော်ထုတ်စစ်ဆေးလျက် ရှိကြောင်း သိရသည်.